နီကိုလာ တက်စလာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 8.38.147.75 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Bhonebsm ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
→‎တက်စလာ၏ ဘဝဖြစ်စဉ်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၂ -
 
== တက်စလာ၏ ဘဝဖြစ်စဉ် ==
တက်စလာကို ဆာဘီးယန် မိဘများမှ ခရိုအေးရှား (Croatia) ရှိ စမီးလ်ဂျန်(smiljan) အရပ်တွင် မွေးဖွားခဲ့သည်။ သူ့ဖခင်မှာ ထိုဒေသရှိ ရှေးရိုး ဘုရားရှိခိုး ကျောင်းလေးမှ သင်းအုပ်အသင်းအုပ် ဘုန်းကြီး တစ်ပါးဖြစ်သည်။ ငယ်စဉ်ကပင် ဉာဏ်ရည် လွန်စွာ ထက်မြက်ခဲ့ပြီး ကဗျာရေးခြင်း၊ စမ်းသပ်မှု ပြုလုပ်ခြင်းများ ကို ဝါသနာ ထုံခဲ့သူ ဖြစ်သည်။ သူ့မိဘများကမူ သူ့ဖခင်ကဲ့သို့ ဘုန်းကြီး ဝတ်စေချင်ခဲ့သည်။ တက်စလာသည် ၁၈၇၁ မှ ၁၈၇၇ အတွင်း ကာလိုဗတ် (Karlovac) မြို့လေးတွင် အထက်တန်းကျောင်း တက်စဉ်ကစပြီး သိပ္ပံပညာရပ်များကို စိတ်ဝင်စားလာခဲ့သည်။ ၁၈၇၇ မှ ၁၈၈ဝ အထိ [[ဩစတြီးယားနိုင်ငံ]] (Austria) ဂရာဇ်(Graz) ရှိ နည်းပညာတက္ကသိုလ်တွင် ပညာသင်ခဲ့ ပြီး ၁၈၈ဝ တွင် University of Prague တွင် ပညာ ဆက်သင်ခဲ့သည်။ သို့ရာတွင် သူ့ဖခင် ဆုံးပါးသွားသဖြင့် ပညာဆုံးအောင် မသင်ခဲ့ရပေ။
 
တက်စလာသည် ၁၈၈၁ တွင် ဘူဒါပက်မြို့([[Budapest]]) ရှိ တယ်လီဖုန်း ကုမ္ပဏီတွင် အင်ဂျင်နီယာ အဖြစ် တစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပဲရစ် သို့ ပြောင်းရွေ့အလုပ်လုပ်ခဲ့သည်။ ထို့နောက် အမေရိကန်သို့ ၁၈၈၄ ခုနှစ်တွင် ပြောင်းရွေ့ခဲ့ပြီးပြောင်းရွှေ့ခဲ့ပြီး ကိုယ်ပိုင် အလုပ်ရုံ မတည်ထောင်မီ အမေရိကန် စွန့်ဦးတီထွင်သူ [[သောမတ် အက်ဒီဆင်]] ဆီ၌ တစ်နှစ်ခန့် အလုပ်လုပ်ခဲ့သည်။ တက်စလာသည် အမေရိကန်ပြည်တွင် သူ့အချိန် အများစုကို စွန့်ဦးတီထွင်သူ ဂျော့ ဝက်စတင်းဟောက်စ် (George Westinghouse) နှင့် လက်တွဲ လုပ်ကိုင်ခဲ့သည်။ ဂျော့ ဝက်စတင်းဟောက်စ် သည် တက်စလာ၏ patents မူပိုင်ခွင့်များကို ဝယ်ယူခဲ့ပြီး အောင်မြင်စွာ ထုတ်လုပ်ရောင်းချခြင်းဖြင့် a.c လျှပ်စစ်ဖြန့်ဖြူးသော (power transmission) စနစ်ကို ဦးဆောင် စတင်ခဲ့သည်။
 
တက်စလာသည် ၁၈၉၂ တွင် အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့သည်။ ၁၈၉၂ တွင် မိခင်ဖြစ်သူ ဆုံးပါးပြီးနောက် တက်စလာသည် ပတ်ဝန်းကျင်နှင့် ရှောင်ခွာပြီး အထီးကျန် စွာ နေစပြုလာသည်။ ၁၉၁၂ တွင် တက်စလာနှင့် အက်ဒီဆင် နှစ်ယောက်လုံးကို [[နိုဗယ်ဆု]]အတွက် လျာထားခြင်း ခံခဲ့ရသည်။ သို့သော် တက်စလာသည် အိမ်သုံး စွမ်းအင်အဖြစ် a.c နှင့် d.c လွန်ဆွဲပွဲတွင် မရိုးသားသော နည်းလမ်းများ သုံးခဲ့သည်ဟု သူယုံကြည်ထားသော အက်ဒီဆင်နှင့် တွဲဘက်ဆုယူရန် ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် တီထွင်သူ နှစ်ယောက်စလုံး နိုဘယ်ဆု မရခဲ့ပေ။ တက်စလာ အနေဖြင့် သူ၏ ရှာဖွေတွေ့ရှိမှု အများစုကို patent မူပိုင်ခွင့် မပြုလုပ်ခဲ့ပဲ ထိုတီထွင်မှုများမှ အကျိုးကျေးဇူး အနည်းငယ်သာ ခံစားခဲ့ရသည်။ သူ၏ နောက်ဆုံး အချိန်များကို [[နယူးယောက်မြို့]]တွင် သေဆုံးချိန်အထိ တိတ်ဆိတ် ငြိမ်သက်စွာ ကုန်ဆုံးစေခဲ့သည်။