လျှပ်စစ်ဓာတ်အား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၆ -
လျှပ်စစ်စွမ်းအင်ဧ။်အကြောင်းကို နကန်းတလုံးမှနားမလည်စဥ် ရှေးပဝေသဏီ ကပင် [[Electric Fish]] ဟုခေါ်သည့် လျှပ်စစ်စက်ကွင်းကိုရုတ်တရက်ထုတ်လွတ်နိုင်သည်ငါးမှတဆင့် Electric Shock ကိုလူသားတို့သိရှိနားလည် ခံစားခဲ့ကြသည်။ ဘီစီ ၂၇၅ဝ တွင်တွေ့ရှိရသော ရှေးဟောင်းအီဂျစ်လူမျိုးတို့ဧ။် မှတ်ရာမှတ်တမ်းများတွင်တော့ လျှပ်စစ်စစ်ငါးတို့ကို နိုင်းမြစ်ဝှမ်းမှ မိုးကြိုးပစ်သူများဟုဖော်ပြထားပါသည်။ထိုငါးများကို ငါးအပေါင်းတို့၏ဘုရင်ဟုတောင်တင်စားထားပါသည်။ ထိုလျှပ်စစ်ငါးများနှင့်ပတ်သက်၍မှတ်တမ်းမှတ်ရာများကို ရှေးခေါမမှတ်တမ်းများတွင်၄င်း၊ ရောမမှတ်တမ်းများတွင်၄င်း၊ အာရေဗျမှတ်တမ်းများတွင်လည်းတွေ့မြင်နိုင်ပါသည်။ [[Mediterranean]] ခေတ်ဝန်းကျင်တွင်ရှိခဲ့သော တချို့သောလူအဖွဲ့အစည်းများသည် ဖန်ချောင်းဖြင့်သိုးမွေးကိုပွတ်တိုင်ခြင်းဖြင့် [[တည်ငြိမ်လျှပ်စစ်]] ရကြောင်း ကိုလည်းသိရှိခဲ့ကြသည်။ ဂရိတွေးခေါ်ပညာရှင် [[သေလိ]] သည် တည်ငြိမ်လျှပ်စစ်နှင့် ပတ်သက်၍ စမ်းသပ်မှု အမျိုးမျိုးကိုပြုလုပ်ခဲ့ကာ [[ပွတ်တိုက်အား]] သည်ဖန်ချောင်းကို [[သံလိုက်]] အဖြစ်ပြောင်းလဲပေးသည်ဟုယူဆခဲ့လေသည်။
 
ပွတ်တိုက်မှုကြောင့်ဖန်ချောင်းသည်သံလိုက်ဖြစ်လာသည်ဟူ၍ယူဆသောသေလိ၏အယူအဆသည်မှားသော်ငြားလည်း၊ နောက်ပိုင်းတွင်သံလိုက်နှင့် လျှပ်စစ်တို့ဆက်စပ်မှုရှိသည်ဟု [[သီအိုရီ]] များ သည်သက်သေများနှင့်တကွပေါ်ထွက်ခဲ့လေသည်။ ၁၉၃၆တွင် အီရတ်နိုင်ငံ ဘတ်ဒက်ြမို့တော်အနီးရှိ [[Ctesiphon]] ရှေးဟောင်းတူးဖော်ရေးဆိုဒ် တွင် တွေ့ရှိခဲ့သော [[Baghdad Battery]] များကိုသုံးသက်ခြင်းအားဖြင့် ရှေးဟောင်း [[Parthia]] လူမျိုးများသည်လည်း [[ရွေရည်စိမ်ခြင်း]] [[Electroplating]] ကိုတတ်ကွျမ်းသည်ဟုယူဆရပါသည်။