မော်လမြိုင်ခရိုင်: တည်းဖြတ်မှု မူကွဲများ

add data
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
add data
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၈ -
| unit_pref = Imperial
| area_total_km2 =
| population = ၁,၂၂၉၂၃၂,၉၆၆၂၂၁<ref>{{Citation|date= 26 August 2014|title= Provisional Results Census 26 August 2014 FINAL|publisher= ပြည်သူ့အင်အားဦးစီးဌာန|page= ၁၈|url= http://www.dop.gov.mm/wp-content/uploads/2012/12/Census_Provisional_Results_2014_ENG1.pdf|accessdate= February 26, 2015|archive-date= 12 September 2014|archive-url= https://web.archive.org/web/20140912105647/http://www.dop.gov.mm/wp-content/uploads/2012/12/Census_Provisional_Results_2014_ENG1.pdf|url-status= dead}}</ref>
| population_as_of = ၂၀၁၄
| population_footnotes =
စာကြောင်း ၇၆ -
===ရေဆင်း===
မော်လမြိုင်ခရိုင်သည် မြစ်၊ ချောင်းများပေါများသော ဒေသဖြစ်သည်။[[ရေးမြစ်]]သည် ရေးမြို့အနီးမှဖြတ်၍ တောင်ညိုတောင်တန်းမှတစ်ဆင့် [[ကပ္ပလီပင်လယ်]]အတွင်း စီးဝင်သည်။[[အတ္တရံမြစ်|အတ္ထရံမြစ်]]၊ [[ဂျိုင်းမြစ်]]၊ [[သံလွင်မြစ်]]၊ ဇမိချောင်း၊ ဝင်းရောချောင်း၊ ဝဲကလိချောင်း၊ ကမာပတဲချောင်း၊ အဇင်းချောင်း၊ ကျုံဖိုက်ချောင်း၊ ဝင်းဖနုံချောင်းတို့မှာ ထင်ရှားသည်။သံလွင်မြစ်သည် တရုတ်နိုင်ငံမှ စီးဆင်းလာပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းကာ မော်လမြိုင်ခရိုင်အရောက်တွင် ကပ္ပလီပင်လယ်အတွင်း စီးဝင်သည်။ရေချိုများ ပေါများပြီး စိုက်ပျိုးရေးအပြင် သုံးရေအတွက်ပါ အသုံးပြုနိုင်သည်။မြစ်ချောင်းများသည်လည်း အမြဲမပြတ် သွားလာနိုင်သည်။
==လူဦးရေ==
၂၀၁၄သန်းခေါင်စာရင်းအရ မော်လမြိုင်ခရိုင်၏ လူဦးရေမှာ ၁,၂၃၂,၂၂၁ ဦးဖြစ်သည်။အမျိုးသား ၅၈၇,၆၇၆ဦး၊ အမျိုးသမီး ၆၄၄,၅၄၅ဦးဖြစ်သည်။မော်လမြိုင်မြို့နယ်သည် လူနေအထူထပ်ဆုံးမြို့နယ်ဖြစ်ကာ ချောင်းဆုံမြို့နယ်သည် လူဦးရေအနည်းဆုံးဖြစ်သည်။မြို့ပြတွင် ၄၃၄,၀၉၂ဦးနေထိုင်ကြကာ လူဦးရေ၏ ၃၅.၂ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်သူများဖြစ်ကြသည်။[[မွန်လူမျိုး]]များ အများဆုံးနေထိုင်ကြကာ [[ဗမာလူမျိုး]]များ ဒုတိယအများဆုံး နေထိုင်ကြသည်။ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။
==စီးပွားရေး==
မော်လမြိုင်ခရိုင်သည် မွန်ပြည်နယ်အတွင်းရှိ စီးပွားရေးကောင်းမွန်သော ခရိုင်ဖြစ်သည်။ရာဘာလုပ်ငန်း၊ ရေလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ ဥယျာဉ်ခြံမြေလုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။ရာဘာ၊ ကွမ်းသီး၊ ဆန်စပါး စသည်တို့ဖြစ်သည်။ရာဘာကို ပြည်ပအထိ တင်ပို့ကြသည်။ဒေသထွက်ကုန်များကို ရန်ကုန်နှင့် တနင်္သာရီ တိုင်းဒေသကြီးများသို့ အများဆုံးတင်ပို့သည်။ရန်ကုန်မှ လူသုံးကုန်များ တင်သွင်းသည်။
==ပို့ဆောင်ဆက်သွယ်ရေး==
မော်လမြိုင်ခရိုင်သည် ကုန်းလမ်း၊ ရေလမ်းများ ဆုံစည်းရာဒေသဖြစ်သည်။ရန်ကုန်- ထားဝယ်- မြိတ် လမ်းမကြီးသည် ခရိုင်အတွင်းရှိ မြို့ကြီးများကို ဖြတ်သန်းသွားသည်။အခြားမြို့များသို့လည်း ထိုလမ်းမကြီးမှတဆင့် လွယ်ကူစွာ သွားလာနိုင်သည်။ထို့အပြင် ကရင်ပြည်နယ်ရှိ နယ်စပ်မြို့များသို့လည်း အလွယ်တကူ သွားလာနိုင်သည်။ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့အား ရထားဖြင့် သွားလာနိုင်သည်။ထို့အပြင် မော်လမြိုင်-ရေး-ထားဝယ် ရထားလမ်းလည်းရှိသည်။မော်လမြိုင်မြို့တွင် [[မော်လမြိုင်လေဆိပ်|လေဆိပ်တစ်ခု]]ရှိသည်။၂၀၀၅ခုနှစ်တွင် တည်ဆောက်ပြီးစီးသော [[သံလွင်တံတား(မော်လမြိုင်)|သံလွင်တံတား (မော်လမြိုင်)]]သည် ၂၀၁၂ခုနှစ်အထိ မြန်မာနိုင်ငံ၏ အရှည်ဆုံး မြစ်ကူးတံတားဖြစ်သည်။လက်ရှိတွင် ဒုတိယအရှည်ဆုံးတံတားဖြစ်သည်။မော်လမြိုင်နှင့် ချောင်းဆုံတို့အား ဆက်သွယ်ပေးသည့် [[ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)|သံလွင်တံတား (ချောင်းဆုံ)]] (ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း))မှာလည်း ၅၂၃၀ပေ ရှည်လျားသည်။
==ပညာရေး==
၂၀၁၄သန်းခေါင်စာရင်းအရ အသက်၁၅နှစ်နှင့်အထက် လူဦးရေတွင် စာတတ်မြောက်နှုန်းမှာ ၈၆.၆ရာခိုင်နှုန်းဖြစ်သည်။မော်လမြိုင်မြို့တွင် တက္ကသိုလ်များနှင့် ကောလိပ်၊သိပ္ပံများရှိသည်။
==ကျန်းမာရေး==
မော်လမြိုင်မြို့နယ်တွင် ကုတင်(၅၀၀)ဆံ့ ပြည်နယ်ဆေးရုံ၊ ကုတင်(၃၀၀)ဆံ့ တပ်မတော်ဆေးရုံ၊ ကုတင် (၂၀၀)ဆံ့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ၊ တက္ကသိုလ်ဆေးရုံ(၁)ရုံ၊ ချောင်းဆုံမြို့နယ်တွင် ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ ကျိုက်မရောမြို့နယ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ၊ မုဒုံမြို့နယ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ၊ သံဖြူဇရပ်မြို့နယ်တွင် (၆၆)ကုတင်ဆံ့ ဆေးရုံများ တည်ရှိသည်။
== ကိုးကား ==
{{reflist}}