ပါဆီ ရှဲလီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ရ +။ ရ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထိုပြင် +ထို့ပြင်)
စာကြောင်း ၅ -
ရှဲလီသည် ၁၇၉၂ ခုနှစ် ဩဂုတ်လတွင် အင်္ဂလန်ပြည်၊ ဆပ်ဆက်နက် ဟော်ရှမ်မြို့အနီး၌ မွေးဖွားခဲ့သည်။ ဖခင်သည် လူကုံထံတစ်ဦးဖြစ်သော ဆာတင်မိုသီ ရှဲလီ ဖြစ်သည်။ ရှဲလီသည် ငယ်စဉ်ကပင် သေးသွယ်နွဲ့နောင်း ချောမောလှပသည်။ ထို့ကြောင့် အီတန်ကျောင်းတွင် နေစဉ်က မိန်းမပျိုကလေးတစ်ဦးကဲ့သို့ ရှဲလီအား ကျောင်းသားများက အနိုင်ကျင့်ခဲ့ကြလေသည်။
 
ထိုစဉ်ကပင် ရှဲလီသည် အနိုင်ကျင့်မှု၊ ချုပ်ချယ်မှုတို့ကို ရွံ့မုန်းခဲ့သည်။ ရှဲလီသည် ကဗျာလင်္ကာ သီကုံးဖွဲ့နွဲ့မှုကို ငယ်စဉ်ကပင် ဝါသနာထုံ၍ ဆန်းကြယ်သော စိတ်ကူးများဖြင့် ကဗျာ လင်္ကာတို့ကို စပ်ဆိုသီကုံးတတ်သည်။ အချို့သော ရှဲလီ၏ စိတ်ကူးများသည် ထိုခေတ်အယူအဆနှင့် ဆန့်ကျင်နေသည့်ပြင် တစ်ခါတစ်ရံ သိမ်မွေ့စွာ စိတ်ကူးယဉ်နေတတ်ပြီးလျှင် တစ်ခါ တစ်ခါတွင်မူ မိမိ၏အယူအဆကို ပြင်းပြင်းထန်ထန် ဖော်ထုတ်တတ်ပြန်သည်။ ထိုကြောင့် ရှဲလီ၏ အတွင်းသဘောကို အကဲမခတ်နိုင်အောင် ရှိကြသဖြင့် ကျောင်းနေဖက်များက သူကို ''အရူးရှဲလီ''ဟု ပြောင်လှောင်ခေါ်ဝေါ်ကြလေသည်။ ရှဲလီ၏ခေတ်တွင် ပြင်သစ်တော်လှန်ရေးစိတ်ဓာတ်များ အငွေ့မသေသေးပေ။ ရှဲလီသည်လည်း ဖိနှိပ်ချုပ်ချယ်မှုကို ရွံ့မုန်းသော တော်လှန်ရေးစိတ်ဓာတ် ခိုအောင်းနေသူဖြစ်၍ တော်လှန်ရေးသဘောတရားများကို လေ့လာကျင့်သုံးခဲ့သည်။ အောက်စဖို့တက္ကသိုလ်တွင် ပညာဆည်းပူးနေခိုက် ရှဲလီသည် ''ဘုရားမရှိ'' အယူဝါဒနှင့် စပ်လျဉ်းသော စာတန်းတစ်ခုကို ရေးသားခဲ့ရာ ကျောင်းမှ ထုတ်ပစ်ခံရသည်။ ထိုပြင်ထို့ပြင် ဖခင် ကလည်း အိမ်သို့ အလာမခံဘဲ ထောက်ပံ့ပေးကမ်းခြင်းကို ရပ်ဆိုင်းထားလိုက်သည်။
 
ရှဲလီသည် ဒဿနိကဗေဒ ပညာရှင်တစ်ဦးဖြစ်သော ဝီလျံ ဂေါ်ဒွင်နှင့်တွေ့ဆုံကာ တပည့်ခံလေသည်။ ဝီလျံဂေါ်ဒွင်က လူသားဟူသမျှ တူညီသောအခွင့်အရေး၊ တူညီသော လွတ်လပ်မှုရရှိရေး သဘောတရားများကို ဟောပြောပြသည်။ ထိုအတွင်း ရှဲလီသည် ဟိုတယ်ပိုင်ရှင်ဟောင်းတစ်ဦး၏ သမီးဖြစ်သူ ဟဲရီး ယက် ဝက်စဗရုနှင့် တွေ့ဆုံရင်းနှီးရသည်။ ထိုမိန်းကလေးသည် အသက် ၁၆ နှစ်မျှသာ ရှိသေး၍ ရှဲလီက မိမိကဲ့သို့ ဖိနှိပ်မှု၊ မတရားချုပ်ချယ်မှုများကို ခံနေရသူဟု ယူဆသည်။ ထို့ကြောင့် ထိုမိန်းကလေးကို ကယ်တင်စောင့် ရှောက်ခြင်း သဘောဖြင့် ဟဲရီးယက်ကို ခိုးယူထွက်ပြေးသည်။ သူတို့ ဇနီးမောင်နှံသည် အိုင်ယာလန်၊ အင်္ဂလန်နေရာ အနှံ့အပြားသို့ လှည့်လည်သွား လာကာ အဖိနှိပ်ခံ လူတန်းစားများအတွက် အကျိုးဆောင် လုပ်ငန်းများ ဆောင်ရွက်ပေးရန် ကြိုးစားသည်။ သို့သော် ရှဲလီ၏ ဆောင်ရွက်မှုများသည် အရာမထင်ပေ။