နွား: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ် |
အရေးမကြီးNo edit summary |
||
စာကြောင်း ၁ -
{{speciesbox
| name = Cattle
| image = Cow (Fleckvieh breed) Oeschinensee Slaunger 2009-07-07.jpg
| image_upright = 1.1
| image_caption = A brown Swiss Fleckvieh cow wearing a cowbell
|
| genus = Bos
| species =
| authority = [[ကားလ် လင်းနီးယပ်|Linnaeus]], [[:en:10th edition of Systema Naturae|1758]]
| synonyms = * ''Bos primigenius taurus''
* ''Bos longifrons''
| range_map = GLW 2 global distributions of a) cattle.tif
| range_map_caption = Bovine distribution
}}
'''နွား'''ကို ရှေးအခါက [[မြန်မာနိုင်ငံ]]တွင် လယ်ယာစိုက်ပျိုးရေး၌ တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ ယခု စက်မှုလယ်ယာခေတ်တွင် နွားအစား [[လယ်ထွန်စက်]]ကို အသုံးချမှု များပြားလာသော်ငြား၊ ခေါင်းပါးသော အချို့ဒေသများဝယ် နွားဖက် ရုန်းကန်တုန်း ဖြစ်သည်။ အစားကောင်း၊ ထမ်းပိုးကောင်း၊ အခိုင်းကောင်းသော နွားမျိုးကို နွားကောင်းဟု သတ်မှတ်၍၊ အစားမကောင်း၊ ထမ်းပိုးမကောင်း၊ အခိုင်းမကောင်းသည့် ဆန့်ကျင်ဘက် သဘာဝရှိသော နွားမျိုးကို နွားညံ့ဟု ယေဘုယျ သမုတ်ကြသည်။ လယ်ယာလုပ်ငန်းခွင်၌ တောင်သူဦးကြီးများကို ကူညီပေးသော မိတ်ဆွေနွားများသည် တခါတရံ ပိုင်ရှင် မသိဘဲ နွားသူခိုးများ လက်ချက်ဖြင့် တနယ်တကျေး သို့မဟုတ် တဖက်နိုင်ငံသို့ မှောင်ခိုကူးခြင်း ခံရတတ်သည်။<ref name="coc">{{Cite journal|author=ချိုဦးချို (ပထမ-ရွှေကျင်)|year=၁၉၉၇|pages=၁၈၂-၁၈၃|title=နွားအကြောင်း သိကောင်းစရာများ|month=ဩဂုတ်|journal=နက္ခတ္တရောင်ခြည်မဂ္ဂဇင်း|volume=၁၃၃|publisher=ဦးခင်မောင်ဝင်း|language=My|issue=၁၉၉၇ ဩဂုတ်လ}}</ref>
Line ၂၅ ⟶ ၂၃:
==နွားကြန်==
ကြန်အင်လက္ခဏာအနေဖြင့် နွား တကောင်သည် ထိပ်ကွက်လျှင် မြီးစွတ်များပြီး၊ ဆီးကြားလျှင်လည်း၊ ဝမ်းကြားတတ်သည်။ အလှမောင်း၊ ပြိုင်ပွဲဝင်၊ တောင်ယာလုပ်၊ ဆီဆုံတပ်ရာ၌ ကောင်းမွန်သော နွားပြာစိမ်းသည် ဦးချို အညိုများပြီး၊ နှင်တံလွတ်သော နွားပြာနက်သည် မျက်ကွင်း အညိုများသည်။
Line ၃၂ ⟶ ၂၉:
ဝါစေ့ပြောက် ပါသော နွားကား နွားသမင်ဟုလည်း ခေါ်ပြီး၊ အစာရွေးသည်။ မတ်တတ် အိပ်တတ်သည်။ အမြဲတမ်း စားမြုံ့ပြန်နေတတ်သည်။ ဝန်ပေါ့သာ ခိုင်းကောင်းပြီး၊ ဝန်လေး ခိုင်းမကောင်းချေ။ အသားပွသော နွားမှာ အကောင်ကြီးသော်လည်း၊ အားမသန်လှ။ ရေငန်ဆားငန်နှင့် အစာကျွေးလျှင် အလွန်သဘောကျကာ၊ နှာခေါင်းနစ်အောင် စားတတ်သည်။ ခိုင်းလျှင် ဝပ်တတ်သည်။
ရိုးရိုးလှမ်းသည့်အခါ ရှေ့လက်ခြေကို နောက်ခြေက မကျော်နိုင်သော နွားကို ခြေခွင်နွားဟု ခေါ်ကာ၊ တောင်ယာခိုင်းရာ၌ အသုံးမကျချေ။ ရှေ့သွားရှစ်ချောင်းသည် အဖျားတုတ်ပြီး အရင်းသေးနေသော နွားကို သွားကြားရေယိုနွားဟု ခေါ်သည်။ ဦးချို လှုပ်လီလှုပ်လဲ့ ဖြစ်နေလျှင် ရန်လိုတတ်သည့် ချိုတယ်လူးနွား ဖြစ်သည်။ နွားကောင်းသော်လည်း ရှောင်ကြသည်။ အစာကျွေးရာ၌ တဖက်နွားကို လုစားခြင်း၊ နွားချင်းဝှေ့ခြင်း ပြုတတ်သည်။ ခြေခါလက်ခါ နွားသည် နေရာသန့်ကြိုက်၍ လူကိုလည်း ကန်တတ်သည်။ ခြေလက်ဆာနွားမျိုးသည် ကုန်းတက်ဆင်း၊ တောင်တက်ဆင်း မထိန်းတတ်ပါက လူရောနွားပါ ဒုက္ခဖြစ်တတ်သည်။ ဦးခေါင်းတိုနွားသည် မိုးရိပ်လေရိပ်ကျလျှင် မြူးထူးခုန်ပေါက် ပြေးလွှားတတ်ကာ ထိန်းကျောင်းရ ခက်ခဲသည်။ ခရီးဝေးသွားလျှင် နှာခေါင်းကို ရေမှုတ်ပေးရသှ်။ နှာပွနွားသည် ကြိုးကိုက်၊ ကြိုးဖြတ်တတ်သည်။ လည်တိုနွားသည် စိတ်ရူးပေါက်လျှင် ထမ်းပိုးချိုးသည်။ အကြောင်းမသိသူ ခိုင်း၍ မရ။ လည်ရှည်နွားသည် သဲတော၊ ရွှံ့တော ခိုင်းရာ၌ သက်လုံမကောင်း၍ ရှောင်ကြသည်။<ref name="coc"/>
==နွားကောင်း အမျိုးအစား==
# ထိပ်ကွက်
# မြီးစွတ်
Line ၈၆ ⟶ ၇၄:
== ကိုးကား ==
{{Reflist}}
[[ကဏ္ဍ:နို့တိုက်သတ္တဝါများ]]
|