သီရိလင်္ကာနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။သ +။ သ)
စာကြောင်း ၈၇ -
တောင်ခါးပန်းများ၌ လှေကားထစ်စိုက် ပျိုးခင်းများပြုလုပ်၍ စပါးစိုက်ပျိုးကြသည်။ ကျောက်မြေများတွင်စိုက်ပျိုးရသဖြင့် စပါးကောင်း⁠ကောင်းမထွက်လှဘဲ ဆန်နီများသာထွက်လေသည်။ သီဟိုဠ်ကျွန်း၏ အခြေခံစီးပွားရေးမှာလက်ဖက်၊ ကြက်ပေါင်စေး၊ အုန်းသီး၊ အုန်းဆံစသည့် အုန်းထွက် ပစ္စည်းတို့ဖြစ်ကြသည်။ အုန်းပင်အုန်းတောများသည် သီဟိုဠ်ကျွန်း၌ ကမ်းရိုးတန်းတစ်လျှောက် နေရာဒေသမရွေး များပြားလှစွာ ပေါက်ရောက်သည်။ လက်ဖက်ခြံ၊ ရာဗာ (ကြက်ပေါင်စေး)ခြံ၊ ကိုကိုးခြံ၊ ကော်ဖီခြံ၊ များကိုမြေပြင်မှ အမြင့်ပေ ၂ဝ⁠ဝဝကျော်သော တောင်စောင်းဆင်ခြေလျှောနှင့် ကုန်းမြင့်ပိုင်းတို့တွင်တွေ့ရသည်။
 
သီဟိုဠ်ကျွန်း၏ထွက်ကုန် ၉၅ရာခိုင်နှုန်းသည်ဆိုခဲ့သော လက်ဖက်ခြောက်၊ ရာဗာနှင့်အုန်း ထွက်ပစ္စည်းများ ဖြစ်ကြ၍ သစ်ကြံပိုး၊ ကိုကိုး၊ကော်ဖီ၊ စပါးလင်မွှေးနှင့် ဆေးရွက် တို့ကိုလည်း အတော်အသင့်များပြားစွာ စိုက်ပျိုး လုပ်ကိုင်ကြလေသည်။သီဟိုဠ်ကျွန်းသည်လုပ်ကိုင်ကြလေသည်။ သီဟိုဠ်ကျွန်းသည် အီကွေတာနှင့်နီးစပ်၍ မိုးများပြားသောနေရာဒေသများ ရှိသော်လည်း ကျောက်မြေများ ပြားသဖြင့် သစ်တောဝါးတောများသည် ကျွန်း၏ဧရိယာ ၁၇ ရာခိုင်နှုန်းမျှသာရှိသည်။ အဖိုးတန်သစ်ဟူ၍ ပျဉ်းကတိုး၊ သင်းကနက်၊ မဟော်ဂနီတို့သာထွက်သည်။ သစ်ကြီးဝါးကြီး ရှားသည်။ ထို့ကြောင့် ပိန္နဲသား မယ်ဇလီသားတို့ကိုအသုံးများ ကြသည်။ ပိန္နဲသားသာမက အသီးကိုလည်း ဆန်အစား ခုစားကြရ၍ သီဟိုဠ်ကျွန်းတွင်ပိန္နဲပင်များကို အရမ်းမဲ့
ခုတ်လှဲခြင်းမပြုရချေ။
 
စာကြောင်း ၉၉ -
လူဦးရေ ၁⁠၁၉⁠၉၂ဝ⁠ဝဝ ယောက် (၁၉၆၈ခုနှစ်ခန့်မှန်းသန်ကောင်စာရင်း) ရှိသည်အနက်လေးပုံ သုံးပုံသည် တောနယ်များတွင်နေထိုင်ကြ၍ စိုက်ပျိုးရေး လုပ်ကိုင်ကြသည်။ အနောက်ဘက်နှင့်တောင်ဘက်ပိုင်းသည် မြောက် ဘက်နှင့်အရှေ့ဘက် မြေနိမ့်ပိုင်းများထက်ပို၍ လူဦးရေထူထပ်သည်။ မြောက်ဘက် မြေနိမ့်ပိုင်းသည် ရှေးနှစ်ပေါင်း ၁ဝ⁠ဝဝ ကျော်ခန့်က မင်းနေပြည်တော်များ တည်ရှိခဲ့သောဒေသဖြစ်၍ လူနေမှုအဆင့်အတန်းမြင့်လျက် စည်ပင်ထွန်းကားခဲ့လေသည်။ ထိုဒေသကို ယခုအခါ ကန်ဆည်တူးမြောင်းများဖြင့် စိုက်ပျိုးရေးပြန်လည် ကောင်းမွန်အောင် ဆောင်ရွက်ကာပြန်၍ စည်ပင်ထွန်းကားရန် ကြိုးစားလျက်ရှိလေသည်။ လွတ်လပ်သော နိုင်ငံတစ်ခု ဖြစ်လာပြီးသည့်နောက်တွင် စက်မှုလုပ်ငန်းများလည်း တိုးတက်လာ၍ စက်ရုံအလုပ်ရုံများ တိုးတက်များပြားလာသည်။
 
