ငုံး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၃ -
[[File:Quail eggs.jpg|thumb|ငှက်သိုက်ရဲ့ငုံးဥများ]]
 
'''ငုံး'''သည် အလယ်အလပ်ရစ်ငှက်မျိုးကွဲ (''Phasianidae'') အများ၏အမည်ဖြစ်သည်။
ပါဏဗေဒအရ ငုံးသည် ဒေါင်း၊ တောကြက်၊ ရစ်တို့နှင့်
အတူ 'ဂယ်လီဖောမီး'မျိုးစဉ်တွင် ပါဝင်လေသည်။ 'ကိုတာနစ်
ချိုင်းနန်းဆစ်' အမည်ရှိ ငုံးသည် အလျား ၆ လက်မရှိ၍ သေး
ငယ်ကျစ်လျစ်သည်။ ငုံးဖိုနှင့် ငုံးမတို့မှာ အရောင်အဆင်းချင်း
မတူကြချေ။ ငုံးဖိုသည် ကျောဖက်၌ အမည်းပြောက်နှင့် သံချေး
ရောင် အပြောက်များရှိသည်။ ခြေထောက်ဝါသည်။ မြက်တော
ထဲမှ ထ၍ ပျံသောအခါ ငုံးဖိုသည် သာမန်ငှက်မည်းများ ဖြစ်
သည်ဟု ထင်မှတ်ရသည်။ ငုံးမသည် ငုံးဖိုထက် အရောင်ဖျော့
သည်။ ကိုယ်တွင်ဝမ်းနှင့် ရင်ဖက်၌ ညိုဝါရင့်ရောင်ရှိသည့်ပြင်
ရင်ပိုင်းနှင့် နံဘေးဖက်တွင် အမည်းကန့် လန့်စင်းများ ပါရှိ
သည်။ ငုံးမသည် သာယာသောအသံကို ပြုတတ်သည်။
ငုံးကို ကောက်ရိုးပြတ်နှင့် မြက်တောပေါများရာ လွင်ပြင်
များတွင် အနှံ့အပြား တွေ့ရသည်။ ကိုက်အနည်းငယ်မျှလျင်
မြန်စွာ ပျံသန်းပြီးလျှင် ချုံဖုတ်ထဲသို့ဝင်၍ ခိုအောင်းနေတတ်
သည်။ ခရီးဝေး မပျံသန်းနိုင်ချေ။
မြန်မာနိုင်ငံတွင် မိုးဥတု၌ အများအားဖြင့် ဥဥသည်။
ဇန်နဝါရီလတွင်လည်း အချို့ငုံးများ ဥအုသည်ကို တွေ့ရသည်။
တစ်မြုံလျှင် ဥ ၄ လုံးမှ ၇ လုံးခန့်ရှိ၍ အဝါရောင်၊
အညို ရင့်ရောင် စသည်ဖြင့် ကွဲပြား ခြားနားကြသည်။
အချို့တွင် အပြောက်ပါရှိသည်။ ဤငုံးအမျိုးမျိုးကို
အာဖရိကတိုက်၊ သြစတြေး လျတိုက်၊ မြန်မာနိုင်ငံရှိ
လွင်ပြင်များနှင့် ရှမ်းကုန်းပြင်မြင့်တွင် အနှံ့အပြား
တွေ့ရသည်။ငုံးအမျိုးမျိုးရှိကြရာ ထင်ရှားသော အခြားငုံး ၂ မျိုးမှာ
'ကိုတာနစ် ကိုရိုမန်ဒဲလစ်ကား'နှင့် 'ကိုတာနစ် ကိုတာနစ်'
ဖြစ်သည်။
 
'ကိုတာနစ် ကိုရိုမန်ဒဲလစ်ကား'ငုံးသည် အလျား ၇ လက်မ
ရှိသည်။ အဝေးမှကြည့်လျှင် ယင်းကို အခြားငုံးနှင့် ခွဲခြားရန်
အလွန်ခဲယဉ်းသည်။ သို့သော် ခြားနားချက်မှာ အရွယ်ငယ်ခြင်း၊
အသံကွဲပြားခြင်းပင် ဖြစ်သည်။ ငုံးဖို၏ ရင်ပိုင်းသည် သိသာ
ထင်ရှားစွာ မည်းနက်သည်။ ငုံးမမှာ ဤသို့မည်းနက်ခြင်း
မရှိချေ။
 
ဤငုံးသည် ကျယ်လောင်စွာ အော်မြည်တတ်လေသည်။
ဇူလိုင်လမှ အောက်တိုဘာလအတွင်း ထိုငုံး၏ အော်သံကို
အများအားဖြင့် ကြားရသည်။ ရွာအနီးအနားတွင် ပေါက်ရောက်
သောမြက်တောနှင့် စိုက်ခင်းများတွင် ကျက်စားလေ့ရှိသည်။
အကောင်ပေါက်ချိန်တွင် ဖိုမတွဲ၍ နေတတ်သည်။ အခြား
အချိန်တွင် တစ်ကောင်ချင်း သို့မဟုတ် အအုပ်အသင်းဖြင့်
နေလေ့ရှိသည်။ တစ်နေရာထဲတွင် အမြဲတစေ ကျက်စားလေ့
ရှိသည်။ သို့သော် ရာသီအလိုက် ဒေသပြောင်းရွှေ့၍ ကျက်စား
သည်လည်း ရှိသေး၏။
 
