ဂျွန် ချာချီ: တည်းဖြတ်မှု မူကွဲများ

File
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။သ +။ သ)
 
စာကြောင်း ၅ -
 
အင်္ဂလန်ပြည်သို့ ပြန်ရောက်သောအခါ အန်းမင်းသမီး၏ အပျိုတော်ဖြစ်သူ ဆယ်ရာဂျင်းနင်းနှင့် ထိမ်းမြား၏။ ဆယ်ရာဂျင်း နင်းကို အကြောင်းပြု၍ မင်းသမီး၏ အရေးပေးခြင်းကို ခံရလေ သည်။
ယော့မြို့စားသည် ဒုတိယ ဂျိမ်းဘုရင်အဖြစ် အင်္ဂလိပ် ထီးနန်းကိုဆက်ခံသောအခါ ဂျွန်ချာချီတို့ဇနီးမောင်နှံသည်ပိုမို ကောင်းစားခဲ့လေသည်။ ဂျိမ်းဘုရင် နန်းတက်ပြီးနောက် မကြာမီပင် ပုန်ကန်ထကြွမှု ဖြစ်ပွားရာတွင် ဂျွန်ချာချီသည် သူပုန်ရန်ကို ကိုယ်တိုင်ဦးစီးကာ ချေမှုန်းတိုက်ခိုက်အောင်မြင်ခဲ့လေသည်။သို့သော်ချေမှုန်းတိုက်ခိုက်အောင်မြင်ခဲ့လေသည်။ သို့သော် ဒုတိယ ဂျိမ်းဘုရင်သည် တိုင်းပြည်လူထုနှင့် တစ်ဖက်တစ်လမ်း ပြုလာသောအခါ လူထုဖက်မှလိုက်ပါဆောင်ရွက်ခဲ့၍၊ ၁၆၈၈ ခုနှစ်တွင် ဩရိန်းမင်းသား ဝီလျံနှင့် မေရီမင်းသမီး တို့ကို နန်းတက်ရာ၌လည်း ဂျွန်ချာချီသည် ရှေးတန်းမှ ပါဝင်ခဲ့လေ သည်။ ဂျွန်ချာချီသည် နန်းကျဘုရင်
ဂျိမ်းလက်ထက်က ချီးမြှင့် မြောက်စားခြင်း ခံရသူတစ်ဦးဖြစ်ကြောင်းကို လည်းကောင်း၊ နန်းကျဘုရင် ဂျိမ်းနှင့် အဆက်အသွယ်ရှိနေသေးကြောင်းကို လည်းကောင်း ဝီလျံဘုရင်သည် ကောင်းစွာ သိရှိခဲ့၏။သို့သော်သိရှိခဲ့၏။ သို့သော် ဂျွန်ချာချီသည် စစ်တပ်တွင် ဩဇာညောင်းသူဖြစ်ရကား၊ အားဘွဲ့ချီးမြှင့်ကာမာလာ ဗာရာမြို့စားအဖြစ် သူကောင်းပြုခဲ့၏။ ထိုပြင် စပိန်ထီးနန်းဆက်ခံ ရေးစစ်ပွဲတွင် နယ်သာလန်ရှိ အင်္ဂလိပ်စစ်တပ်များကို ဦးစီးကာ တိုက်ခိုက်စေခဲ့လေသည်။ ၁၆၉၂ ခုနှစ်တွင် မာလဗရာမြို့စားသည် ရာထူးမှ ရုတ်တရက် နုတ်ပယ်ခြင်းခံရကာ လန်ဒန်မျှော်စင်တွင် သစ္စာ ဖောက်မှုဖြင့် အကျဉ်းချထားခြင်း ခံရ၏။ သို့သော် များမကြာမီပင် အကျဉ်းမှ လွန်မြောက်လျက် ရှေးကကဲ့သို့ပင် ပြန်လည်ချီးမြောက် ခြင်းခံရကာ ကြီးမြင့်သော ရာထူးများတွင် ခန့်ထားခြင်း
ခံရလေ သည်။ ၁၇ဝ၂ ခုနှစ်၌ အန်းမင်းသမီး ထီးနန်း ဆက်ခံရ၏။ မာလဗာရာ မြို့စားကတော်သည် အန်းဘုရင်မ၏ အပျိုတော်ဖြစ်ခဲ့ရာ ဘုရင်မအပေါ်တွင် ဩဇာညောင်းလျက်ပင် ရှိသောကြောင့် မာလ ဗာရာမြို့စားနှင့် မြို့စားကတော်တို့သည် ပိုမို၍ တန်ခိုးကြီးမားလာ လေသည်။ အန်းဘုရင်မသည် မာလဗာမြို့စားအား လက်နက်ကိုင်တပ် ဟူသမျှ၏ သေနာပတိအဖြစ် ခန့်ထား၏။ မာလဗာရာ
မြို့စားသည် လည်း ချီးမြေ|ာက်ထိုက်သော အရည်အချင်းများနှင့် ပြည့်စုံသူ ဖြစ်လေသည်။ ၁၇ဝ၂ ခုနှစ်မှ ၁၇၁၃ ခုနှစ်အထိ ဖြစ်ပွားသော စပိန်ထီးနန်း ဆက်ခံရေးစစ်ပွဲတွင် မာလဗာရာမြို့စားသည် မိမိ၏ မနှိုင်းရှည့်သာအောင် ထူးခြားသောစစ်မှုရေးရာ ကျွမ်းကျင်မှုကို ထုတ်ဖော်ပြသခဲ့လေသည်။ ထိုစစ်ပွဲတွင် ဒပ်ချ်စစ်တပ်များကို ဦးစီး ခဲ့ရ၏။ ပြင်သစ်တို့နှင့် တိုက်ခိုက်ရာတွင် အထူးတလည်