မတူပီခရိုင်: တည်းဖြတ်မှု မူကွဲများ

add data
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
add data
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၅ -
|pushpin_map_caption =
|settlement_type = [[မြန်မာနိုင်ငံရှိ ခရိုင်များ|ချင်းပြည်နယ်အတွင်းရှိ ခရိုင်]]
|image_skyline = File:ThatdunBatupuei Memorial Baptist Church(Matupi).jpg
|image_caption = မတူပီမြို့နယ်မြင်ကွင်း
|image_map = Matupi district in Chin state.svg
|map_caption = ချင်းပြည်နယ်အတွင်းတည်နေရာ
စာကြောင်း ၅၆ -
==သမိုင်းကြောင်း==
ယခင်က မင်းတပ်ခရိုင်တွင် [[မင်းတပ်မြို့နယ်]]၊ [[ကန်ပက်လက်မြို့နယ်]]၊ [[မတူပီမြို့နယ်]]နှင့် [[ပလက်ဝမြို့နယ်]]တို့ဖြင့် ဖွဲ့စည်းထားသည်။ပြည်သူ့လွှတ်​တော် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပလက်ဝမြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။ ထိုအကြောင်းကို ပြည်ထောင်စုလွှတ်တော်မှ [[ချင်းပြည်နယ် အစိုးရအဖွဲ့|ပြည်နယ်အစိုးရ]]အား သဘောထားတောင်းခံသည်။ သို့သော် [[ချင်းပြည်နယ် လွှတ်တော်|ပြည်နယ်လွှတ်တော်]]တွင် ပလက်ဝကို ခရိုင်အဆင့်မြှင့်ရန် သင့်မသင့် မဆွေးနွေးဘဲ မတူပီနှင့် ပလက်ဝမြို့နယ်များအနက် မည်သည့်မြို့နယ်ကို ခရိုင်အဆင့်မြှင့်ရန် မဲခွဲဆုံးဖြတ်ရာ မတူပီမှ ၁၁ မဲ၊ ပလက်ဝမှ ၉ မဲရရှိခဲ့သည်။ [[သမ္မတရုံး ဝန်ကြီးဌာန|နိုင်ငံတော်သမ္မတရုံး]]မှ ၂၀၁၇ ခုနှစ် ဇွန်လတွင် မင်းတပ်ခရိုင်ကို မူလ ၄ မြို့နယ်မှ မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ ပါဝင်သော မင်းတပ်ခရိုင်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ပါဝင်သော မတူပီခရိုင်အဖြစ် ခရိုင်(၂)ခုပြောင်းလဲဖွဲ့စည်းခြင်းကို မှတ်တမ်းတင်ရန် ပြည်ထောင်စုလွှတ်တော်ထံသို့ အကြောင်းကြားခဲ့သည်။ထို့​ကြောင့် ချင်းပြည်နယ်တွင် ခရိုင် (၄)ခုအထိ ရှိလာခဲ့သည်။ သို့သော် တစ်နှစ်အကြာ ၂၀၁၈ ခုနှစ်အထိ မြေနေရာအခက်အခဲကြောင့် ခရိုင်အဆင့်ရုံးနှင့်ဝန်ထမ်းများ ခန့်အပ်ထားနိုင်ခြင်းမရှိသေးဘဲ မြို့နယ်ရုံးများတွင်သာ ယာယီဖွင့်လှစ်ထားခဲ့ရသည်။<ref>{{cite web|url=https://news-eleven.com/article/120845|title=မတူပီမြို့နှင့် ရှစ်မိုင်ခန့်အကွာတွင် ခရိုင်ရုံး တည်ဆောက်ရန် လျာထားမှုကို သဘောမတူဘဲ မြို့၏ စည်ပင်သာယာ နယ်နိမိတ်အတွင်း၌သာ ဆောက်လုပ်ရန် လိုလားကြောင်း ဒေသခံများက ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်း|publisher=အီလဲဗင်း သတင်းစာ|accessdate=}}</ref><ref>{{cite web|url=http://burmese.dvb.no/archives/138573|title=ပလက်ဝမြို့နယ်အား မတူပီခရိုင်အတွင်း ထည့်သွင်းမဖွဲ့စည်းရန် ချင်းပါတီတောင်းဆို|publisher=ဒီဗွီဘီ]|accessdate=}}</ref><ref>{{cite web|url=http://weeklyheadline.com/news/1111168/|title=မတူပီခရိုင်ဖွဲ့စည်းရေး မြေနေရာအခက်အခဲကြောင့်ကြန့်ကြာ|accessdate=|archivedate=28 July 2019|archiveurl=https://web.archive.org/web/20190728161458/http://weeklyheadline.com/news/1111168/}}</ref>
