ဝိုင် (အရက်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ပေါင်းထည့်နေသည: ne:वाइन
အရေးမကြီးNo edit summary
စာကြောင်း ၉ -
ဝိုင်ဆိုသည်မှာ မူးယစ်စေတတ်သော [[အဖျော်ယမကာ]] တစ်မျိုး ဖြစ်သည်။ အင်္ဂလိပ်စကားလုံး Wine သည် အများအားဖြင့် စပျစ်သီးမှ ချက်လုပ်ထားသော ဝိုင်အရက်ကို ရည်ညွှန်းခြင်း ဖြစ်သော်လည်း လူအများစုက အခြား အသီးအနှံများမှ ချက်လုပ်သော ဝိုင်အရက် (ဥပမာ မက်မန်းဝိုင်၊ ပန်းသီးဝိုင်) စသည်တို့ကိုလည်း ဝိုင် ဟု ခေါ်ဆို သုံးနှုန်းလေ့ ရှိကြသည်။
 
ဝိုင်ကို [[စပျစ်သီး]]အတွင်းမှ သကြားဓာတ်ကို [[ကစော်ဖောက်ခြင်းကဇော်ပေါက်ခြင်း]]ဖြင့် ချက်လုပ်ကြသည်။ ပုံမှန်အားဖြင့် ဝိုင်ဖြူနှင့် ဝိုင်နီ ဟူ၍ နှစ်မျိုး နှစ်စား ရှိတတ်သည်။ ဝိုင်နီကို စပျစ်သီး အနီဖြင့် ချက်လုပ် ကြပြီး ဝိုင်ဖြူကို စပျစ်သီး အဖြူဖြင့် ချက်လုပ်ကြသည်။ နှင်းဆီဝိုင်ကိုမူ စပျစ်သီးအနီရောင်မှ ပြုလုပ်ပြီး စပျစ်သီး အခွံနှင့် ခဏတာမျှသာ ထိတွေ့ပြီး ချက်လုပ်ကြသည်။ ဝိုင်၏ အရောင်မှာ စပျစ်သီး အခွံမှ ရရှိခြင်း ဖြစ်သဖြင့် စပျစ်သီး အခွံနှင့် ခဏတာမျှသာ ထိတွေ့ခြင်းကြောင့် အရောင်ဖျော့ပြီး ပန်းရောင်ရှိသော နှင်းဆီဝိုင်ကို ရရှိသည်။ ဝိုင်အတွင်းတွင် အမြှုပ်ထနေသော ဝိုင်ကို စပါကလင်ဝိုင်ဟု သိကြသည်။ စပါကလင်ဝိုင်များတွင် အထင်ရှားဆုံးမှာ [[ပြင်သစ်]]မှ ထုတ်လုပ်သော ရှန်ပိန် ဖြစ်သည်။
 
လူတို့သည် ဝိုင်ကို ချက်လုပ်ခဲ့ကြသည်မှာ နှစ်ပေါင်း ၅၀၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။