မိုးလေဝသပညာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ရ +။ ရ, -။တ +။ တ, -။အ +။ အ, -။ယ +။ ယ, -ယောကျာ်း +ယောက်ျား, -ထိုပြင် +ထို့ပြင်)
စာကြောင်း ၄၆ -
==စိုထိုင်းဆတိုင်းကိရိယာ==
မိုးလေဝသအခြေအနေ ခန့်မှန်းရာ၌ အရေးတယူ စဉ်းစားရမည့် အချက်တစ်ခုသည် လေထုတွင်ပါဝင်သော ရေခိုး ရေငွေ့ အတိုင်းအဆပင်ဖြစ်သည်။ ထိုအချက်ကို လေထု၏ စိုထိုင်းမှုဟု ခေါ်သည်။ လေထု၏စိုထိုင်းမှုကို ရာခိုင်နှုန်းမည်မျှ ရှိသည်ဟု ဖော်ပြရေးသားလေ့ရှိသည်။ လေထုစိုထိုင်းမှုကို စိုထိုင်းမှုတိုင်းတံဖြင့် တိုင်းရလေသည်။ အလွယ်ကူဆုံး စိုထိုင်းမှု တိုင်းတံတစ်ခုမှာ ''ရာသီအိမ်'' ဟုခေါ်သော ကစားစရာ အိမ်ပုံ
အရုပ်ကလေးဖြစ်သည်။ မိုးရွာတော့မည်ဆိုလျှင် ထို''ရာသီအိမ်'' တံခါးဝတွင် ယောကျာ်းရုပ်ကလေးယောက်ျားရုပ်ကလေး ပေါ်လာ၍ နေသာမည်ဆို လျှင် တံခါးဝတွင် မိန်းမရုပ်ကလေး ပေါ်လာသည်။ ထို ''ရာသီအိမ်'' ခေါ် စိုထိုင်းမှုတိုင်းတံကို ကြောင်အူကျစ်ကြိုး များဖြင့် စီမံပြုလုပ်ထားသည်။ မိုးရာသီတွင် လေထုပို၍ စိုထိုင်း လာသောအခါ ကြောင်အူကျစ်ကြိုးသည် တိုသွားသည်။ ခြောက် သွေ့ ပူပြင်းသောရာသီတွင် လေထုစိုထိုင်းမှု နည်းသောအခါ ကြောင်အူကျစ်ကြိုးသည် ရှည်လာလေသည်။ လေထုစိုထိုင်းမှု အခြေအနေကိုလိုက်၍ ကြောင်အူကျစ်ကြိုး ရှည်လိုက် တိုလိုက် ဖြစ်သောကြောင့် ကြိုးအရှည်ကိုလိုက်၍ ယောကျာ်းအရုပ်ယောက်ျားအရုပ် မိန်းမအရုပ်ကလေးများသည် ရှေ့တိုး နောက်ဆုတ် ပေါ်လိုက် ပျောက်လိုက်ဖြစ်ကြသည်။ လူတို့၏ ဆံချည်မျှင်သည်လည်း စွတ်စိုထိုင်းမှိုင်းသောအချိန်၌ တိုသွားတတ်သည်။ လေထုစိုထိုင်း မှု အခြေအနေကိုလိုက်၍ လူတို့၏ဆံချည်မျှင်သည် တိုတတ် ရှည်တတ်သော သတ္တိရှိသောကြောင့် လူ၏ဆံချည်မျှင်ဖြင့် စိုထိုင်းမှုတိုင်းစက် ပြုလုပ်ကြသည်။
 
