နွား: တည်းဖြတ်မှု မူကွဲများ

refs+
အရေးမကြီး →‎မျိုးစိတ်
စာကြောင်း ၇၅ -
နွားကို မူလက မျိုးစိတ်သုံးမျိုးအဖြစ် ခွဲခြားသည်။ Bos taurus; Bos indicus နှင့် မျိုးတုံးသွားပြီဖြစ်သော Bos primigenius တို့ ဖြစ်သည်။ Bos taurus မှာ ဥရောပနွားမျိုးဖြစ်ပြီး၊ အာရှနှင့် အာဖရိကမှ အလားတူနွားမျိုးလည်း ပါဝင်သည်။ Bos indicus မှာ ဇီဘူ ဝါ ဘင်္ဂလားနွား ဖြစ်သည်။ ဘင်္ဂလားနွားသည် ဘို့ပါသော အိန္ဒိယနွားလည်း ဟုတ်သည်။ Bos primigenius မှာ အော်ရို့စ် နွား ဖြစ်သည်။ အော်ရို့စ်သည် ဇီဘူနှင့် တော်ရင်းနွားတို့၏ ဘိုးအေ ဖြစ်သည်။ ထိုမျိုးစိတ် သုံးမျိုးလုံးကို ယခုအခါ Bos taurus မျိုးစိတ်ထဲ ပြန်သွင်းကာ Bos taurus primigenius, Bos taurus indicus, Bos taurus taurus မျိုးစိတ်ခွဲတို့အဖြစ် ပြန်ခွဲခြားထားလိုက်သည်။
 
အော်ရို့နွား Aurochs သည် မူလက ဥရောပ၊ မြောက်အာဖရိကနှင့် အာရှ အတော်များများတလျှောက် တည်ရှိသည်။ သမိုင်းတလျှောက် တဖြည်းဖြည်းနှင့် ဥရောပတိုက်တွင်သာ တွေ့ရှိရတော့သည်။ နောက်ဆုံးကျန်သော အကောင်ဟု သိရသော နွားမှာ ၁၆၂၇ ခုနှစ်လောက်တွင် ပိုလန်၊ မဇိုဗီယာ၌ သေဆုံးသွားသည်။<ref>Van Vuure, C.T. 2003. ''De Oeros – Het spoor terug'' (in Dutch), Cis van Vuure, Wageningen University and Research Centrum: quoted by [http://www.petermaas.nl/extinct/speciesinfo/aurochs.htm The Extinction Website: ''Bos primigenius primigenius''.] {{webarchive |url=https://web.archive.org/web/20090420140454/http://www.petermaas.nl/extinct/speciesinfo/aurochs.htm |date=20 April 2009 }}</ref> သားဖောက်သူများသည် အော်ရို့နွားနှင့် ဆင်တူသော နွားမျိုးရအောင် အခြား ရိုးရာမွေးမြူရေးနွားများကို မျိုးစပ်ဖန်တီးရာ ဟက်ခ်နွားများ Heck cattle ဖွားမြင် ပေါ်ပေါက်လာသည်။
 
==စကားလုံးရင်းမြစ်==
"https://my.wikipedia.org/wiki/နွား" မှ ရယူရန်