Kira Yamato ပြင်ဆင်ရန်

 

အမည်ရင်း ဇေယျာသန်း၀င်း ဖြစ် ၍ ၁၉၈၃ ဩဂုတ်လ ၃၀ ရက်ေန့တွင် ရေကြောင်းအင်ဂျင်နီယာ ဦးသန်းဝင်း နှင့် ဒေါ်သက်သက်မာ တို့မှမွေးဖွားခဲ့သည်။ ဇာတိမှာ ရန်ကုန်ဇာတိ ဖြစ်သည်။ မွေးချင်းသုံးယောက်တွင် အကြီးဆုံး ဖြစ်သည်။

၂၀၀၀ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို အ ထ က (၂) ဒဂုံ မှ အောင်ြမင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ Diploma in Electronics နှင့် ၂၀၀၆

ခုနှစ်တွင် Diploma in Information & Comuunication Technology ကိုရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် University of Sunderland (United Kingdom) မှ

လျှပ်စစ်နှင့်အီလက်ထရွန်းနစ် အင်ဂျင်နီယာ ဘွဲ့ ရရှိခဲ့သည်။

၂၀၀၈ မှ ယနေ့တိုင် Singapore နိုင်ငံရှိ Keppel FELS Limited တွင် Senior Quality Engineer ဖြင့်တာဝန်စတင်ထမ်းဆောင်ခဲ့သည်။

၂၀၀၈ခုနှစ်တွင် Keppel FELS ၏ iQC Convention တွင် ရွှေတံဆိပ်ဆုကို၎င်း၊ ၂၀၀၉ ခုနှစ် Singapore National iQC Convention တွင် ငွေတံဆိပ်ဆုကို၎င်း ရရှိခဲ့ကာ၊ ၂၀၀၈ ခုနှစ်တွင် အမေရိကန် Maryland ရှိ Institute of Neuromorphic Engineering မှ Membership ကို၎င်း၊ ၂၀၀၉ ခုနှစ် မတ်လတွင် Singapore Quality Institute မှ Membershipကို၎င်း ရရှိခဲ.သည်။

၂၀၀၇ ခုနှစ်တွင် "ကျွန်တော်ကိုရုပ်ဆိုး" ၊ "ကျွန်တော်ချစ်ေသာစံထိပ်ထား" ဟူသော ရသဝတ္ထုတို များဖြင့် စာပေရေးသားခြင်းများကိုစတင်လုပ်ကိုင်ကာ၊ ၂၀၀၈ ခုနှစ်တွင် ပထမဆုံး Self Improvement ဆောင်းပါး "ရွှေမြန်မာတွေပညာခေတ်ကိုရင်ဆိုင်ဖို့အသင့်ဖြစ်ြပီလား" ကိုသော်၎င်း၊ ၂၀၀၉ ခုနှစ်တွင် ဘာသာပြန်နည်းပညာစာအုပ် Control Theory နှင့် Marine Electrical Systems တို့ကိုရေးသားခဲ့သည်။

ဆက်သွယ်လိုပါက - zeyar.monsoon@gmail.com ကိုဆက်သွယ်နိုင်ပါသည်။