အာရပ်ဘာသာစကား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အမြောက်အများ +အမြောက်အမြား)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂ -
 
 
အာရပ် ဘာသာစကား သည် သံခေတ် အနောက်မြောက် အာရေးဘီးယား ကျွန်းစွယ်မှ ဦးစွာ ပေါ်ထွက်လာသော ဗဟို ဆစ်မစ်တစ် (Semitic) ဘာသာစကား တစ်ခု ဖြစ်ပြီး၊ အာရပ် ကမ္ဘာ၏ အများသုံး ဘာသာစကား ဖြစ်သည်။ အရှေ့ဘက်တွင် မက်ဆိုပိုတေးမီးယား (Mesopotamia) မှ အနောက်ဘက်တွင် လက်ဘနွန် ကျောခိုင်း (Anti-Lebanon) တောင်တန်း များ၊ အာရေးဘီးယား အနောက်မြောက် နှင့် ဆိုင်းနိုင်း (Sinai) ကျွန်းစွယ် တို့တွင် နေထိုင်သော အာရပ်လူမျိုးများကို အစွဲပြု၍ အာရပ် ဘာသာစကား ဟု ခေါ်ကြသည်။ အာရပ် ဘာသာစကား သည် ယနေ့ခေတ် မျိုးကွဲ ဘာသာစကားပေါင်း ၃၀ ပါဝင်သော ဘာသာစကား အုပ်စုကြီး (macrolanguage) ဖြစ်သည်။ ၎င်း ၃၀ အထဲတွင် ဂန္ထဝင် အာရပ် (Classical Arabic) ဘာသာစကားမှ ဆင်းသက်လာသော ခေတ်သစ် စံပြု အာရပ် (Modern Standard Arabic) စကား လည်း ပါဝင်သည်။
 
ခေတ်သစ် စံပြု အာရပ် စကားကို ကျောင်းများ နှင့် တက္ကသိုလ်များတွင် သင်ကြားလျက် ရှိပြီး၊ လုပ်ငန်းခွင် အတွင်း၊ အစိုးရ ကိစ္စရပ်များ နှင့် မီဒီယာတို့တွင် အသုံးပြုလျက် ရှိသည်။ ခေတ်သစ် စံပြု အာရပ် စကားနှင့် ဂနၴဝင် အာရပ် စကား တို့ နှစ်မျိုးကို စာပေ အာရပ် (Literary Arabic) စကားဟု သတ်မှတ်ပြီး၊ ၎င်းတို့ကို နိုင်ငံ ၂၆ နိုင်ငံ၏ ရုံးသုံး စကား အဖြစ် သတ်မှတ် ထားကာ အစ္စလာမ် ၏ ဘာသာရေး စာပေ အနေဖြင့်လည်း အသုံးပြုသည်။ ခေတ်သစ် စံပြု အာရပ် စကားသည် ဂန္ထဝင် အာရပ် စကား၏ သဒ္ဒါ ရေးထုံးအတိုင်း ဖြစ်ပြီး၊ တူညီသော ဝေါဟာရ များစွာကို သုံးထားသည်။ သို့သော် ယနေ့ခေတ်တွင် မည်သည့်နည်း နှင့်မျှ မသုံးတော့သော သဒ္ဒါရေးထုံးနှင့် ဝေါဟာရများကိုမူ စွန့်ပယ်ထားပြီး၊ လျော်ညီသော ရေးထုံး၊ အသုံးအနှုန်းများကို ပြန်လည် ထည့်သွင်း ထားသည်။ ဝေါဟာရ အသစ်များကို ဂန္ထဝင် ခေတ်လွန်၊ အထူးသဖြင့် ခေတ်သစ်တွင် ပေါ်ပေါက်လာသော အယူအဆများကို ဖော်ညွှန်းရာတွင် သုံးသည်။