ဟေမာနေဝင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖြန့်ချီ +ဖြန့်ချိ)
စာကြောင်း ၂၉ -
၁၉၈၇ ခုနှစ်တွင် မင်းကြောင့်၊ ဂြိုဟ်တုသတင်း၊ ဟေမာနေဝင်းနှစ်ယောက် တေးအယ်လ်ဘမ်များကို ဆက်တိုက်ဆိုသလို ထုတ်ဝေခဲ့သည်။ ၁၉၈၈ တွင်ထွက်ရှိသော "ခွင့်လွှတ်နော်" အယ်လ်ဘမ်သည် သူမကို ထိပ်ဆုံးနေရာမှ အဆိုတော်တစ်ယောက်အဖြစ် ပို့ဆောင်ပေးခဲ့သည်။ ထိုအယ်လ်ဘမ်ပြီးနောက် "ပြန်လျော်ပေး"၊ "ချစ်ကောင်လေး" တေးအယ်လဘမ်များထွက်ရှိပြီး၊ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သော ဆွေမျိုးများထံ အလည်ခရီးသွားခဲ့သည်။ အမေရိကားတွင် သူမကို စတိတ်ရှိုးပွဲ စီစဉ်ပေးသည့်အတွက် နိုင်ငံခြားတွင် ပထမဦးဆုံး တစ်ဦးတည်းဖြင့် စတိတ်ရှိုးလုပ်သည့် မြန်မာအဆိုတော်တစ်ဦး ဖြစ်လေသည်။
 
အမေရိကားတွင်ရှိနေစဉ် “ပိုးဖလံ" အမည်ရှိ သီချင်းခွေတစ်ခွေ အသံသွင်း၍ မြန်မာပြည်တွင် ဖြန့်ချီခဲ့ပြီး၊ဖြန့်ချိခဲ့ပြီး၊ မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန် ၁၉၉၁-၁၉၉၅ ခုနှစ်များအတွင်း "ပိုးဖလံ ၂"၊ "ချစ်ပြမယ်"၊ "အိမ်အပြန်" စသည့် စတီဒီယိုတေးအယ်လဘမ်များကို ထုတ်ဝေခဲ့သလို၊ "ပြိုင်ပွဲကြီး"၊ "ဆောင်းကတ္တီပါ"၊ "အမုန်းခွန်အားပေးသနားပါ" စသည့် မြန်မာသံတေးအယ်လဘမ်များကိုလည်း ထုတ်ဝေခဲ့သည်။
 
ဟေမာနေဝင်းသည် ကြော်ငြာနောက်ခံသီချင်းများစွာကို သီဆိုပေးခဲ့ရာ၊ "ရွှေစင်" ရွှေဆိုင်ကြော်ငြာသီချင်းကို လူကြိုက်များခဲ့သည်။