အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ဆ +။ ဆ, -ယောကျာ်း +ယောက်ျား, -။စ +။ စ)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၁ -
ဘီစီ ၄၂၇ခန့်၊ [[အေသင်မြို့]] ဆွေကြီးမျိုးကြီး အသိုင်းအဝန်းတွင် ပလေတိုအား ဖွားမြင်သည်။ လူငယ်ဘဝတွင် နာမည်ကြီး ဒဿနဆရာ [[ဆိုကရေးတီးစ်]] နှင့်ဆုံတွေ့ပြီး ဆရာတင်ခဲ့သည်။ ဆိုကရေးတီးစ် အသက် ၇၂ နှစ်တွင် မရေရာသော စွဲချက်ဖြစ်သည့်ဘုရားများကို မယုံကြည်သည့် အပြစ်၊ လူငယ်များကို လမ်းမှားပို့သည့် အပြစ်များဖြင့် အဆိပ်သောက်သေစေသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး နောင်တစ်ချိန်တွင် ပလေတိုက"ငါတွေ့ဖူးသမျှ လူတွေထဲမှာ ဆရာဆိုကရေးတီးစ်ဟာ ပညာဉာဏ်အကြီးဆုံး၊ တရားအမျှဆုံးဖြစ်လို့သူ့ကို သုတ်သင်လိုက်တာဟာ ဒီမိုကရေစီအုပ်ချုပ်ရေးရဲ့ အမှားဖြစ်တယ်။"ဟု နာကျင်စွာဆိုခဲ့သည်။
 
ဆိုကရေးတီးစ် ကွယ်လွန်ပြီးနောက် ပလေတိုသည် နိုင်ငံရပ်ခြားသို့ ၁၂နှစ်တိုင် လှည့်လှယ်သင်ယူပြီးလှည့်လည်သင်ယူပြီး ဘီစီ ၃၈၇ မှအေသင်သို့ပြန်ရောက်လာသည်။ နောက် အကယ်ဒမီကျောင်းကိုတည်ထောင်ပြီး အသက်၈၀ (ဘီစီ ၃၄၇)ထိ၊ သက်ဆုံးတိုင် ပညာသင်ကြားပေးသွားခဲ့သည်။ အသက် ၆၀တွင် နာမည်ကျော်တပည့် [[အရစ္စတိုတယ်]]လာရောက် ပညာသင်ကြားသည်။
 
ပလေတိုသည် အဓိကအားဖြင့် နိုင်ငံရေးနှင့် ကျင့်ဝတ်ဆိုင်ရာကျမ်းများကို အရေးများသည်။ တက္ကိတနှင့် ဘာသာရေးဆိုင်ရာ များကိုလည်း ရေးလေ့ရှိသည်။ စုစုပေါင်း ကျမ်း၃၆ ကျမ်းပြုစုခဲ့ပြီး၊ နာမည်ကျော်မှာ '''သမ္မတနိုင်ငံ''' ဟူသောကျမ်းဖြစ်သည်။ ဆရာဆိုကရေးတီးစ်ကို သတ်သည့် တရားခံမှာ [[ဒီမိုကရေစီ]] စနစ်ဖြစ်သည်ဟု အယူအစွဲရှိသည်ကြောင့်လားမသိ၊ ပလေတိုက ရွေးကောက်တင်မြှောက်သည့် စနစ်ကိုပင် များစွာအားမပေးလှပေ။ ထူးခြားချက်မှာ ယောက်ျား၊ မိန်းမ တန်းတူအခွင့်အရေးပေးရန်တောင်းဆိုချက်ဖြစ်သည်။ ထိုခေတ်အခါက ထိုသို့တောင်းဆိုရဲသူမှာ သူတစ်ဦးသာရှိသည်ဟုဆိုနိုင်သည်။
စာကြောင်း ၃၁ -
ပလေးတိုသည် ဂရိတို့၏ သင်ရိုးသင်စဉ် ပညာရပ် အဖုံဖုံ တို့ကို လေ့လာသင်ကြားပြီးနောက်၊ အသက် ၂၀ အရွယ်တွင် ဂရိပညာရှင်ကြီး ဆိုကရေးတီး၏ တပည့်အဖြစ် ခံယူခဲ့ရာ၊ ဆိုကရေးတီး၏ တပည့်ရင်းကြီး ဖြစ်လာသည်။
 