ယခုအခါအောင်မြင်လျက်ရှိသော စက်မှုလုပ်ငန်းများမှာ ဖန်ထည်ကြွေထည်လုပ်ငန်း၊ သားရေလုပ်ငန်း၊ စက္ကူလုပ်ငန်း၊ ရာဗာလုပ်ငန်းနှင့်သုံးထပ်သားလုပ်ငန်းတို့ ဖြစ်လေသည်။သီဟိုဠ်ကျွန်းသည်ဖြစ်လေသည်။ သီဟိုဠ်ကျွန်းသည် သေးငယ်လင့်ကစား ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ကူးသန်းသွားလာသော ပင်လယ်ကူးသင်္ဘော ကြီးများ ဆိုက်ကပ်ရပ်နား၍ ရိက္ခာဖြည့်တင်းရန် အချက်အချာကျသော စခန်းဖြစ်ပေသည်။ ပင်လယ်ကူး သင်္ဘောကြီးများဆိုက်ကပ်ရပ်နားရန်လည်းကောင်း၊ ကုန်သွယ်စီးပွားရေးအတွက် အရေးပါသော သင်္ဘောဆိပ်မြို့ကြီးများမှာ ကိုလံဗို၊ ထရင်ကိုမလီ၊ ဂါလေစသော မြို့ကြီးများဖြစ်ကြသည်၊ ကိုလံဗိုမြို့သည်သီဟိုဠ်ကျွန်း၏ မြို့တော်လည်းဖြစ်၍ အာရှတိုက်တွင်အထင်ရှားအကျော်ကြား
ဆုံးသော သင်္ဘောဆိပ်မြို့ကြီးတစ်မြို့လည်းဖြစ်သည်။
 
ကုန်းဘက် ကျသောကန္ဒီ၊ ဂျက်ဖနာမြို့တို့သည်လည်း အရောင်းအဝယ်စည်ကားသော သီဟိုဠ်မြို့ကြီးများဖြစ်ကြသည်။
တောင်ကုန်းဒေသရှိ ကန္ဒီမြို့သည် သီဟိုဠ်မင်းတို့၏ နောက်ဆုံး နေပြည်တော်ဖြစ်၍ ကိုလံဗိုနှင့် ၇၄ မိုင်မျှသာဝေးကွာလေသည်။သီဟိုဠ်ကျွန်း၌မိုင်မျှသာဝေးကွာလေသည်။ သီဟိုဠ်ကျွန်း၌ လူဦးရေအများစုသည် သီဟိုဠ်လူမျိုး များဖြစ်ကြသည်။ ယင်းတို့သည် သိမ်မွေ့၍အေးဆေးစွာ နေထိုင်မှုကိုနှစ်သက်မြတ်နိုးကြသည်။ ပွဲလမ်းသဘင်အခါများ၌ ယင်းတို့၏ ဆင်ယင်ထုံးဖွဲ့မှုသည် ထူးထွေဆန်းပြား၍ တစ်မျိုးတစ်ဖုံလှပသည်။ သီဟိုဠ်ကျွန်း၏အဓိကအယူဝါဒသည်
ဗုဒ္ဓအယူဝါဒဖြစ်သည်။ ထိုပြင်ဟိန္ဒူ၊ ခရစ်ယန်၊ အစ္စလာမ် အယူဝါဒီတို့လည်း အတော်အသင့်များပြားလေသည်။