အဝေးကြည့်မှန်ပြောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လာပါသည် +လာသည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထိုပြင် +ထို့ပြင်)
စာကြောင်း ၅၇ -
အမေရိကန်ပြည်ထောင်စု ရှီကားဂိုး တက္ကသိုလ်မှ ယာကစ် နက္ခတ်မျှော်စင်တွင်ရှိ၍ ထိုအဝေးကြည့်မှန်ပြောင်းရှိ ပုံဖမ်း မှန်ဘီလူးမှာ အချင်းလက်မ ၄ဝ ရှိလေသည်။
 
တစ်ခါက ကမ္ဘာတွင် အကြီးဆုံးဖြစ်ခဲ့သော အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားနယ်ရှိ မောင့်ဝီ လဆန် နက္ခတ်မျှော်စင်မှ တာရာကြည့် အဝေးကြည့် မှန်ပြောင်းကြီးမှာ အလင်းပြန် မှန်ပြောင်းဖြစ်၏။ လေးတန်ခွဲခန့်လေး၍ အချင်း လက်မ ၁ဝဝ ရှိသည်။ သို့ရာတွင် ယခုအခါ ကာလီဖိုးနီးယား နယ်မှာပင် ၁၉၄၈ ခုနှစ်က ဆောက်လုပ်ပြီးစီးသွားခဲ့သော မောင့်ပါလိုမာ နက္ခတ်တာရာမျှော်စင်ရှိ အဝေးကြည့်မှန်ပြောင်းကြီးက မောင့်ဝီလဆန်အဝေးကြည့်မှန်ပြောင်းထက် ကြီးမားပြီးလျှင် ကမ္ဘာ၌ အကြီးဆုံးဖြစ်လာခဲ့သည်။ ထိုအဝေး ကြည့်မှန်ပြောင်း၌ တန်ချိန် ၂ဝ ခန့်လေး၍၊ အချင်းလက်မ ၂ဝဝ ရှိသော အလင်းပြန်မှန်ခွက်ကြီးကို တပ်ဆင်ထား၍ မောင့်ဝီလဆန် အဝေးကြည့်မှန်ပြောင်းထက် အလင်းရောင်စုသည့်အား လေးဆမျှ ပိုသည်ဟု ဆို၏။ အောက်ခံခုံနှင့်တကွ အဝေးကြည့်မှန်ပြောင်းကြီးတစ်ခုလုံး၏ အလေးချိန်မှာ တန်ချိန် ၄၅ဝ ကျော်၍ အဝေးကြည့်မှန်ပြောင်းကြီးအတွက် ဒေါ်လာငွေ ၆,၅၅ဝ,ဝဝဝ အကုန်အကျခံကာ အနှစ် ၂ဝ မျှ စီစဉ် ဆောက်လုပ်ခဲ့ရလေသည်။ ထိုအဝေးကြည့်မှန်ပြောင်းကြီးမှ အလင်းပြန် မှန်ခွက်ကြီးများကို အရောင်တင်ရာ၌ အလုပ်သမားများသည် အထူးပင်ပန်းစွာ ဆောင်ရွက်ကြရ၏။ အရောင်တင်ရာ၌ မှန်ကို ပြဒါးသုတ်၍ အချိန် ကြာမြင့်သည်ထက် ပြဒါးသုတ်ပြီးမှန်ကို အအေးခံခြင်း၊ ညီမညီစမ်းသပ်ခြင်း စသည့်အလုပ်တို့က အချိန်ပို၍ ကြာမြင့်ပေသေးသည်။ ထိုအဝေးကြည့်မှန်ပြောင်းကြီးများကို အနှေးအမြန်လိုသလို လှုပ်ရှားရန်အတွက် အထူး စီမံထားသော လျှပ်စစ်ခလုတ်များကိုလည်း တပ်ဆင်ထားလေသည်။ ထိုနက္ခတ်မျှော်စင်များကို တောင်များပေါ်၌ တည်ဆောက်ထားလေ့ရှိခြင်းမှာ နက္ခတ်တာရာများကို ပို၍ ထင်ရှားကြည်လင်စွာ မြင်နိုင်ရန်အတွက်ဖြစ်၏။ မြေပြင်ထက်မြင့်သော နေရာတွင် လေသည် ဖုန်နှင့်မီးခိုးတို့မှ ကင်းစင်သည်။ ထိုပြင်ထို့ပြင် အလင်းရောင်ခြည်များအဖို့ လေထုအထပ်ထပ်ကို လျှော့၍ ဖြတ်သန်းလာရခြင်း၊ နိမ့်စွာ ရွေ့ရှားနေသော မိုးရိပ်များမှ ကင်းလွတ်ခြင်းတို့ကြောင့် နက္ခတ်တာရာများကို ပို၍ ကြည်လင်ပြတ်သားစွာ စူးစမ်းလေ့လာနိုင်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
== ကိုးကား ==