မီးဖွားပြီးရောဂါပိုးဝင်ခြင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
 
စာကြောင်း ၁ -
[[ကလေးမွေးခြင်း|ကလေးမီးဖွား]]ပြီး သို့မဟုတ် [[ကိုယ်ဝန်ပျက်ကျခြင်း|ကိုယ်ဝန်ပျက်ကျ]]ပြီးနောက် [[အမျိုးသမီးမျိုးပွားလမ်းကြောင်း]] (reproductive tract)တွင် [[ဘက်တီးရီးယား]]ရောဂါပိုးကူးစက်ခြင်းကို
'''မီးဖွားပြီးရောဂါပိုးဝင်ခြင်း''' (Postpartum or puerperal infections) ဟုခေါ်သည်။ ကိုယ်အပူချိန် (၃၈) ဒီဂရီစင်တီဂရိတ် သို့မဟုတ် (၁၀ဝ.၄ ဒီဂရီဖာရင်ဟိုက်)ထက် မြင့်မားခြင်း၊ ချမ်းတုန်ခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းအောင့်ခြင်းနှင့် [[မိန်းမကိုယ်မှအရည်အချွဲဆင်းခြင်း|မိန်းမကိုယ်မှ အနံ့ဆိုးသောအရည်အချွဲဆင်းခြင်း]]စသော လက္ခဏာများ ဖြစ်တတ်သည်။<ref name="W2014">{{Cite book|date=2014|chapter=37|title=Williams obstetrics|url=https://archive.org/details/williamsobstetri0024unse|edition=24th|publisher=McGraw-Hill Professional|pages=Chapter 37|isbn=978-0-07-179893-8}}</ref> ကလေးမီးဖွားပြီး သို့မဟုတ် ကိုယ်ဝန်ပျက်ကျပြီး (၂၄)နာရီအတွင်းမှ (၁၀)ရက်အတွင်းတွင် ဖြစ်တတ်သည်။<ref>{{Cite book|last=Hiralal Konar|date=2014|url=https://books.google.ca/books?id=LU2VAwAAQBAJ&pg=PA432|title=DC Dutta's Textbook of Obstetrics|publisher=JP Medical Ltd|page=432|isbn=978-93-5152-067-2}}</ref>
 
အများအားဖြင့် [[သားအိမ်]] (uterus)နှင့် ပတ်ဝန်းကျင်ရှိအင်္ဂါများကို ရောဂါကူးစက်လေ့ရှိပြီး ၎င်းကို မီးဖွားပြီးသွေးဆိပ်တက်ခြင်း (puerperal sepsis) သို့မဟုတ် မီးဖွားပြီးသားအိမ်ရောင်ခြင်း (postpartum metritis) ဟုခေါ်သည်။ ဖြစ်ပွားနိုင်သောအကြောင်းရင်းများမှာ [[ဗိုက်ခွဲ၍မီးဖွားခြင်း]]၊ [[သားအိမ်လမ်းကြောင်း]] (vagina)တွင် အုပ်စုဘီ စတက်တိုကောကပ်(group B streptococcus)ကဲ့သို့သော ဘက်တီးရီးယားများရှိခြင်း၊ [[စောစီးစွာရေမြွှာပေါက်ခြင်း]](premature rupture of membranes)၊ သားအိမ်လမ်းကြောင်း စမ်းသပ်မှု အကြိမ်ပေါင်းများစွာပြုလုပ်ခြင်း၊ [[အချင်း]]ကို လက်ဖြင့်ဖယ်ရှားခြင်း၊ [[ရှည်ကြာသော မီးဖွားခြင်း]] (prolonged labour) တို့ဖြစ်သည်။<ref name="WHOBook2015">{{Cite book|date=2015|url=http://apps.who.int/iris/bitstream/10665/186171/1/9789241549363_eng.pdf|title=WHO recommendations for prevention and treatment of maternal peripartum infections|publisher=World Health Organization|page=1|isbn=9789241549363}}</ref> ဖြစ်ပွားလေ့ရှိသော ရောဂါကူးစက်မှုအများစုမှာ တစ်မျိုးထက်ပိုသော ဘက်တီးရီးယားများ ကူးစက်ခံရခြင်းဖြစ်သည်။ သားအိမ်လမ်းကြောင်းမှအရည်ကို ပိုးမွေးစစ်ဆေးခြင်းနှင့် သွေးဖောက်စစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေခြင်းမှာ အကျိုးသက်ရောက်လေ့မရှိပါ။ ရောဂါလက္ခဏာမသက်သာသူများတွင် [[ဆေးပညာနှင့်ဆိုင်သော ပုံရိပ်ဖမ်းယူနည်းများ]] (medical imaging) ဖြင့် စစ်ဆေးသင့်သည်။ ကလေးမီးဖွားပြီးချိန်တွင် ကိုယ်အပူချိန်တက်ခြင်းမှာ [[နို့လမ်းကြောင်းပိတ်ဆို့ခြင်း]] (breast engorgement)၊ [[ဆီးလမ်းကြောင်းတွင်ရောဂါပိုးဝင်ခြင်း]] (urinary tract infections)၊ ခွဲထားသော ဝမ်းဗိုက် သို့မဟုတ် သားအိမ်လမ်းကြောင်းရှိ ဒဏ်ရာ (episiotomy)တွင် ရောဂါပိုးဝင်ခြင်း၊ [[အဆုတ်ပြားခြင်း]] (atelectasis) တို့ကြောင့်လည်း ဖြစ်ပွားနိုင်သည်။