ဆလုံလူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။သ +။ သ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဒါဏ် +ဒဏ်)
စာကြောင်း ၁၄ -
 
ရာသီဥတုဆိုးဝါးစဉ်တောင်မှ မိမိနေထိုင်ရာ ကျွန်းဆီ အမြန်ဆုံးပြန်ရောက်အောင်သွားနိုင်ကြသည်။ ဆလုံလူမျိုးတို့၏ ရေငုပ်ပညာကျွမ်းကျင်မှုမှာ အံ့မခန်းဖြစ်သည်။ ပင်လယ် ကြမ်းပြင်အထိရေငုပ်နိုင်ပြီး ရေအောက်တွင် အောက်ဆီဂျင်အကူအညီမပါပဲ အချိန်အတော်ကြာ အနည်းဆုံး တစ်နာရီခန့် နေနိုင်သည်။
* (ပင်လယ်ကြမ်းပြင် ၁၆ လံ ထက် ပိုပြီး မည်သည့် ရေငုတ်သမား မှ မငုတ်နိုင်ကြပါ ရေဖိအား ဒါဏ်ကိုဒဏ်ကို မခံနိုင်သောကြောင့်ဖြစ်သည်။ ရေအရမ်းနက်လျင် နှာခေါင်း၊ နား၊ မျက်စိ စသည့်နေရာများမှ သွေးများ ယိုထွက်လာသည်ကို မည်သူမှမခံနိုင်ပါ။ တစ်နာရီကြာအောင် ရေငုတ်သော စလုံလူမျိုးလည် မရှိပါ အလွန့်အလွန် မိနစ် (၂ဝ) မျသာ အောက်စီဂျင်မပါဘဲ ငုတ်နိုင်ကြသည်။)
 
တစ်ရက်တည်း ထိုကဲ့သို့ ရေငုပ်ခြင်းမျိုး အကြိမ်အရေအတွက် များများလုပ်နိုင်သည်။ ပင်လယ်ခရု၊ ကမာ (မုတ်) ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့ရှိသည်။ ဆလုံလူမျိုးများသည် အခြားလူမျိုးများနှင့် ရောရောနှောနှော နေထိုင်လေ့မရှိချေ။ ၎င်းတို့၏လူနေထိုင်မှုစနစ်မှာ မြို့ပြနေထိုင်မှုစနစ်နှင့် ကွာခြား လွန်းလှသည်။ သို့သော်လည်း သူတို့၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကြသည်။ ဘာသာတရားနှင့် ပတ်သက်၍လည်း ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှုကို လက်ကိုင်ထားကြသည်။ နတ်ကောင်းနှင့် နတ်ဆိုးဟူ၍ နတ်ဘုရားကိုးကွယ်မှု နှစ်ခုရှိသည်။ နတ်ဆရာသည် ၎င်းတို့၏ အခရာဖြစ်သည်။ ပျော်ပွဲရွှင်ပွဲများကို သာမက ဖျားနာသည့်အခါ၊ တစ်ဦးတစ်ယောက်သေဆုံးသည့်အခါတွင် နတ်ဆရာ၏ ပြောဆိုမှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်တို့ကို ယဇ်ပူဇော်လေ့ရှိသည်။ ပျော်ပွဲရွှင်ပွဲများတွင် တေးသီချင်းများသီဆိုတီးမှုတ်ပြီး မီးပုံဖိုကာ ဝိုင်းဖွဲ့ကခုန်ကြသည်။ သူတို့၏ဗုံတစ်မျိုးမှာ ပုတ်သင်ညိုသားရေဖြင့် ပြုလုပ်ထားသည်။ ဆလုံလူမျိုးတို့၏ ဂီတပင်ကိုယ်စွမ်းရည်မှာ ထက်မြက် ဆန်းကြယ်လှသည်။ <ref>http://e-sentiment.net/proxy/browse.php?u=Oi8vd3d3Lnp3ZWdhcGluLmNvbS9OZXdzL25ld3BhZ2UwODYuaHRtbA%3D%3D&b=5&f=norefer{{Dead link|date=January 2021 }}</ref>