အိုင်ယာလန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျှင်မြန် +လျင်မြန်, -ကြေငြာ +ကြေညာ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျှက် ရှိ +လျက် ရှိ)
စာကြောင်း ၅၅ -
}}
 
'''အိုင်ယာလန် သမ္မတနိုင်ငံ'''ဟု တရားဝင်ခေါ်ဆိုသော အိုင်ယာလန်နိုင်ငံသည် အနောက်ဥရောပတွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ၁၉၂၁ ခုနှစ်တွင် အုပ်ချုပ်ရေး ဒေသနှစ်ခု အဖြစ် ခွဲခြားခဲ့သော အိုင်ယာလန်ကျွန်း၏ ခြောက်ပုံငါးပုံမျှကို နေရာယူထားသည်။ [[ယူနိုက်တက် ကင်းဒမ်း]]၏ တစိတ်တဒေသ ဖြစ်သော မြောက်အိုင်ယာလန်နှင့် ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်လျှက်ထိစပ်လျက် ရှိသည်။ အခြားနေရာများတွင်မူ အရှေ့ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာနှင့် အိုင်းရစ်ရှ် ပင်လယ်၊ အရှေ့တောင်ဘက်တွင် စိန့်ဂျော့ခ်ရှ် ရေလက်ကြား၊ တောင်ဘက်တွင် ဆဲလ်တစ်ပင်လယ်တို့နှင့် ထိစပ်လျှက်ထိစပ်လျက် ရှိသည်။
 
အိုင်းရစ်ရှ် လွတ်လပ်ရေး စစ်ပွဲအပြီးတွင် အင်ဂလို-အိုင်းရှစ်ရှ် စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ထိုစာချုပ်ကြောင့် ဗြိတိသျှ ဓနသယာယနိုင်ငံ အတွင်းတွင် လွတ်လပ်သော အိုင်းရစ်ရှ်နိုင်ငံကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ၁၉၂၂ ဒီဇင်ဘာလ ၆ ရက်တွင် တည်ထောင်ခဲ့သည်။ ဝက်စ်မင်စတာ ဥပဒေ နှင့် ၁၉၃၆ခုနှစ် နန်းစွန့်ခြင်း အရေးအခင်းကြောင့် အိုင်းရစ်ရှ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုမှာ ပိုမိုတိုးပွားလာခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်တွင် အိုင်ယာလန်ကိုလုံးဝ အချုပ်အခြာအာဏာ ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံ အဖြစ် ကြေညာခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် အမျိုးသားလွှတ်တော်မှ အိုင်ယာလန်သမ္မတနိုင်ငံ ဥပဒေကို ပြဋ္ဌာန်းအပြီးတွင် အိုင်ယာလန် ထီးနန်း၏ လက်ကျန် တာဝန်တို့ကို လုံးဝ ပယ်ဖျက်ခဲ့ပြီး ယူနိုက်တက်ကင်းဒမ်းနှင့် နောက်ဆုံးကျန်နေသေးသော ဆက်စပ်မှု ကို ဖြတ်တောက်ပစ်ခဲ့သည်။ အိုင်ယာလန်သည် ဗြိတိသျှ ဓနသဟာယ နိုင်ငံတွင် အစည်းအဝေးတက်ခြင်းကို ၁၉၃၇ ခုနှစ် ကတည်းက ရပ်တန့်ခဲ့ပြီး ဗြိတိန်မှ ၁၉၄၉ အိုင်ယာလန် သမ္မတနိုင်ငံ ဥပဒေဖြင့် အသိအမှတ် ပြုခဲ့သည်။