==ပထဝီဝင်အနေအထား==
===နယ်နိမိတ်===
မြောက်ဘက်တွင် [[ဟားခါးခရိုင်]]နှင့် အိန္ဒိယနိုင်ငံမှ မီဇိုရမ်ပြည်နယ်၊ အရှေ့ဘက်တွင် မကွေးတိုင်းမှ [[ဂန့်ဂေါခရိုင်]]၊ တောင်ဘက်တွင် ရခိုင်ပြည်နယ်မှ [[မောင်တောခရိုင်]]နှင့် [[မြောက်ဦးခရိုင်]]၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်းဒေသတို့ တည်ရှိသည်။
===မြေမျက်နှာသွင်ပြင်===
မတူပီနယ်တွင် မြင့်မားသောတောင်တန်းများတည်ရှိကာ အမြင့်ဆုံးတောင်မှာ (၈၉၆၁)ပေရှိ လုံထိန်းတောင်ဖြစ်သည်။ပလက်ဝနယ်အတွင်းတွင် တောင်ကုန်း၊ တောင်စွယ်များ တည်ရှိကာ မတ်စောက်ပြီး အောက်ခြေတွင် မြေပြန့်လွင်ပြင်ငယ်များရှိသည်။ကီမိုတောင်၊ ကားတောင်တို့မှာ ထင်ရှားကာ ပျှမ်းမျှအမြင့်ပေ ၃၇၀၀ရှိသည်။
===ရေဆင်း===
ခရိုင်အတွင်း မြစ်ချောင်းများ ပေါများပြီး လေးမြို့မြစ်နှင့် ကုလားတန်မြစ် ([[ကစ္ဆပနဒီ|ကစ္ဆပနဒီမြစ်]])တို့မှာ ထင်ရှားသည်။ပီချောင်း၊ ကုလက်ချောင်း၊ ရှင်းလက်ချောင်း၊ မီးချောင်း၊ ပလက်ချောင်း၊ ရူးချောင်းများလည်း တည်ရှိသည်။ကုလားတန်မြစ်မှာ ဟားခါးမြို့အနီး မြစ်ဖျားခံ၍ သီးမြစ်၊ ဘွေနူးမြစ် စသည့်အမည်များဖြင့် စီးဆင်းခဲ့ကာ အိန္ဒိယနိုင်ငံတွင် သီးပီးမြစ်အမည်ဖြင့် စီးဆင်းသည်။ထို့နောက် မြန်မာပြည်အတွင်း ပြန်လည်စီးဆင်းပြီး ရခိုင်ပြည်နယ်မှနေ၍ ဘင်္ဂလားပင်လယ်အော်အတွင်း စီးဝင်းသည်။
==လူဦးရေ==
၂၀၁၄သန်းခေါင်စာရင်းကောက်ယူချိန်တွင် မတူပီခရိုင်ကို ဖွဲ့စည်းထားခြင်းမရှိသေးဘဲ [[မင်းတပ်ခရိုင်]]လက်အောက်တွင်သာ ရေတွက်ထားသည်။လက်ရှိမတူပီခရိုင်တွင်ပါဝင်သည့် မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်များ (ထိုစဉ်ကမြို့နယ်ခွဲများအပါအဝင်) ၏၂၀၁၄ခုနှစ် လူဦးရေမှာ (၁၄၈,၄၀၄)ဦး ဖြစ်သည်။ပလက်ဝမြို့နယ်သည် မတူပီမြို့နယ်ထက် လူနေပိုထူထပ်သည်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်စဉ်အစီရင်ခံစာများအရ ၂၀၁၉ခုနှစ်တွင် မတူပီမြို့နယ်တွင် ၆၂,၉၆၂ဦး၊ ပလက်ဝမြို့နယ်တွင် ၁၀၈,၇၂၈ဦးရှိရာ မတူပီခရိုင်၏ ခန့်မှန်းလူဦးရေမှာ (၁၇၁,၆၉၀)ဦးဖြစ်သည်။[[ချင်းလူမျိုး]]များအများဆုံးနေထိုင်ပြီး ခရစ်ယာန်ဘာသာ အများဆုံးကိုးကွယ်ကြသည်။ပလက်ဝနယ်ဘက်တွင် [[ရခိုင်လူမျိုး]]များပါ နေထိုင်ကြပြီး ဗုဒ္ဓဘာသာကို ဒုတိယအများဆုံး ကိုးကွယ်ကြသည်။
==စီးပွားရေး==
မတူပီခရိုင်သည် ချင်းပြည်နယ်အတွင်း စီးပွားရေးနှေးကွေးသော ခရိုင်ဖြစ်သည်။ခရိုင်နေလူထုသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ကြသည်။နှမ်း၊ မြေပဲ၊ ချင်း၊ ဝဥနှင့် ဂမုန်းတို့ကို ရခိုင်ပြည်နယ်မှနေ၍ မန္တလေးတိုင်းဒေသကြီးသို့ တင်သွင်းကြသည်။
==ပို့ဆောင်ဆက်သွယ်ရေး==
