မြင်းခြံမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-တောင်ဖက် +တောင်ဘက်, -အနောက်ဖက် +အနောက်ဘက်, -။မ +။ မ, -အရှေ့ဖက် +အရှေ့ဘက်, -လက်ဝဲဖက် +လက်ဝဲဘက်, -မြောက်ဖက် +မြောက်ဘက်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထိုပြင် +ထို့ပြင်, -ထိုအပြင် +ထို့အပြင်)
စာကြောင်း ၃၆ -
== တည်နေရာ ==
မြင်းခြံမြို့သည် မြန်မာနိုင်ငံ အထက်ပိုင်း [[မန္တလေးတိုင်းဒေသကြီး]]တွင် ပါဝင်သော [[မြင်းခြံခရိုင်]]၏ ရုံးစိုက်မြို့ဖြစ်သည်။ မြင်းခြံမြို့သည် [[ဧရာဝတီမြစ်]]၏ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိသော သင်္ဘောဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ [[ရန်ကုန်မြို့]]မှ ရေလမ်းအားဖြင့် ၅၁၅ မိုင်ခန့် ကွာလှမ်းလျက်၊ အထက် [[မန္တလေးမြို့]]နှင့် မိုင် ၈ဝ ခန့် ကွာဝေးသည်။ နွေအခါတွင် သင်္ဘောများသည် ဆိပ်ကမ်းနှင့်
လှမ်းသောနေရာတွင်သာ ဆိုက်ကပ်နိုင်သည်။ မြင်းခြံမြို့သည် [[မိတ္ထီလာခရိုင်]] [[သာစည်မြို့]]မှ ခွဲထွက်လာသော သာစည် မြင်းခြံ မီးရထားလမ်း၏ အဆုံးဘူတာလည်း ဖြစ်သည်။ ထိုအပြင်ထို့အပြင်
ယခင်က မြင်းခြံမှ [[နွားထိုးကြီးမြို့]]ကို ဖြတ်လျက် ပလိပ်ဘူတာအထိ သွားသော မီးရထားလမ်း တစ်ခုရှိသည်။ မြင်းခြံ - နွားထိုးကြီး ကတ္တရာခင်းလမ်းသည် မိုင် ၂ဝ ရှိ၍၊ ကျောက်ဆည် ခရိုင်အထိ ၄၂ မိုင်ရှိသည်။
 
စာကြောင်း ၄၅ -
မြင်ခြံမြို့သည် အကျယ်အဝန်းအားဖြင့် ၃. ၇ စတုရန်းမိုင်ခန့်ရှိ၍၊ ၁၉၆၃ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၃၇,၈၅ဝ ယောက်ခန့်ရှိသည်။ မြို့ပေါ်တွင် ပြောင်းပြာ၊ ကွေ့ကြီး၊ ကန်ဦး၊ ကျည်တော်ရပ်၊ အေးကျင်းစသည်ဖြင့် ရပ်ကွက်ပေါင်း ၂၀ ခုရှိ၍ အိမ်ခြေပေါင်း၇,၅၆ဝ ခန့်ရှိသည်။ ခရိုင်ရုံးစိုက်မြို့ ဖြစ်သည်နှင့်အညီ အစိုးရရုံးများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၊ ဆေးရုံများ၊ ထောင်၊ မျူနီစပယ်ရုံးနှင့် တိုက်တာ အဆောက်အအုံများ၊ ဆီစက်၊ သစ်စက်၊ ဝါစက်စသည်တို့ဖြင့် စည်ကားလှပေသည်။ မြင်းခြံနယ်နှင့် မြို့ပေါ်တွင်ပါ လူဦးရေ အများစုမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ဖြစ်၏။ ထိုကြောင့် ဘုရားကျောင်းကန်များပေါများသည်။ ထင်ရှားသော စေတီပုထိုးတို့မှာ ဆန္ဒတော်ပြည့်စေတီသံသရာအေးစေတီ၊ ရန်အောင်မြင်ဘုရား၊ ရွှေမြင်တင်စေတီတော်၊ နှစ်ကျိပ်ရှစ်ဆူဘုရား၊ ရှင်ပင်ရေပေါ်၊ ဘုရားသုံးဆူ စသည်တို့ဖြစ်၍၊ နှစ်စဉ်ဘုရားပွဲတော်များ အချိန်အခါအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။
 
ထိုပြင်ထို့ပြင် ကိုးဆောင်ကျောင်းတိုက်၊ သုဓမ္မာကျောင်း၊ ဆုတောင်းပြည့် စာသင်တိုက် စသည့် ပရိယတ္တိ စာသင်တိုက်များနှင့် စွန်းလွန်းဂူကျောင်း၊ ရွှေမြင်တင် ကျောင်း၊ မဟာစည်သတိပဋ္ဌာန်ကျောင်းစသည့် ကမ္မဋ္ဌာန်းရိပ်သာများလည်း ရှိသည်။ မြင်းခြံမြို့တွင် ဝါအမျိုးမျိုး၊ ပဲအမျိုးမျိုးရောင်းဝယ်ဖောက်ကားသည်။ ထို့ပြင် ခြည်ကြမ်းထည်များနှင့် ဆပ်ပြာများလည်းထွက်သည်။
 
== ဓာတ်ပုံမှတ်တမ်း ==