လေထုစိုထိုင်းမှုတိုင်းရန် အများအားဖြင့် ဖန်သီးစို သာမိုမီတာနှင့် ဖန်သီးခြောက်သာမိုမီတာခေါ် အပူချိန်တံနှစ်ခုကို အသုံးပြုကြသည်။ လက်ဖြင့် လွှဲရမ်းကိုင်နိုင်သော လေဝှေ့ ရေငွေ့တိုင်းတံမျိုး၌ အပူချိန်တံနှစ်ခုကိုယှဉ်၍ သစ်သားဘောင် တစ်ခုတွင် မြဲမြဲတွယ်ကပ်ထားသည်။ အပူချိန်တံတစ်ခု၏ ဖန်သီးကို အဝတ်စိုဖြင့် ဖုံးအုပ်ထားသည်။ လေထု၏ စိုထိုင်းမှုကိုတိုင်းရန် လက်ကိုင်ဖြင့် အပူချိန်တံများကို လေထဲ၌လွှဲရမ်း ပေးရသည် သို့မဟုတ် အပူချိန်တံများကို ယပ်ခပ်ပေးရသည်။ ဖန်သီးစိုကို ဖုံးထားသောအဝတ်စိုမှ ရေငွေ့ပျံသောကြောင့် အစို တံမှ အပူချိန်ကျလာသည်ကို တွေ့ရလိမ့်မည်။ ခြောက်သွေ့ပူနွေး သောအချိန်၌ အပူချိန်အကျများ၍ စွတ်စိုထိုင်းမှိုင်းသောအချိန်၌ အပူချိန်အကျနည်းလေသည်။ အခြောက်တံ၏ အပူချိန်သည် လေထု၏ အပူချိန်ပင်ဖြစ်သည်။ အခြောက်တံနှင့်အစိုတံ၏ အပူချိန်နှစ်ခုကို သိရှိရသောအခါ စိုထိုင်းမှုကိန်းဇယားများမှ
လေထု၏ စိုထိုင်းမှုကို ရှာဖွေတွက်ယူနိုင်လေသည်။
 
ထိုပြင်ထို့ပြင် အရည်ခဲမှတ် အပူချိန်ကိုရှာ၍ တွက်ယူရသော စိုထိုင်းမှုတိုင်းတံတစ်မျိုးရှိလေသည်။ ဤတိုင်းတံသည် အထက် က ဖော်ပြခဲ့သော ဖန်သီးစိုသာမိုမီတာနှင့် ဖန်သီးခြောက် သာမို မီတာနှစ်ခုရှိသော စိုထိုင်းမှုတိုင်းတံမျိုးပင်ဖြစ်၍ အစိုတံတွင် ရေကိုမသုံးဘဲ အီသာခေါ် အရက်ပြန်တစ်မျိုးကို အသုံးပြုသည်။ အီသာအရည်ကို အစိုတံဖန်သီးပေါ်သို့ချပေးလျှင် အလွန်လျင် မြန်စွာ အငွေ့ပျံသောကြောင့် အစိုတံအပူချိန် ချက်ချင်း ကျသွား လိမ့်မည်။ အပူချိန်ကျလာရာ နောက်ဆုံးအခြေအနေ၌ လေထဲပါ သော ရေခိုးရေငွေ့များ ဖန်သီးပေါ်တွင် အရည်ခဲအဖြစ် စုခဲလာ မည်။ ဤအခြေအနေ၌ မှတ်သားရရှိသော အစိုတံအပူချိန်သည် အရည်ခဲမှတ်ဖြစ်သည်။ အခြောက်တံမှ လေ၏သာမန်အပူချိန်ကို မှတ်သားရရှိနိုင်သည်။ ယင်းသို့ အရည်ခဲမှတ်နှင့် လေ၏သာမန် အပူချိန်တို့ကို သိရှိရသောအခါ ယခင်ကကဲ့သို့ပင် လေထု၏ စိုထိုင်းမှုကို ရှာဖွေတွက်ယူနိုင်လေသည်။
 
