လျှပ်စစ်ဓာတ်အား: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၀ -
ထို႕နောက်ပိုင်း ၁၇ရာစု မှ ၁၈ရာစုဦးအထိ [[Otto von Guericke]] ၊ [[Robert Boyle]] ၊ [[Stephen Gray]] ၊ [[C. F. du Fay]] စသောပညာရှင်များသည် ဆက်လက်လေ႕လာခဲ႕ကြသည်။ ၁၈ရာစုတွင် [[Benjamin Franklin]]သည် ရှိသမျကိုရောင်းချပေါင်နှံကာ အရင်းပြုပြီး လျှပ်စစ် နှင့်ပတ်သက်သည့် သုသေသနလုပ်ငန်းများကို အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ပါသည်။ ၁၇၅၂ဇွန်လတွင် ဖရန်ကလင်းသည် စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့သည်။ ယင်းစမ်းသပ်မှုနှင့်ပတ်သက်ပြီး ဖရန်ကလင်း လည်းနာမည်ကြီးခဲ့သည်။ ဖရန်ကလင်းသည် စိုစွတ်နေသောစွန်တစ်ခု၏ကြိုးတွင် သော့တစ်ချောင်းကိုတပ်ဆင်ကာ မိုးတိမ်ရှိရာသို့လွတ်တင်ခဲ့သည်။ မီးဖွားများသည် ဆက်ခါဆက်ခါ စိုစွတ်သောကြိုးမှတဆင့် သော့သို့၄င်း၊ ထို့နောက် လက်သို့၄င်းကူးလာသည်။ တနည်းအားဖြင့် [[short circuit]] ဖြစ်လာခြင်းပင်ဖြစ်သည်။ ယင်းနည်းဖြင့် ဖရန်ကလင်းသည် လျှပ်စီးလက်ခြင်းသည် တည်ငြိမ် လျှပ်စစ်ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ပါသည်။
[[File:Franklin-Benjamin-LOC.jpg|thumb|left|upright|alt=A half-length portrait of a bald, somewhat portly man in a three-piece suit.|[[Benjamin Franklin]] ဘင်ဂျမင် ဖရန်ကလင်း ]]
၁၇၉၁တွင် [[Luigi Galvani]] သည် [[Bioelectricity]] ကိုရှာဖွေတွေ့ရှိခဲ့သည်။ [[နာဗ်ဆဲလ်]] (Nerve Cells) များမှ [[ကြွက်သား]] (Muscles) များသို့ အချက်ပြသတင်းပေးပို့ရာတွင် အသုံးပြုသည့် လျှပ်စစ်ဓာတ်အားကို Bioelectricity ဟုခေါ်သည်။ [[Alessandro Volta]] သည် ခရစ်နှစ် ၁၈ဝဝလောက်တွင် [[ကြေးနီ (Copper)]] နှင့် [[သွပ် (Zinc)]] များကို အသုံးပြုခြင်းအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လွတ်နိုင်သော [[ပင်မဓာတ်အိုး (Primary Cell)]] အမျိုးအစားဖြစ်သည့် [[ဗိုလတိတ်ဓာတ်အိုး (Volta Cell)]] ကိုတည်ထွင်ခဲ့ပါသည်။