နရပတိစည်သူ(ပုဂံ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျှက်နေ +လျက် နေ)
No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆ -
 
== စလင်းမြို့ကြွချီတော်မူလာခြင်း ==
ကုလားကျမင်း၏[[နရသူ (ပုဂံ)|ကုလားကျမင်း]]၏ သားတော် နရပတိစည်သူ မင်းကြီးကား နောင်တော် မင်းယဉ်နရသိင်္ခလုပ်ကြံ၍ သက္ကရာဇ် (၅၂၆)ခုသော် ညီတော်နရပတိစည်သူ ရွှေဘုံရွှေနန်း တက်စံတော်မူ၏။ ထိုမင်းကြီးကား သစ္စာလည်း စောင့်၏။ မင်းကျင့်တရား ဆယ်ပါးနှင်လည်း ပြည့်စုံတော်မူ၏။ နောင်တော်ကို ပြစ်မှားမိ၍ ဘေးတော် အနော်ရထာစောကဲ့သို့ တောင်ဘက်မြောက်ဘက် အရှေ့အနောက်နိုင်ငံတော် အနှံ့ အစပ် မင်းမိဖုယား မောင်းမမိဿံ ခြံရံလျက် စစ်အင်္ဂါ (၄)ပါးနှင့် တင့်တယ်စံပါယ်လျှက် ရွှေဖောင်တော်စီး၍ ကန်ချောင်းဆည်မြောင်း ပြုစုတော်မူလာသော သာသနာတော်နှစ်ကား (၁၇၂၃)ခု ကောဇာသက္ကရာဇ် (၅၄၁)ခုတွင် စလင်းအရပ်သို့ဆိုက်ရောက်တော်မူ၏။
 
ဘောင်းလင်းမြို့၌ ဘေးတော်ကောင်းမှုတော် စောလူးဘုရား၊ ကျွဲထိရွာ၌ ပုထိုးကြီးဘုရားများကို ရှိခိုးပူဇော်တော်မူပြီးမှ ပြည်ရွာ အနေအထိုင် အရပ်လေးမျက်နှာတို့ကို လှည့်လည်၍ ကြည့်ရှုတော် မူသောအခါ ကြငှန်းနတ်မင်း ကိုတွေ့တော်မူ၍ ကုလားကျမင်းသားတော် နရတိစည်သူ ဇမ္ဗူလှည့်သွား မင်းတရားမြတ် မေးတော်မူသည်ကား ကြငှန်းနတ်မင်း ..... ငါသည်ရှေးရှေးမဆွ သံသရာက အဘယ်ဒါနကို ဥသဟမယုတ် အားထုတ်ခဲ့ဘူးသောကြောင့် ထူးမြတ်သော မင်းစည်းစိမ်ချမ်းသာကို ရပါသနည်း ဟုမေးတော်မူလျှင် ကြငှန်းနတ်မင်းသည် ဤသို့ဆို၏။