ဘီစီ ၃၉၉ ခုနှစ်တွင် ဆိုကရေးတီး သေဒဏ်အပေးခံရသောအခါ ပလေးတိုသည် အလွန်စိတ်နာကြည်းလှသဖြင့် အေသင်မြို့တော်မှ ထွက်ခွာခဲ့ကာ [[စစ္စလီကျွန်း]]၊ [[အီတလီနိုင်ငံ]]၊ [[အီဂျစ်နိုင်ငံ]] နှင့် အာဖရိကတိုက် မြောက်ပိုင်းဒေသများ၌ ၁၂ နှစ် လုံးလုံးခရီးလှည့်လည်သွားလာလျက် ပညာဗဟုသုတ ရှာမှီးနေခဲ့လေသည်။ ယင်းသို့ လှည့်လည်သွားလာနေစဉ် ဆိုင်ရားကျူဘုရင် ဒိုင်အိုနိုးဆပ်၏ မလိုမုန်းထားခြင်းကို ခံရသဖြင့် ထိုဘုရင်၏ ငွေဝယ်ကျွန်းအဖြစ်ငွေဝယ်ကျွန်အဖြစ် ရောင်းစားခြင်း ခံရရှာသည်။ သို့သော် ကံကောင်းထောက်မ၍ မိတ်ဆွေတစ်ဦးက ပလေးတို အား ကျွန်ဘဝမှ ကယ်တင်သဖြင့် ဘီစီ ၃၈၇ ခုနှစ်တွင် အက်သင်းမြို့တော်သို့ ပြန်လည်ရောက်ရှိသည်။ အက်သင်းမြို့တော်သို့ ပြန်ရောက်သောအခါ ပလေးတိုသည် အကယ်ဒမီဟုခေါ်သော ကျောင်းတစ်ကျောင်းကို မြို့မှ တစ်မိုင်ခန့်ကွာဝေးသော အရပ်တွင် စတင်တည်ထောင်ပြီးနောက်၊ သူ၏ တပည့်များဖြစ်သော အက်သင်း မြို့သားလူငယ်များအား မိမိလေ့လာမှတ်သားခဲ့သည့် ပညာဗဟုသုတများကို သင်ကြား ပို့ချ နေထိုင်ယင်း၊ အသက် ၈၀ အရွယ်တွင် အနိစ္စရောက်သွားလေသည်။ စင်စစ်အားဖြင့် ထိုအကယ်ဒမီ ကျောင်းတော်သည် ဂရိနိုင်ငံ၏ ပညာရှာမှီးရာ ဗဟိုဌာနတခုဖြစ်လာခဲ့သည်သာမက ဥရောပသမိုင်းတွင် ပထမဆုံးတည်ထောင်ခဲ့သော တက္ကသိုလ်ကြီးတစ်ခုလည်း ဖြစ်လေသည်။
 
ပလေးတို၏ စာပေလက်ရာဟူ၍ တစ်စုံတစ်ခုမျှ ပျောက်ပျက်သွားခြင်း မရှိသော်လည်း၊ တွေ့ရှိသမျှ လက်ရာများသည် သူ၏လက်ရာ အစစ်ဟုတ် မဟုတ်ကိုကား သံသယဖြစ်နေကြသည်။ သူရေးသားထားသော စာပေများမှာ များသောအားဖြင့် စုံတွဲအပြန်အလှန် စကားပြောဆိုပုံမျိုးဖြစ်သည်။ ဆရာဖြစ်သူ ဆိုကရေးတီး နှင့်ယထာဘူတပညာဆိုင်ရာ အတွေးအခေါ်တို့ကို ဆွေးနွေးနေဟန် ရေးသားကာ၊ မိမိ၏ ယထာဘူတ ပညာဆိုင်ရာ သဘောတရားများကိုလည်း ဆိုကရေးတီး၏နှုတ်မှ မြွက်ကြားဟန်မျိုးဖြင့် ဖော်ပြခဲ့လေသည်။