ကြံခင်းမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာကြောင်း ၆ -
ကြံခင်းမြို့၏ မြူနီစီပါယ်အဖွဲ့ကို ခရစ်နှစ် [[၁၈၈၆]] ခုနှစ်မှ စ၍ ဖွဲ့စည်းတည်ထောင်ခဲ့သည်။
 
ကြံခင်းမြို့သည် [[ဟင်္သာတမြို့]]မှ [[မီးရထား|မီးရထားလမ်း]]အတိုင်း ၆၄ မိုင် ကွာဝေး၍ ဟင်္သာတကြံခင်း မီးရထား လမ်းဆုံးမြို့လည်း ဖြစ်၏။ မြို့၏အကျယ်အဝန်းမှာ စတုရန်း ၂ မိုင်ခန့် ဖြစ်၍ [[သန်းခေါင်စာရင်း|၁၉၅၃ ခုနှစ် သန်းခေါင် စာရင်း]]အရ လူဦးရေ ၆ဝ၄ဝ ယောက်ခန့် ရှိ၏။ မြို့ပေါ်တွင် တရားရုံး၊ ဆေးရုံနှင့် နိုင်ငံတော် အထက်တန်းကျောင်းအပြင် ဆန်စက်များနှင့် သစ်စက်များလည်း ရှိသည်။ လောကသယမ္ဘူနှင့် ချမ်းသာကြီးစေတီတော်တို့မှာ မြို့ပေါ်တွင် ထင်ရှားသော စေတီတော်များ ဖြစ်ကြသည်။ ကြံခင်းမြို့မှ အနောက်ဘက် ၈ မိုင်အကွာတွင် ဖက်ရဲရွာကြီး တည်ရှိသည်။ ထိုရွာမှ တစ်ဆင့် [[ရခိုင်ရိုးမ]] ကို ဖြတ်ကျော်လျှင် [[ရခိုင်ပြည်နယ်|ရခိုင်တိုင်း]]သို့ ပေါက်ရောက်နိုင်သည်။ ကြံခင်းမြို့မှ ဧရာဝတီ မြစ်စဉ်အတိုင်း [[မြောက်အရပ်|မြောက်ဘက်]] ရှိ [[ပြည်မြို့]]သို့ ၄၈ မိုင်၊ [[တောင်အရပ်|တောင်ဘက်]] ဟင်္သာတမြို့သို့ ၆၆ မိုင် ဝေးကွာသည်။ ဆိပ်ကမ်းကောင်းမွန်သဖြင့်၊ [[မီးသင်္ဘော]]၊ [[လှေ]]ကြီး လှေငယ်တို့ ဆိုက်ကပ်နိုင်ပြီးလျှင် အရောင်းအဝယ် စည်ကားသောကြောင့် မြို့ပေါ်တွင် ကုန်သည်ကြီးငယ်တို့ များပြားပေသည်။
 
ပိုးထည်များ ရက်လုပ်ကြ၍၊ ကြံခင်းပိုးထည်မှာ ထင်ရှားလှပေသည်။ ကြံခင်းမြို့နယ်မှ ငှက်ပျောခြောက်လည်း အများအစား ထွက်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)</ref>