စစ်အစိုးရ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရှိပါသည် +ရှိသည်, -နိုင်ပါသည် +နိုင်သည်, -ရပါသည် +ရသည်, -ထားပါသည် +ထားသည်, -ခဲ့ပါသည် +ခဲ့သည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ထ +။ ထ)
စာကြောင်း ၄၂ -
မာရှယ်လောကိုကျင့်သုံးလျှင် ထုတ်ပြန်သည့် အမိန့်နှင့်ဥပဒေ များကို မလိုက်နာသူမရှိရလေအောင် လုပ်ပိုင်ခွင့်အာဏာများ ပေး ထားတတ်သည်။ မာရှယ်လောကို မည်မျှအထိအခွင့်အာဏာပေးထားသနည်းဆိုသော် စိတ်စေတနာအမှန်ဖြင့် ယုံကြည်ချက် အတိုင်း ဆောင်ရွက်သည့်အတွက် မှားယွင်းသွားခြင်းဖြစ်လျှင်လည်း ခွင့်လွှတ်ရမည်ဟု ပြဋ္ဌာန်းထားချက်များတွေ့ရသည်။
 
မာရှယ်လောကျင့်သုံးလိုက်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူတစ်ဦးချင်းကာကွယ်နိုင်၊ ရယူနိုင်သည့်အခွင့်အရေးများ ရပ်ဆိုင်းသွားတတ်သည်။ ထို့ကြောင့် မာရှယ်လောဆိုသည်မှာ ပြင်းထန်သည့် စီရင်ခွင့်တစ်ခုဟုဆိုနိုင်သည်။ မာရှယ်လောအရ ဖြစ်ပေါ်ခဲ့သည့် ကိစ္စများနှင့်ပတ်သက်ပြီး နစ်နာခဲ့သူတစ်ဦးသည် နောင်အစိုးရလက်ထက်တွင် အရပ်ဘက်တရားရုံးများမှ အမှုဖွင့် တိုင်တန်းခွင့်၊ စုံစမ်းစစ်ဆေး ခွင့်လည်းမရှိပေ။ ထို့ကြောင့် မာရှယ်လောဖြင့် အုပ်ချုပ်သည်ဆိုလျှင် ဥပဒေဖြင့် ထိန်းချုပ်ခြင်းမရှိသော အကန့်အသတ်မဲ့အာဏာဟူ၍ ပြောနိုင်သည်။ထို့ကြောင့်ပြောနိုင်သည်။ ထို့ကြောင့် မာရှယ်လောသည် စစ်အုပ်ချုပ်ရေးထက် အဆပေါင်းများစွာ ပြင်းထန် သည်ဟုဆိုနိုင်သည်။
 
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ (၉၄) ပါပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်က စစ်ဥပဒေထုတ်ပြန် ကြေညာမှုဆိုင်ရာ တစ်ချက်လွှတ်ဥပဒေကို ထုတ်ပြန် ခဲ့ဖူးသည်။ တစ်ချက်လွှတ်ဥပဒေအရ ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူထားရသည့် ဗိုလ်ချုပ်ကြီး စမစ်ဒွန်းက စစ်ဘက်ဆိုင်ရာ အာဏာပိုင်အမိန့်နှင့် စည်းကမ်းချက်များနှင့်အညီ စစ်အုပ်ချုပ်ရေး (Military Administration) ကို စီရင်ပိုင်ခွင့် ရရှိခဲ့သည်။