ဖေဖော်ဝါရီလမှ အောက်တိုဘာလအတွင်း အကောင်ပေါက်
သည်။ မြေပေါ်တွင် ဥကျင်းတူး၍ ဥ ၄ လုံးမှ ၁၁ လုံးထိ ဥ
အုတတ်သည်။ ဥအရောင်မှာ အမျိုးမျိုး ဖြစ်သည်။ အချို့
တွင် အပြောက်ပါရှိ၍ အချို့တွင် မပါရှိချေ။
ဤငုံးမျိုးကို အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ သီဟိုဠ်ကျွန်းတို့တွင်
တွေ့ရသည်။ မြန်မာနိုင်ငံတွင် မိုးခေါင်ရေရှား ရပ်ဝန်းနှင့်
ရှမ်း ကုန်းပြင်မြင့်တွင် အများအားဖြင့် တွေ့ရသည်။
 
'ကိုတာနစ် ကိုတာနစ်' ငုံး၏အရွယ်မှာ ၁၅ ရက်သား
ကြက်ငယ်ကလေးမျှ ရှိသည်။ အလျား ၇ လက်မ ၈ လက်မ
အထိ ရှိသည်။ အမြီးမပါရှိချေ။ ဦးခေါင်းတွင် သဲရောင်အစင်း
ကြောင်းများနှင့် အဖြူရောင် အတန့်အရစ်များ ပါရှိသည်။
ကိုယ်ပေါ်တွင် ညိုဝါရောင်အစင်းများ ပါရှိသည်။ ကျောဖက်
တွင် မည်းနက်သည့်အပြင် ညိုဝါရောင်ကွက်များ မညီမညာ
ပါရှိသည်။ ငုံးဖို၏ လည်ချောင်းတွင် ကျောက်ဆူးသဏ္ဌာန်
အမည်းမှတ် ရှိသည်။
 
ဤငုံးသည်လည်း ကျက်စားနေကျဒေသတွင် အမြဲနေ၍
ရာသီအလိုက်သာလျှင် ဒေသပြောင်း၍ ကျက်စားတတ်သည်။
လွင်ပြင်များတွင်၎င်း၊ မြက်တောနှင့် စိုက်ခင်းများတွင်၎င်း
အများအားဖြင့် တွေ့ရသည်။ ဖိုမတွဲလျက် သို့မဟုတ် အအုပ်
အသင်းဖွဲ့လျက် နေတတ်သည်။ ဤငုံးပျံသန်းသောအခါ ပျံခါ
စတွင် အတောင်ခတ်သံကိုပေး၍ အော်မြည်တတ်သည်။
တစ်ဟုန်ထိုး လျင်မြန်စွာ ပျံတက်စေကာမူ ခရီးဝေးမပျံနိုင်ချေ။
ကောက်ပဲသီးနှံ၊ မြက်၊ မျိုးစေ့များကို၎င်း၊ ခြနှင့် အခြား
အင်းဆက်ပိုးကောင်များကို၎င်း စားသောက်တတ်သည်။
ငုံးများကို ပိုက်ကွန်ဖြင့်ထောင်၍ ဖမ်းဆီးယူရသည်။
ဤငုံးမျိုး သားပေါက်သောအချိန်မှာ မတ်လမှ မေလ
အတွင်း ဖြစ်သည်။ အသိုက်များကို စိုက်ခင်းကြားနှင့် မြက်
ခင်းကြားတွင် ပြုလုပ်ထားတတ်သည်။ တစ်မြုံလျှင် ဥ ၆ လုံးမှ
၁၄ လုံးခန့်ရှိသည်။ဥများမှာ နီဝါရောင် သို့မဟုတ် နီကြန့်ကြန့်
ရောင်ရှိ၍ အညိုရင့် အပြောက်များလည်း ပါရှိ၏။
ဤငုံးကို အာဖရိကတိုက်၊ ဥရောပတိုက်နှင့် အာရှတိုက်
အနှံ့အပြားတွင် တွေ့ရသည်။ မြန်မာနိုင်ငံတွင် ဆောင်းရာသီ၌
တစ်ခါတစ်ရံ တွေ့ရသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>
 
==ကိုးကား==
<references/>
[[Category:တိရစ္ဆာန်]]
[[Category:ငှက်]]
 
[[bg:Пъдпъдък]]
"https://my.wikipedia.org/wiki/ငုံး" မှ ရယူရန်