ချင်းပြည်နယ်သည် တောင်ကုန်း၊ တောင်တန်း ထူထပ်များပြားသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့သည်။ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေးများ တိုးတက်လာသော်လည်း ခက်ခဲနေဆဲဖြစ်သည်။မတူပီခရိုင်တွင် မတူပီမြို့နယ်မှ ချင်းပြည်နယ်ရှိ အခြားမြို့များနှင့် မကွေးတိုင်းရှိမြို့များသို့ မော်တော်ကားလမ်းဖြင့် ဆက်သွယ်သွားလာနိုင်သော်လည်း ခရိုင်အတွင်းရှိ ပလက်ဝမြို့နယ်နှင့် ဆက်သွယ်ရန် ခက်ခဲသည်။ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ မော်တော်ကားလမ်းရှိကာ ထိုလမ်းသည် မြို့နယ်အတွင်းရှိ [[ပလက်ဝမြို့|ပလက်ဝ]]၊ [[ဆမီးမြို့|ဆမီး]]၊ [[လိုင်လင်းပီမြို့|လိုင်လင်းပီ]]မြို့များသို့ တစ်ဆက်တည်းသွားလာနိုင်သည်။လိုင်လင်းပီမြို့မှ မတူပီမြို့နယ်ရှိ [[ရေဇွာမြို့]]သို့ မြို့နယ်ချင်းဆက်လမ်းရှိသော်လည်း လမ်းခရီးခက်ခဲသည်။
 
၂၀၁၈ခုနှစ်တွင် လိုင်လင်းပီမြို့၌ ဒေါက်တာ[[ဆာဆာ]]ဦးဆောင်သော Health and Hope အဖွဲ့က နိုင်ငံတကာအကူအညီဖြင့် လေယာဉ်ကွင်းငယ် တည်ဆောက်ခဲ့သည်။ထိုလေယာဉ်ကွင်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေယာဉ်ကွင်း ဖြစ်လာခဲ့သည်။<ref name="chinhill">{{cite web|url=https://www.frontiermyanmar.net/mm/%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%BD%E1%80%B1%E1%80%86%E1%80%AE%E1%80%80-%E1%80%99%E1%80%BC/|title=ချင်းတောင်တန်းတွေဆီက မြင့်မားသော မျှော်မှန်းချက်}}</ref>
==ပညာရေး==
၂၀၁၄သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက် စာတတ်မြောက်သူ ၇၀ရာခိုင်နှုန်းကျော်ရှိသည်။ပလက်ဝဒေသရှိ ကလေးငယ်များသည် နိုင်ငံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် ပညာသင်ကြားခွင့်များ ဆုံးရှုံးခြင်း၊ ခက်ခဲခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။<ref>{{cite web|url=https://burma.irrawaddy.com/opinion/viewpoint/2020/04/17/220742.html?__cf_chl_jschl_tk__=pmd_iaQmTFizHnw9758fPyS3dVAEOkSoVuaYcm249dsT_SQ-1634292816-0-gqNtZGzNAiWjcnBszQtR|title=ပလက်ဝကို စစ်တလင်း ဆက်မလုပ်ကြပါနဲ့တော့}}</ref><ref name="chinhill"/>
==ကျန်းမာရေး==
မတူပီမြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ ပလက်ဝမြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ တည်ရှိသည်။ပလက်ဝနယ်တွင် နေထိုင်သူများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ကလေးငယ်များ ဝမ်းရေဂါဖြင့် သေဆုံးခြင်း၊ အမျိုးသမီးများ မီးဖွားချိန်သေဆုံးခြင်းများ ရှိတတ်သည်။လိုင်လင်းပီမြို့တွင် ယခင်က အိန္ဒိယနိုင်ငံဘက်သို့သွား၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူရသည် များလည်း ရှိခဲ့သည်။<ref name="chinhill"/>လိုင်လင်းပီမြို့ရှိ ​လေယာဥ်ကွင်းကို အသုံးပြုလာနိုင်ပါက ကျန်းမာ​ရေး​စောင့်​ရှောက်မှု မြင့်တက်လာနိုင်သည်။
 
==ကိုးကား==
{{reflist}}