ရေခိုးရေငွေ့ကို စုပ်ယူလိုက်သည့်သတ္တိရှိသော ဓာတ် ပစ္စည်းကို အသုံးပြု၍လည်း လေ၏စိုထိုင်းမှုကို တိုင်းနိုင်လေ သည်။ ဥဒါဟရုဏ် ြ ထုထည် အရွယ်ပမာဏ သိရှိသော လေထုထဲသို့ အလေးချိန် သိပြီးဖြစ်သော ကယ်လဆီယမ် ကလိုရိုက် (ထုံးကျောက်)၊ သို့မဟုတ် ဆာလဖျူရစ်အက်ဆစ် (ကန့်ငရဲမီး)ကို ထည့်ပါ။ ထုံးကျောက်၊ သို့မဟုတ် ကန့်ငရဲမီး သည် လေထဲပါသော ရေခိုးရေငွေ့ကို စုပ်ယူလိမ့်မည်။ လုပ်ငန်း ပြီးစီး၍ ပြန်ချိန်တွယ်ကြည့်သောအခါ ထုံးကျောက်၊ သို့မဟုတ် ကန့်ငရဲမီး အလေးချိန်တိုးလာသည်ကို တွေ့ရလိမ့်မည်။ တိုးလာ သော အလေးချိန်သည် စုပ်ယူထားသော ရေခိုးရေငွေ့၏ အလေးချိန်ပင် ဖြစ်သည်။
စာကြောင်း ၅၉ -
==သာမိုမီတာ==
အပူချိန်ကိုတိုင်းသော ပထမဆုံးအပူချိန်တံကို ၁၆ရာစု မကုန်ခင် ထင်ရှားကျော်စောသော အီတာလျံနက္ခတ်ပညာရှင် ဂယ်လီလေအိုက စတင်ပြုလုပ်ခဲ့သည်။ ထိုအပူချိန်တံသည် ယခု သုံးစွဲနေကြသော အပူချိန်တံများနှင့် မတူချေ။ ယင်းသည် လေဖြင့်ပြုလုပ်စီမံထား၍ အပူချိန်ကို လွယ်လွယ်နှင့်အကြမ်းသာ တိုင်းချိန်နိုင်လေသည်။ နောက်နှစ် အနည်းငယ်ကြာသောအခါ ဂယ်လီလေအိုသည် လေအစား အရက်ပြန်ဖြင့် တိုးတက်ကောင်း
မွန်သော အပူချိန်တံကို ပြုလုပ်ပြန်လေသည်။ယခုခေတ်ပြုလုပ်ပြန်လေသည်။ ယခုခေတ် အပူချိန်တံများနှင့် ရှေးကအပူချိန်တံများပြုလုပ်ပုံအခြေခံမူမှာ အတူတူပင်ဖြစ်သည်။ ထိုအခြေခံမူကား အရည် သို့မဟုတ် အငွေ့သည် အပူတိုက်ပေးသောအခါ
ဖန်ထက်ပို၍ ပြန့်ကားသွားသည်။ တစ်ဖန် အအေးခံသောအခါ ဖန်ထက်ပို၍ ကျုံ့သည်ဟူသော သဘောတရားပင် ဖြစ်သည်။ သေးငယ်သောဖန်ချောင်းတွင် အရက်ပြန်ကိုထည့်ပါ။ ပြီးလျှင် ဖန်သီးကိုအပူတိုက်ပေးသောအခါ ဖန်ချောင်းအတွင်းရှိအရက်ပြန် မြင့်တက်လာသည်ကို တွေ့ရလိမ့်မည်။ အပူကြောင့် အရက်ပြန် မြင့်တက်သည့် အတိုင်းအဆဖြင့် အပူချိန်ကို တိုင်းချိန်လေ သည်။
 
