အပြိုင် စကြဝဠာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-စကြာဝဠာ +စကြဝဠာ)
စာကြောင်း ၁ -
'''အပြိုင် စကြဝဠာ''' ('''များစွာသော စကြဝဠာ'''၊ '''မဟာ စကြဝဠာ''') ဆိုသည်မှာ သီအိုရီဆိုင်ရာ စကြဝဠာတစ်ခုဖြစ်သည်။ ယင်းစကြဝဠာသည် မိမိတို့နေထိုင်သည့် [[စကြဝဠာ]]အပါအဝင် ပုံသေစကြာဝဠာ၊ပုံသေစကြဝဠာ၊ အနန္တစကြာဝဠာတို့အနန္တစကြဝဠာတို့ ပါဝင်သည်။ ပုံသေစကြဝဠာဟူသည် ဥပမာဆိုရသော် မပြောင်းလဲဘဲ ပုံသေအရွယ်အစားရှိသော စကြဝဠာဖြစ်ပြီး
အနန္တစကြဝဠာဟူသည် အဆုံးအစမရှိအောင် ကျယ်ပြောလှသည့် စကြဝဠာဖြစ်သည်။ မဟာ စကြဝဠာသည် ယင်းတို့နှင့် ကွဲပြားသည်။ လူသားတို့သည် တချိန်က မိမိတို့[[ကမ္ဘာမြေ]]အား စကြဝဠာ၏ ဗဟိုဟု ထင်မှတ်ခဲ့ဖူးသည်။ ကော်ပါးနိကပ်ဆိုသောပုဂ္ဂိုလ်ပေါ်လာသောအခါ ကမ္ဘာသည် စကြာဝဠာ၏ဗဟိုမဟုတ်ဘဲစကြဝဠာ၏ဗဟိုမဟုတ်ဘဲ [[နေအဖွဲ့အစည်း|နေစကြာဝဠာနေစကြဝဠာ]]၏ သာမန်ဂြိုဟ်တစ်စင်းမျှသာဖြစ်ကြောင်း သိရှိရသည်။ ထို့မှတဖန် မိမိတို့၏[[နေ]]မင်းသည်လည်း [[နဂါးငွေ့တန်း ဂယ်လက်ဆီ]]၏ အလယ်အလတ်တန်းစား သာမန်ကြယ်တစ်စင်းမျှသာဖြစ်ကြောင်း၊ နဂါးငွေ့တန်းသည်လည်း [[Local Group]] ဆိုသည့် [[ဂယ်လက်ဆီ]]အုပ်စု၏ သာမန်ဂယ်လက်ဆီဖြစ်ကြောင်း၊ ဂယ်လက်ဆီတို့သည်လည်း အုပ်စုဖွဲ့ကာ မဟာဂယ်လက်ဆီအုပ်စု စသည်ဖြင့် စကြဝဠာသည် အင်မတန် ကျယ်ပြောလှကြောင်း သိရှိခဲ့ရသည်။ သို့သော်လည်း ယနေ့လူသားတို့ စကြဝဠာ၏ အနားစွန်းသို့ ခေတ်မီနည်းပညာများဖြင့် လှမ်းမျော်သောအခါ [[အလင်းနှစ်]] ၁၂ [[ဘီလီယံ]]အကွာအဝေးမှ အရာဝတ္ထုများအား တွေ့ရသည်။ ထိုအရာဝတ္ထုများသည် [[မဟာပေါက်ကွဲမှု]] ဖြစ်ပြီးချင်း နှစ်သန်းပေါင်းအနည်းငယ်အကြာတွင် ဖွဲ့တည်လာကြသည့် သက်တမ်းရင့် ဂယ်လက်ဆီများ၊ [[ကွေဆာ]]များ ဖြစ်ကြသည်။
ယင်းအရာဝတ္ထုများ၏အလွန်တွင် အခြားသော ဂယ်လက်ဆီများလည်း ရှိနိုင်သေးသည်။ သို့သော် ယနေ့နည်းပညာဖြင့် မမြင်နိုင်ပေ။ ယင်းကဲ့သို့ လူသားတို့လက်လှမ်းမီသမျှ လေ့လာနိုင်သည့် စကြဝဠာအား [[လေ့လာနိုင်သော စကြဝဠာ]]ဟု ခေါ်ဆိုသည်။