တူးမြောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ယ +။ ယ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထိုအပြင် +ထို့အပြင်)
စာကြောင်း ၂၂ -
အမေရိကန်နိုင်ငံတွင် ပထမဦးဆုံး တူးမြောင်းကို ၁၇၉၂ ခု−၁၇၉၆ ခုနှစ်များအတွင်း မန်ဆက်ချူးဆက်ပြည်နယ် ကွန်နက်တီကတ်မြစ်အတွင်းရှိ ရေမှော်များအနီးတဝိုက်၌ ဖောက်လုပ်ခဲ့ကြသည်။ ထို့နောက် ၁၉ ရာစုနှစ်ဦးမှအစပြု၍ အမေရိကန်၌ တူးမြောင်းဖောက်လုပ်ခြင်း ခေတ်စားလာခဲ့ရာ၊ ၁၈၃၇ ခုနှစ် မီးရထားများကို စတင်အသုံးပြုသည့် အချိန်အထိပင် ဖြစ်လေသည်။ အမေရိကန်နိုင်ငံတွင် အထင်ရှားဆုံးတူးမြောင်းမှာ အီရီအိုင်မှ ဟဒ်ဆင် မြစ်အထိ ဆက်သွယ်ဖောက်လုပ်ထားသော အီရီ တူးမြောင်းဖြစ်၍၊ ၃၆၅ မိုင်ခွဲ ရှည်သည်။ တခါက ဤတူးမြောင်းသည် ကုန်နှင့် လူများကို သယ်ယူပို့ဆောင်ရာ၌ အလွန်အသုံးဝင်ခဲ့သည်။ မကြာသေးမီက ဤတူးမြောင်းကို ဒေါ်လာ ၂၃၁ သန်း အကုန်ခံ၍ ပြင်ဆင်ခဲ့ပြီးနောက် "နယူယော့ပြည်နယ် တူးမြောင်း" ဟု အမည်သစ်ပေးခဲ့၏။ သို့သော် အမေရိကန်နိုင်ငံတွင် တူးမြောင်းခေတ်မှာ တဖြည်းဖြည်းကုန်ဆုံးပြီ ဖြစ်ရကား နယူယော့၊ ပင်ဆီလဗေးနီးယားနှင့် အိုဟိုင်းအို ပြည်နယ်များတွင် တူးမြောင်း မိုင်ပေါင်း ၄၅၀၀ ရှိသည့်အနက် ၁၉၁၁ ခုနှစ်တွင် ၂၄၄၄ မိုင်မျှရှည်သော တူးမြောင်းများသည် ကူးသန်းသွားလာရေးအတွက် အသုံးမဝင်ဖြစ်ခဲ့လေသည်။ ကနေဒါနိုင်ငံ၏ အရေးပါအရာရောက်သော တူးမြောင်းတခုမှာကား ဝဲလင်သင်္ဘော တူးမြောင်းဖြစ်သည်။ ၁၉၃၁−၃၂ ခုနှစ်များတွင် ဖောက်လုပ်ပြီးစီး၍ တူးမြောင်း၏ အရှည်မှာ ၂၇.၅ မိုင်ရှိသည်။ ထိုတူးမြောင်းသည် နိုင်အဂ္ဂရာကျွန်းဆွယ်ကို ဖြတ်ကျော်၍ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ရေအိုင်ကြီးများကို ဆက်သွယ်ထားသောတူးမြောင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ထင်ရှားသောတူးမြောင်းများတွင်လည်း ပါဝင်သည်။ သို့သော် အမေရိကတိုက်တွင် အရေးပါအရာရောက်ဆုံးတူးမြောင်းမှာ ပနားမားတူးမြောင်းဖြစ်သည်။
 