အပူချိန်တံများတွင် အများအားဖြင့် ပြဒါးကို သုံးစွဲကြ သည်။ အဘယ်ကြောင့်ဆိုသော် ပြဒါးသည် မြင့်သော ရေဆူ အမှတ်နှင့် နိမ့်သောရေခဲမှတ်ရှိပြီးလျှင် အပူတိုက်ပေးသောအခါ ၌ ညီညာစွာပြန့်ကားခြင်းကြောင့်ပင် ဖြစ်သည်။ ပြဒါးသည် အပူချိန် ဖာရင်ဟိုက် ၆၇၅ ဒီဂရီ၌ ဆူ၍ အပူချိန် ဖာရင်ဟိုက် ၃၈ ဒီဂရီ၌ ခဲသည်။ ၃၈ ဒီဂရီ ဖာရင်ဟိုက်ထက် နည်းသော အပူချိန်ကိုတိုင်းရန် အရက်ပြန်နှင့်လုပ်သော အပူချိန်တံကို အသုံးပြုရသည်။ အဘယ်ကြောင့်ဆိုသော် လောက၌ မည်မျှပင် အေးသော ရာသီဥတုအခြေအနေပင်ဖြစ်စေကာမူ အရက်ပြန် သည် မခဲချေ။ အရက်ပြန်၏ခဲမှတ်သည် လောကတွင် တွေ့ကြုံ ခံစားနိုင်သော အအေးဆုံးအပူချိန်ထက် နည်းလေသည်။ အလွန် ပြင်းသောအပူချိန်ကိုတိုင်းချိန်ရန် ဓာတ်ငွေ့ သို့မဟုတ် လျှပ်စစ် အားဖြင့်ပြုလုပ်သော အပူချိန်တံတစ်မျိုးကို သုံးစွဲလေ့ရှိကြသည်။ရိုးရိုးအပူချိန်တံများကိုသုံးစွဲလေ့ရှိကြသည်။ ရိုးရိုးအပူချိန်တံများကို သေးငယ်သောပြွန်ရှိသည့် ဖန် ချောင်းတွင် ပြဒါး သို့မဟုတ် အရက်ပြန်ထည့်၍ ပြုလုပ်ထား သည်။ ပြဒါးထည့်ထားသော ဖန်သီးနှင့် ဖန်ပြွန်ချောင်းမှ လျှံ၍ ထွက်ကျလာလိမ့်မည်။ ထိုနောက် ဖန်ချောင်းထိပ်ဝကိုမီးမြှိုက်၍ အသေပိတ်ပါ။ ကြာ၍အေးသွားသောအခါ ပြဒါးသည်ကျုံ့ကျဉ်း ၍ ဖန်ချောင်းထဲတွင် နိမ့်ဆင်းသွားပြီးနောက် ဖန်ချောင်း အထက်ပိုင်း၌ လေဟာနယ်ဖြစ်နေလိမ့်မည်။ အပူတိုက်ခြင်း၊ အအေးခံခြင်းလုပ်ငန်းများ ပြီးစီးသွားသောအခါ အပူချိန်တံသည် နဂိုအခြေအနေတွင် ရှိနေမည်။ ထိုနောက် အပူချိန်ပြောင်းလဲပုံ တိုင်းချိန်ရန် ဖန်ချောင်းပေါ်၌ အမှတ်များ ရေးမှတ်ရလေသည်။
 
အပူချိန်တံ၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံးအမှတ်များလွယ်ကူစွာရှာနိုင်သော အပူချိန်အမှတ်နှစ်ခုမှာ ရေခဲ သော အပူချိန်အမှတ်နှင့် ရေဆူသော အပူချိန်အမှတ်ပင်ဖြစ်သည်။ အပူချိန်တံတွင် ရေခဲမှတ်ကိုမှတ်သားရန် အရည်ပျော်နေ
စာကြောင်း ၆၉ -
သိပ္ပံပညာရပ်များတွင် သုံးစွဲလေ့ရှိသော ရာစိတ်မူ ''စင်တီဂရိတ်'' အပူချိန်စကေး၌ ရေခဲမှတ်ကို သုညဒီဂရီနှင့် ရေဆူမှတ်ကို ၁ဝဝ ဒီဂရီ မှတ်သားထားသည်။ အင်္ဂလိပ်စကား ပြောဆိုကြသောနိုင်ငံများ၌ သာမန်အားဖြင့်သုံးလေ့ရှိသော ''ဖာရင်ဟိုက်'' အပူချိန်စကေး၌ ရေခဲမှတ်ကို ၃၂ ဒီဂရီနှင့် ရေဆူ မှတ်ကို ၂၁၂ ဒီဂရီ မှတ်သားထားသည်။ ''ဖာရင်ဟိုက်'' အပူ ချိန်စကေးကို ၁၈ ရာစုနှစ်အစလောက်က ဂျာမန်သိပ္ပံပညာ ကျော် ဂေးဗရီးယယ်ဒ်းနယဲ ဖာရင်ဟိုက် ဆိုသူက စတင် တီထွင်ခဲ့သည်။ ထိုပုဂ္ဂိုလ်သည် ဆား၊ ရေနှင့် ရေခဲဓာတ်ပစ္စည်း သုံးမျိုးပါသော ဓာတ်ရောသည် ရေခဲမှတ် အပူချိန် ဖာရင်ဟိုက် ၃၂ ဒီဂရီထက်အေးသော အပူချိန်ရှိကြောင်း တွေ့လေသည်။
 
ထိုဓာတ်ရော၏ အပူချိန်အမှတ်ကို သုညဒီဂရီအမှတ်ဟု ဒန်းန ယဲ ဖာရင်ဟိုက်က မှတ်သားထားပြန်လေသည်။ ဂျာမနီနိုင်ငံ တွင်း သုံးစွဲလေ့ရှိသော ''ရိုမာ'' အပူချိန်စကေး၌ ရေခဲမှတ်ကို သုညဒီဂရီနှင့် ရေဆူမှတ်ကို ၈ဝ ဒီဂရီ မှတ်သားထားသည်။အများအားဖြင့်မှတ်သားထားသည်။ အများအားဖြင့် အပူချိန်တံများတွင် စကေးတစ်မျိုး တည်းသာ မှတ်သားထားလေ့ရှိသည်။ ထိုကြောင့် ''ဖာရင် ဟိုက်'' စကေးအပူချိန်နှင့် ''စင်တီဂရိတ်'' စကေးအပူချိန်ကို နှိုင်းရှည့်တတ်ဖို့ လိုပေသည်။
 
စင်တီဂရိတ်စကေး အပူချိန်ကို ဖာရင်ဟိုက်စကေးအပူ ချိန်သို့ ပြောင်းလဲမှတ်ယူနိုင်ရန် ဦးစွာ အပူချိန်ဂဏန်းကို ၆/၅ ၆ /၅ နှင့်မြေ|ာက်၍ ၃၂ ပေါင်းထည့်ပါ။ ဥဒါဟရုဏ်၊ ၂ဝ ဒီဂရီ စင်တီဂရိတ်သည် ဖာရင်ဟိုက် ဒီဂရီမည်မျှနှင့် တူညီသည်ကို ရှာလိုလျှင်
စာကြောင်း ၇၇ -
 
၂ဝ ဒီဂရီ စင်တီဂရိတ်သည် ၆၈ ဒီဂရီ ဖာရင်ဟိုက်နှင့် ညီမျှ လေသည်။တစ်ဖန်လေသည်။ တစ်ဖန် ၆၈ ဒီဂရီဖာရင်ဟိုက်နှင့် ညီမျှသော စင်တီ ဂရိတ်ဒီဂရီကိုရှာလိုလျှင် ပထမ ၃၂ နုတ်၍ ကျန်ကိန်းကို ၅/၉ နှင့်မြေ|ာက်ပါ။ ၂ဝ ရပါလိမ့်မည်။ ဥဒါဟရုဏ်၊
 
စာကြောင်း ၁၀၇ -
ကမ္ဘာ့သမပိုင်းရှိ တိုင်းနိုင်ငံတို့တွင် အများအားဖြင့် တတိယအကြောင်းကြောင့် မိုးရွာသွန်းလေသည်။ ထိုအကြောင်း အပြင် တောင်တန်းကုန်းမြင့်ဒေသတို့ကို ဖြတ်သန်းသွားရသော အခါ ထိုအရပ်ဒေသတို့၌ ပိုမိုရွာသွန်းလေသည်။ ထိုသို့ မိုးရွာ သွန်းရာ၌ တောင်တန်း၏လေကြေဘက်တွင် မိုးအလွန်နည်းပါး ၍ လေညာဘက်တွင် မိုးပိုမိုများပြားလေသည်။ ရေခိုးရေငွေ့ သယ်ဆောင်လာသောကြောင့် လေသည် မြင့်မားသော တောင် တန်းနှင့် တွေ့ဆုံသောအခါ တောင်တန်းကို ဖြတ်ကျော်နိုင်ရန် အထက်သို့မြင့်တက်၍ လေထဲ၌ပါသော ရေခိုးရေငွေ့တို့ ရေစက် ရေပေါက်အဖြစ် ပြောင်းလဲပြီးလျှင် မိုးရွာသွန်းချလေသည်။ အနောက်တောင် မုတ်သုန်ရာသီလေ တိုက်ခတ်ရာ မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတွင်၊ မြန်မာနိုင်ငံ ရခိုင်နှင့် တနင်္သာရီ ကမ်း မြောင်ဒေသများ၌ ရခိုင်ရိုးမနှင့် တနင်္သာရီရိုးမ တောင်တန်းကြီး များကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘက် ကမ်းရိုး တန်းဒေသများတွင် အနောက်ဂတ်တောင်တန်းကြီးကြောင့်လည်း ကောင်း အခြားဒေသများထက် မိုးပိုမိုရွာသွန်းသည်မှာ အထက် ပါ အချက်ကို ထောက်ခံသော ဥဒါဟရုဏ်ပင်ဖြစ်လေသည်။
 
ကမ္ဘာ့အပူပိုင်းနိုင်ငံများ၏ အလယ်ပိုင်းဒေသများသည် မိုးနည်းပါး၍ သဲကန္တာရအပိုင်းများ ဖြစ်ကြသည်။ ထိုဒေသများ၌ ပြောပလောက်အောင် မိုးရွာသွန်းသည်ကို မတွေ့ရချေ။ ဥရောပနိုင်ငံအများ၌ပင် နှစ်စဉ် မိုးရေချိန် လက်မ ၂ဝ ကျော် မိုးရွာလေသည်။ အိန္ဒိယ၊ တိဗက်နှင့် တရုတ်နိုင်ငံတို့မှ တစ်ပါး ကျန်အာရှတိုက်ဒေသများ၌ များသောအားဖြင့် နှစ်စဉ်မိုးရေချိန် လက်မ ၂ဝ ထက် နည်းပါးလေသည်။အာရေဗျနိုင်ငံ၊နည်းပါးလေသည်။ အာရေဗျနိုင်ငံ၊ မွန်ဂိုလီးယားပြည်၊ ဩစတြေးလီးယား တိုက်အလယ်ပိုင်း၊ အာဖရိကတိုက်အနောက်တောင်ပိုင်း စသော ဒေသများ၌ နှစ်စဉ်မိုးရေချိန် ၁ဝ လက်မထက်ပင် နည်းသေး သည်။ မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသ၊ အိန္ဒိယနိုင်ငံ အနောက် ကမ်းရိုးတန်းဒေသ၊ အာသံပြည်နှင့် အီကွေတာနှင့် ၁ဝ ဒီဂရီ မြောက် လတ္တီတွဒ်ကြားရှိ အာဖရိကတိုက်အနောက်ကမ်းရိုးတန်း ဒေသများတွင် နှစ်စဉ် မိုးရေချိန်လက်မ ၁ဝဝ ထက်ပို၍ မိုးကြီး လေသည်။ ကမ္ဘာပေါ်၌ မိုးအရွာဆုံးဒေသသည် အာသံပြည်၊
ချာရာပွန်ဂျီမြို့ ဖြစ်၍ နှစ်စဉ် မိုးရေချိန်လက်မ ၁ဝဝ ထက် ပို၍ မိုးကြီးလေသည်။