ဆူးလေစေတီတော်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျှက် ရှိ +လျက် ရှိ) |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-စီချယ် +စီခြယ်) |
||
စာကြောင်း ၂၄ -
== တည်ဆောက်ပုံ ==
ဆူးလေဘုရား၏ ပုံသဏ္ဌာန်မှာ ရန်ကုန်မြို့ ဘုရားများ အနက်တစ်မူထူးခြားလှသည်။ အောက်ခြေမှစ၍ ချယားသီးပိန္နဲ တိုင် သို့တိုင်အောင်ပင် ရှစ်မြှောင့်ထောင့်ချိုးများသာ ဖြစ်သည်။ ပန်းတင်ခုံ၏ အောက်ခြေသည် ရှေးကရှစ်မြှောင့်ပင်ဖြစ်ခဲ့ဟန် တူသော်လည်း၊ ယခုအခါ အဝိုင်းသဏ္ဌာန်ဖြစ်နေသည်။ ပန်းတင်ခုံ ရှစ်မြှောင့်တွင် တစ်မြှောင့်စီ၌ အရှည် ၂၄ ပေခန့်ရှိသည်။ ပန်းတင်ခုံရှစ်မြှောင့်တွင် တစ်မြှောင့်စီ၌ အရှည် ၂၄ ပေခန့် ရှိသည်။ စေတီတော်၏ ဉာဏ်တော်မှာ ပန်းတင်ခုံမှ စိန်ဖူးတော် သို့တိုင်အောင် ၁၄၄ ပေနှင့် ၉ လက်မခွဲ ရှိသည်။ ဆူးလေစေတီ၏ ရင်ပြင်တော်သည် စေတီအောက်ခြေရင်းမှ ရင်ပြင် အစွန်းပတ်လည်သို့ တိုင်အောင် ပေ ၂ဝ ခန့်ကျယ် သည်။ စေတီတော်၏ စိန်ဖူးတော်သစ်နှင့် ငှက်မြတ်နားတော်တင်ပွဲကို ၁၃ဝ၉ ခုနှစ်တွင် ကြီးကျယ်စွာ ဆင်ယင်ကျင်းပခဲ့ သည်။ ထိုအသစ်မွန်းမံထားသော စိန်ဖူးတော်နှင့် အလေးချိန် နှစ်ပိဿာ ၅ဝ ခန့်ရှိသော ရွှေအစစ်ငှက်မြတ်နားတို့တွင်
ဆူးလေဘုရားတွင် ထင်ရှားသော မဟာဗောဓိနှင့် ဆူးလေနတ်ကြီးရုပ်တုတို့ရှိ၏။ ဆူးလေနတ်ကြီးမှာ စင်စစ်သော်ကား စေတီတော်စောင့်နတ်မျှသာ ဖြစ်၏။ အချို့ကမူ ရွှေတိဂုံစေတီကိုတည်ရန် မြေနေရာရှာစဉ်က ဆူးလေနတ်ကြီးအပါအဝင် နတ်ကြီးလေးပါးက ညွှန်ပြခဲ့သည်ဟူသော အကြောင်းနှင့်ဆက်စပ်၍ ထိုစဉ်က ဆူးလေနတ်ကြီးကို ယခုထုလုပ်ထားရှိသော ဆူးလေ နတ်ကြီးအမှတ်နှင့် ရောနှောယုံကြည်နေကြသည်။ သမိုင်း အစောင်စောင်တွင် ထိုနတ်ကြီးလေးပါး၏ အမည်ကိုဖော်ပြကြရာ တစ်ခုနှင့် တစ်ခုမညီညွှတ်ကြချေ။ မွန်သမိုင်းများတွင်လည်း ဆူးလေနတ်ကြီးအကြောင်းကို လုံးဝမတွေ့ရချေ။ မည်သို့ ပင်ဖြစ်စေကာမူ ဆူးလေနတ်ကြီးသည် လောကီရေးများတွင် စောင်မကူညီနိုင်သည်ဟု အယူရှိကာ အထူးပူဇော်ပသ နေကြသည်။ စစ်မဖြစ်မီခေတ်က 'ပဲခူးမယ်ကြော့ကိုရယင်၊ ပုဆိုးနှစ်ထည်နဲ့ ကန်တော့ပါ့မယ်၊ အောင်မယ်မင်း ဆူးလေ နတ်ကြီးရဲ့ မတော်မူလိုက်ပါ'ဟူသော တေးတစ်ပုဒ်ပင်လျှင် ခေတ် စားခဲ့ဘူးသည်။ ဆူးလေနတ်ကြီး၏ ရုပ်တုမှာ နှုတ်ခမ်းမွေးနှင့် အဘိုးအိုအရွယ် လူစင်စစ်ကဲ့သို့ပင် ထုလုပ်ထားသည်။ ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကို သိမ်းယူပြီးသည့်နောက်တွင် ဆူးလေနတ်ကြီးရုပ်တုသည် ယခုကဲ့သို့ ရင်ပြင်တော်ပေါ်၌ မရှိသေးချေ။ ဆူးလေဘုရားလမ်းနှင့် [[မဟာဗန္ဓုလလမ်း]]၏ အနောက်မြောက်ထောင့် ယခုဗလီကြီး ရှိရာနေရာ၌ နေရသည်ဟု မော်ဘီဆရာသိန်း၏ ရန်ကုန်မြို့ဟောင်း ဆောင်းပါးတွင် ဖော်ပြထား၏။ ၁၉၁ဝ ခုနှစ်တွင်ကား နတ်ရုပ်တု ရှိနေသေးသည်ဟုလည်း သိရ၏။ ထို့နောက်ပိုင်းတွင်မှ ဆူးလေရင်ပြင်ပေါ်သို့ ရောက်ရှိ လာ၍၊ ထင်ရှားလာသည်ဟု ယူဆရပေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref>
|