ဟစ်တလာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထိုပြင် +ထို့ပြင်)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၁၈ -
နိုင်ငံရေးလောကထဲမဝင်မီ သူ၏ဘဝနှင့် သူ၏ဇာတ်ကြောင်းကို ဟစ်တလာသည် "ပဟေဠိ" တစ်ခုအနေဖြင့်သာ အများကို သိစေခဲ့သည်။ Krockow ၏စာအုပ်ထဲတွင် "ငါဘယ်ကလာတယ်၊ ငါက ဘယ် မိသားစုကပေါက်ဖွားတယ်ဆိုတာ ဒင်းတို့ သိဖို့ အရေးမပါ ပါဘူး" လို့ဟစ်တလာက သူ့ ခေတ်ပြိုင် နိုင်ငံရေးသမားတွေကို ရည်ညွန်းပြီး ပြောခဲ့ကြောင်း ရေးသားထားသည်။
 
အားဒေါ့လ်ဖ် ဟစ်တလာကို အကောက်အခွံအရာရှိအကောက်အခွန်အရာရှိ [[အားလွိုက်စ် ဟစ်တလာ]] နှင့် ဇနီးဖြစ်သူ ကလာရာတို့မှ [[ဩစတြီးယားနိုင်ငံ|ဩစတြီးယား]] ပြည်နယ်မြောက်ပိုင်း ဗရောင်းနောင်း အမ် အင်းန် တွင် မွေးဖွားခဲ့သည်။ ၁၉၀၃ ခုနှစ်တွင် ဖခင်ဖြစ်သူသေဆုံးခဲ့ပြီး အထက်တန်းကျောင်းမှ နုတ်ထွက်ခဲ့သည်။ ဗင်းန်မြို့တွင် ယဉ်ကျေးမှု တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး အောင်မြင်မှုမရခဲ့သည့်အတွက် သူဖြစ်ချင်သော အနုပညာရှင် တစ်ယောက်ဖြစ်ရန် ရည်မှန်းချက်ကို လက်လွှတ်လိုက်ရသည်။
 
၁၉၁၄ ခုနှစ်တွင် [[ပထမ ကမ္ဘာစစ်]]ကြီး စတင်ဖြစ်ပွားခဲ့ရာ ဂျာမန်စစ်တပ်အတွင်းသို့ မိမိသဘောဖြင့်ပင် ဝင်ရောက်အမှုထမ်းခဲ့သည်။ စစ်ကြီးပြီးသောအချိန် ၁၉၁၉ ခုနှစ်တွင် ဂျာမန် အလုပ်သမားများပါတီ (DAP) ဟူသည့် ပါတီအသစ်အတွင်းသို့ အဖွဲ့ဝင်အဖြစ် စာရင်းသွင်းခဲ့သည်။ ထိုပါတီကို ၁၉၂၀ တွင် [[အမျိုးသား ဆိုရှယ်လစ် ဂျာမန် အလုပ်သမားများ ပါတီ]] (NSDAP) အဖြစ် အမည်ပြောင်းလဲ ခေါ်တွင်ခဲ့သည်။
စာကြောင်း ၁၂၅ -
သူ၏စကားပြောပါးနပ်မှု၊ နားထောင်သူကို ဆွဲဆောင်နိုင်မှု၊ အဟောအပြောကောင်းမှုတို့က သူ့ကို စင်ပေါ်သို့လျင်မြန်စွာပင် တွန်းတင်ပေးခဲ့သည်။ အစိုးရအဖွဲ့အတွင်းမှ ပြဿနာများကြောင့် နာဇီပါတီသည် ပြည်သူလူထုကို စည်းရုံးရန် လွယ်ကူခဲ့သည်။
 
၁၉၂၃ ခုနှစ်တွင် ဟစ်တလာနှင့် လူဒန်ဒေါ့ဖ် တို့သည် မြူနစ်မြို့တွင် နိုင်ငံတော်အာဏာသိမ်းရန် ကြံစည်ရာ မအောင်မြင်ခဲ့ပေ။ သူ၏လုပ်ရပ်သည် ပစ်မှုထင်ရှားသည့်အတွက်ပြစ်မှုထင်ရှားသည့်အတွက် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် တရားရုံးမှ အမိန့် ချမှတ်ခဲ့သည်။ သို့သော် သူသည် ၁၉၂၄ ခုနှစ်တွင်ပင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုနှစ်များတွင် သူသည် သူ၏ နောင်အချိန်တွင် နာမည်ကျော်ကြားလာသော "ကျွန်ုပ်၏စွန့်စားခန်းများ" ([[:en:Mein Kampf|MeinKampf]]) စာအုပ်ကို ရေးသားပြုစုခဲ့သည်။ ထိုစာအုပ်အတွင်းတွင် သူ၏ နိုင်ငံရေး ရည်မှန်းချက်များ ဖြစ်သည့် [[ဂျူး သုတ်သင်ရေး စီမံကိန်း|ဂျူးလူမျိုးသုတ်သင်ရေး]]နှင့် အရှေ့ပိုင်းနိုင်ငံများသို့ နယ်မြေများ တိုးချဲ့ရေးစသည်တို့ပါဝင်သည်။
 
အကြမ်းဖက် အာဏာသိမ်းမှုသည် အောင်မြင်မှုလမ်းစ မရှိနိုင်ကြောင်း ခံစားမိသွားသည့် ဟစ်တလာသည် နိုင်ငံတော် အာဏာကို တရားဝင်နည်းလမ်းများသုံး၍ အရယူရန် ကြံစည်လေတော့သည်။ ၁၉၃၂ ခုနှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် သူ၏ပါတီ (NSDAP) က အင်အားအကြီးဆုံး ပါတီဖြစ်လာခဲ့သည်။ အကျိုးဆက်အနေနှင့် သူသည် ၁၉၃၃-ခု ဇန္နဝါရီလ ၃၀ ရက်နေ့တွင် သူသည် နိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်လာခဲ့တော့သည်။