ကန်နီ ရော်ဂျာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး အော်တိုစားထိုးဘော့ -ပရိတ်သတ် +ပရိသတ်
→‎top: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၈ -
'''ကက်နက် ရေး ရော်ဂျာ ({{lang-en|Kenneth Ray Rogers}})''' (၂၁-ဩဂုတ်-၁၉၃၈ မှ ၂၀-မတ်-၂၀၂၀) သည် အမေရိကန် အဆိုတော်၊ တေးရေးသူ၊ ရုပ်ရှင်သရုပ်ဆောင်၊ တေးထုတ်လုပ်သူ၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ၂၀၁၃တွင် ကန်းထရီးဂီတ ဂုဏ်ပြုအဖွဲ့အစည်းနှင့် ပြတိုက် အဖွဲ့ဝင်အဖြစ် (Country Music Hall of Fame ) အရွေးချယ်ခံရသည်။<ref name=cmt1304>{{cite web|title=Country Hall of Fame Elects Kenny Rogers, Bobby Bare, Jack Clement|url=http://www.cmt.com/news/country-music/1705310/country-hall-of-fame-elects-kenny-rogers-bobby-bare-jack-clement.jhtml|work=CMT News|publisher=cmt.com|accessdate=April 13, 2013|author=CMT.com Staff|date=April 10, 2013}}</ref> ကန်းထရီးဂီတပရိသတ်များကြားတွင် အအောင်မြင်ဆုံးဖြစ်သော်လည်း ရော်ဂျာသည် ၎င်း၏အောင်မြင်ကျော်ကြားသော သီချင်း (၁၂၀) ကို အမျိုးမျိုးသော ဂီတပုံစံများမှလည်းရရှိခဲ့ကာ ''ကန်းထရီး နှင့် ပေါ့ပ်ဇယား''၌ အမေရိကန်တစ်ခုတည်း၌ပင် ရက်သတ္တပတ်ပေါင်း (၂၀၀)ကျော်ရပ်တည်နိုင်ခဲ့သည်။ ကမ္ဘာအနှံ့ တေးသီချင်းအချပ်ရေသန်း (၁၀၀)ကျော်ရောင်းချရ၍ (တေးသီချင်း/အခွေ)ရောင်းအားအကောင်းဆုံးအနုပညာရှင်များအနက် တစ်ဦးပါဝင်ခဲ့သည်။<ref>{{cite news|url=http://www.dailytownsman.com/breaking_news/262386041.html|title=Kenny Rogers touches down in Cranbrook this week|newspaper=[[Cranbrook Daily Townsman]]|date=June 9, 2014|last=Coulter|first=Barry|accessdate=June 11, 2014|url-status=dead|archiveurl=https://web.archive.org/web/20140714145334/http://www.dailytownsman.com/breaking_news/262386041.html|archivedate=July 14, 2014|df=mdy-all}}</ref>
 
၁၉၅၀နှောင်းပိုင်းတွင် သီချင်းသီဆိုခြင်းကို ဂျက်ဇ်ဂီတအဆိုတော် Bobby Doyle နှင့်အတူစတင်ခဲ့သည်။ ၁၉၆၁၌ ဖော့ခ်(folk)ဂီတအဖွဲ့ New Christy Minstrels သို့ဝင်ရောက်ခဲ့သည်။ ထိုအဖွဲ့တွင် double bassဟုခေါ်သောbass ဟုခေါ်သော တယောတူရိယာ(အကြီး) နှင့် ဘေ့စ်ဂစ်တာကို တီးခတ်ကာ သီချသ်းလည်းဆိုခဲ့သည်။ ၁၉၆၇တွင် ရော်ဂျာနှင့် ထိုအဖွဲ့မှ အဖွဲ့ဝင်အချို့သည် အဖွဲ့မှထွက်ခွာ၍ the First Edition အဖွဲ့ငိုအဖွဲ့ကို တည်ထောင်ခဲ့ကြသည်။ ထိုအဖွဲ့ဝင်များနှင့်အတူ ၎င်း၏ပထမဆုံးနာမည်ကြီးသီချင်းမှာ Just Dropped In (To See What Condition My Condition Was In) ဖြစ်ကာ "ဂီတဖြတ်သန်းမှုနှင့် မူးရစ်ဆေး..