ရုရှနိုင်ငံ၌ ပြည်တွင်းသယ်ယူပို့ဆောင်ရေး ရေလမ်းခရီးများမှ အခြားဥရောပနိုင်ငံများထက် ပိုမိုများပြားသည်။ ဗော်လဂါ၊ ဒွန်၊ နိပါးနှင့် နိစတာမြစ်များသည် ပင်လယ်ကူးသင်္ဘောကြီးများပင် သွားလာနိုင်သော မြစ်များဖြစ်ကြသည်။ ထိုအပြင်ထို့အပြင် အရေးကြီးသော တူးမြောင်းသုံးသွယ်ကို ဖောက်လုပ်လိုက်ခြင်းအားဖြင့် ရုရှားနိုင်ငံသည် [[ဗောလတစ်ပင်လယ်]]မှ ပင်လယ်နက်အထိ ခရီးထုတ်ချောက် သွားလာနိုင်ခဲ့လေသည်။ ရုရှားနိုင်ငံတွင် ၁၈ရာစုနှစ်အစ ပီတာ−သ−ဂရိတ် ဘုရင်လက်ထက်ကပင် တူးမြောင်းအများအပြား ဖောက်လုပ်ခဲ့၏။ သို့သော် ယခုအခါလောက် အရေးပါအရာရောက်ခြင်းမရှိခဲ့ပေ။ ယခုတွင် ရုရှားနိုင်ငံအတွက် အရေးကြီးသော တူးမြောင်းများကို ဆောက်လုပ်ခြင်းသည် ဆိုဗီယက်အစိုးရ၏ ဒုတိယ ၅ နှစ်စီမံကိန်းအရပင် ဖြစ်သည်။ ယင်းစီမံကိန်းအရ ပထမဦးဆုံး ဖောက်လုပ်သော တူးမြောင်းမှဦ အိုနီဂါနှင့် လာဒိုဒါအိုင်တို့ကို ဖြတ်၍ ပင်လယ်ဖြူနှင့် ဗောလတစ်ပင်လယ်တို့ကို ဆက်သွယ်ပေးထားသော တူးမြောင်းဖြစ်သည်။ ထိုတူးမြောင်းသည် အိုနီဂါအိုင်မှနေ၍ ဗော်လဂါမြစ်နှင့်လည်း ဆက်သွယ်ထားသည်။ အထက်ပါ စီမံကိန်းအရ နောက်ဆုံးဖောက်လုပ်ခဲ့သော တူးမြောင်းသည်ကား ဗော်လဂါ−ဒွန် တူးမြောင်းဖြစ်သည်။ ထိုတူးမြောင်းသည် ဗော်လဂါ နှင့် ဒွန်မြစ်နှစ်သွယ်တို့ကို စတာလင်ဂရက်မြို့အနီးတွင် ဆက်သွယ်ဆုံမိစေသည်။ ရေတံခါး ၁၃ ခုမျှ ရှိ၍ ဗော်လဂါမှ ဒွန်အထိ အမြင့် ၂၉၆ ပေရှိသည်။ ဒွန်မြစ်၏ ရေမျက်နှာပြင်ကို တူးမြောင်းအဝင်ဝအောက်နားတွင် ဆောက်လုပ်ထားသော တမံဆည်ရိုးကြီးတစ်ခုဖြင့် မြှင့်တင်ပေး၏။ ဗော်လဂါ−ဒွန်တူးမြောင်းကို ၁၉၅၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ တူးမြောင်း၏ အရှည်မှာ ၆၂ မိုင်ခန့်ရှိသည်။ ထိုတူးမြောင်းကို ဖောက်လုပ်ခြင်းအားဖြင့် ဗော်လဂါမြစ် ရေကြောင်းသွားလာရေးကို [[ပင်လယ်နက်]]အထိ ပေါက်ရောက်စေခဲ့၍ ယင်းမှ ခွဲဖြာဖောက်လုပ်သော အခြားတူးမြောင်းငယ်များအားဖြင့်လည်း မော်စကိုမြို့၊ လီနင်ဂရက်မြို့၊ ပင်လယ်ဖြူတို့ကို ဆက်သွယ်နိုင်ခဲ့လေသည်။ ရုရှားနိုင်ငံ၏ အခြားအရေးပါ အရာရောက်သော တူးမြောင်းတစ်ခုမှာ မော်စကို တူးမြောင်းဖြစ်သည်။ ထိုတူးမြောင်းကို ၁၉၃၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့၍ ထိုစဉ်အခါက မော်စကို ဗော်လဂါ တူးမြောင်းဟု ခေါ်၏။ တူးမြောင်း၏အရှည်မှာ မိုင် ၈၀ခန့် ရှိသည်။ ဤတူးမြောင်းကို ဖောက်လုပ်ခြင်းအားဖြင့် မော်စကိုမြို့သည် အရေးပါသော ပြည်တွင်းဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်လာခဲ့လေသည်။
 
တရုတ်နိုင်ငံတွင် [[ယူဟိုးတူးမြောင်း]]သည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနှင့် အကြီးမားဆုံးတူးမြောင်းဖြစ်သည်။ တီယန်စင်မြို့နှင့် ဟန်ချိုမြို့ကို ရေလမ်းခရီးဖြင့် ဆက်သွယ်ထားသည်။ တူးမြောင်း၏ ပထမတပိုင်းဖြစ်သော ယန်ဆီမြစ် မြောက်ဘက်မှ ဟွေမြစ်အထိ မိုင်ပေါင်း ၁၃၀ ခန့်ကို ဘီစီ ၄၈၆ ခန့်တွင် ဖောက်လုပ်ခဲ့၏။ တူးမြောင်း၏ ဒုတိယတပိုင်းဖြစ်သော ယန်ဆီမြစ် တောင်ဘက်နှင့် အရှေ့တောင်ဘက်ဖျားမှ ဟန်ချိုမြို့အထိ မိုင်ပေါင်း ၃၅၅ ခန့်ကို ခရစ် ၆၀၅−၆၁၈ ခုနှစ်များအတွင်း ဖောက်လုပ်ပြီးစီးခဲ့သည်။ မြောက်ပိုင်းတရုတ်နိုင်ငံနှင့် ဆက်သွယ်ခဲ့သော တူးမြောင်း၏ နောက်ဆုံးတပိုင်းဖြစ်သည့် ဟွေမြစ်မှ တီယန်စင် မြို့အထိကိုမူကား မွန်ဂိုမင်းများလက်ထက် ခရစ် ၁၂၉၀ ပြည့်နှစ်ခန့်တွင် ဖောက်လုပ်ပြီးစီးခဲ့လေသည်။ ထိုနောက် ထပ်မံတိုးချဲ့ခြင်းအားဖြင့် ယခုအခါ ထိုတူးမြောင်းသည် ပီကင်းမြို့အနီးသို့ ရောက်ရှိလာပြီးဖြစ်သည်။ ဤတူးမြောင်းသည် ရာစုနှစ်ပေါင်းများစွာပင် မြောက်ပိုင်းတရုတ်နိုင်ငံနှင့် ယုန်ဆီမြစ်ဝှမ်းတို့အကြား အဓိကရေကြောင်း သယ်ယူပို့ဆောင်ရေး လမ်းမကြီး ဖြစ်ခဲ့လေသည်။ တူးမြောင်း၏ စုစုပေါင်း အလျားမှာ ၁၂၈၉ မိုင်ခန့်ဖြစ်သည်။ သို့သော် မကြာသေးမီကာလာများအတွင် ဤတူးမြောင်း၏ အချို့သော အပိုင်းများမှာ ကောကုန်သဖြင့် ယခုအခါ မိုင်ပေါင်း ၈၉၂ မိုင်ခန့်မျှသာ လှေ သင်္ဘောများ သွားလာဝင်ထွက်နိုင်ပေသည်။