စသည်တို့ပါဝင်သော ဂီတအမျိုးအစား" ''ဆိုက်ခဲဒက်လစ်ခ် ရော့ခ်'' (psychedelic rock) သီချင်းပုံစံဖြစ်သည်။ [[ဘီလ်ဘော့ဒ်ဇယား]] တွင် အဆင့်(၅)ရရှိခဲ့သည်။ ရော်ဂျာသည် First Editionအဖွဲ့၌ ခေါင်းဆောင်ပိုင်းကိုပို၍ ရယူခဲ့ပြီး ၁၉၆၉ခု၏ Ruby, Don't Take Your Love to Town သီချင်းအောင်မြင်လာပြီးနောက် တီးဝိုင်းသည် ကန်းထရီးဂီတအငွေ့အသက်ဖက်သို့ ပုံစံဖြည်းဖြည်းခြင်း ပြောင်းလဲလာခဲ့သည်။ တီးဝိုင်းသည် ၁၉၇၅-၇၆၌ ကွဲခဲ့ကြပြီး ကန်နီရော်ဂျာသည် တစ်ကိုယ်တည်းဘဝဖြင့် ကြာရှည်အောင်မြင်စွာ စတင်လုပ်ဆောင်နိုင်ခဲ့သည်။ ထိုဘဝတွင်လည်း အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ရာ Dolly Parton၊ Sheena Eastonတို့နှင့် တွဲဖက်သီဆိုခြင်း၊ [[လိုင်ယန်နယ် ရစ်ချီ]] နှင့် ပူးတွဲတေးရေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ၎င်း၏ အမှတ်သညာသီချင်းဖြစ်သော "[[:en:The Gambler (song)|The Gambler]]" သည် ပုံစံမတူသည့် ဂီတပုံစံအောင်မြင်မှုဖြစ်၍ ၁၉၈၀၌ [[ဂရမ်မီဆု]]ရရှိခဲ့သည်။ ၂၀၁၈တွင် အမေရိကန်အောက်လွှတ်တော် စာကြည့်တိုက် (Library of Congress)မှ အမျိုးသားသီချင်းများမော်ကွန်း(National Recording Registry)တွင် ထိန်းသိမ်းရန်အတွက် ထည့်သွင်းရွေးချယ်ခဲ့သည်။ The Gambler သီချင်း၏ ဗီဇစရိုက်ကို ရုပ်မြင်သံကြား၏ အခန်းဆက်ရုပ်ရှင်များအတွက် ဇာတ်ကောင်ကို ပျိုးထောင်ခဲ့သည်။ ၁၉၈၀နှစ်များ၌ စတင်ပြသခဲပြီး အမ်မီဆုညဆန်ကာတင်တွင် ပါဝင်ခဲ့သည်။
 
၎င်း၏အခွေ The Gambler နှင့် Kenny သည် [[:en:Dotdash|About.com]]၏ မဲရွေးချယ်မှုစာရင်း ကန်းထရီးဂီတ လွှမ်းမိုးနိုင်မှုအရှိဆုံးအခွေ (၂၀၀)၌ ပါဝင်ခဲ့၏။<ref>[http://countrymusic.about.com/library/top200albums/bltop200.htm ''Gambler'' & ''Kenny''] are on [[About.com]]'s poll of "The 200 Most Influential Country Albums Ever"</ref> ၁၉၆၈ ယနေ့ ယူအက်စ်အေ (USA Today) နှင့် ပြည်သူ့မဂ္ဂဇင်း (People)မှ စာဖတ်သူများ၏ ပူးတွဲမဲ၌ "အကြိုက်ဆုံး အဆိုတော်" အဖြစ်ရွေးချယ်ခဲ့ကြသည်။<ref>[http://countrymusic.about.com/library/blkrogersfacts.htm Voted 1986 "Favorite Singer of All-Time"] by readers of ''[[USA Today]]'' and ''[[People (magazine)|People]]''</ref> ဆုပေါင်းများစွာကိုရရှိ၍ ထိုဆုများမှာ အမေရိကန်ဂီတဆု (American Music Awards)၊ ဂရမ်မီဆု၊ ကန်းထရီးဂီတဆု (Country Music Association) ၊ ကန်းထရီးအကယ်ဒမီဆု (Academy of Country Music)တို့ရရှိပြီး ၂၀၀၃တွင် နှစ်ပေါင်းခြောက်ဆယ်ကြာ ဂီတလှုပ်ရှားမှုများအတွက် ဘဝတစ်သက်တာအောင်မြင်ထူးချွန်ဆု(lifetime achievement award) ကိုလည်းပေးအပ်ခဲ့ကြသည်။<ref>[http://www.cmt.com/artists/news/1479673/10092003/rogers_kenny.jhtml] {{webarchive|url=https://web.archive.org/web/20050228033720/http://www.cmt.com/artists/news/1479673/10092003/rogers_kenny.jhtml |title=Rogers Receives Lifetime Achievement Award |publisher=cmt.com|date=February 28, 2005}}</ref> နောက်ပိုင်းအောင်မြင်မှုများတွင် Water & Bridges တေးအခွေထုတ်ဝေ၍ [[ဘီလ်ဘော့ဒ်ဇယား]] ဘီလ်ဘော့ဒ်ကန်းထရီးတေးအခွေရောင်းအား၌ အဆင့်(၅)ဖြင့်ရပ်တည်နိုင်ခဲ့ကာ [[ဘီလ်ဘော့ဒ်ဇယား|ဘီလ်ဘော့ဒ် (၂၀၀)]]တွင် အဆင့် (၁၅)ရရှိခဲ့၏။ ထိုအခွေမှ ပထမအပုဒ် I Can't Unlove You သည် ကြီးမားသည့် အောင်မြင်မှုရခဲ့သည်။ ၂၀၁၇ အနားယူသည်အထိ နယ်လှည့်ဖျော်ဖြေပွဲများကိုလည်း ပုံမှန် ဆောင်ရွက်တင်ဆက်ခဲ့သည်။