မိုးကုတ်မြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[File:mogoke.jpg|frame|မိုးကုတ်မြို့]]
မြန်မာနိုင်ငံ၏ မိုးကုတ်မြို့ကို မြန်မာများသာမက ကမ္ဘာသိ အောင်ထိပင်ကျော်ကြားသည့် အရပ်ဒေသဖြစ်သည်။ ကမ္ဘာ့ပထမတန်းစား ကျောက်မျက်များထွက်ရှိရာဒေသ၊ ကမ္ဘာပေါ်တွင် အကောင်းဆုံးသော [[ပတ္တမြား]]များထွက်ရှိရာ ပတ္တမြားမြေ ဟုအထင်ကရကျော်စောပါသည်။ မိုးကုတ်ဒေသမှထွက်သည့် ပတ္တမြား၊ [[နီလာ]]အစပြုကာ ယခုနောက်ဆုံး ပိန်းနိုက် (Painite) အထိ ကျောက်မျက်[[ရတနာ]]ကုန်သည်များ အကြားအလွန် ရေပန်းစားပါသည်။
 
မိုးကုတ်မြို့သည် မြန်မာနိုင်ငံအထက်ပိုင်း၊ စစ်ကိုင်း
တိုင်း၊ ရွှေဘိုခရိုင်တွင်ပါဝင်သော မိုးကုတ်နယ်၊ မိုးကုတ်မြို့နယ်
တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြား
သည် မိုးကုတ်မှ ထွက်သည်။ ထိုကြောင့် ပတ္တမြား၊ နီလာ
စသော ကျောက်မျက်ရတနာ ထွက်ရာဒေသအဖြစ် မြန်မာနိုင်ငံ
တွင်သာမက ကမ္ဘာတွင် ထင်ရှားသည်။
ဗြိတိသျှတို့ သိမ်းပိုက်စက မိုးကုတ်မှာ ခရိုင်ဖြစ်၍
ပတ္တမြားတွင်းခရိုင်ဟု တွင်သည်။ မြန်မာနိုင်ငံ၏ အဖိုးတန်
မြေ ဖြစ်သည်။
 
မိုးကုတ်နယ်သည် ရွှေဘိုခရိုင်၏ အရှေ့ဘက်တွင်
ကျရောက်၍ ရှမ်းပြည်နယ်များနှင့် ဆက်စပ်လျက်ရှိသည်။
မိုးကုတ်နယ်တွင် မိုးကုတ်မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့
ပါဝင်သည်။ ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ
၂၆,၃၂၈ ယောက်ရှိသည်။
 
မိုးကုတ်နယ်သည် ကျောက်တောင်ထူထပ်၏။ ပေ
၇ယ၅ဝဝ ကျော်မြင့်သောတောင်များရှိသည်။ တောင်များမှာ လျှို၊
မြောင်၊ ချောက်များဖြင့် ပြတ်လျက်ရှိသည်။ ဤကျောက်များ
ကား လိပ်သည်းကျောက်၊ ပုံဆောင်ထုံးကျောက်တို့ ဖြစ်၏။
ယင်းကျောက်များမှ ပတ္တမြား၊ နီလာ၊ ကျောက်နီအပြင် ဣန္ဒ
နီလာ၊ ဥဿဖယား၊ ဖရဲအူ၊ မျော၊ ပြောင်ခေါင်းစိမ်း၊ အညံ့
ကျောက်၊ ရွှေတွင်းဝါ၊ နဂါးသွဲ့မှတ်မီး စသည်တို့ ထွက်သည်။
မိုးကုတ်နယ်တွင်းရှိ ကျပ်ပြင်မှာ ရှေးအခါက ပတ္တမြားကုမ္ပဏီ
၏ ဌာနချုပ်တည်ရာ ဖြစ်သည်။
 
မိုးကုတ်မြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက် ၃၆ မိုင်
ကွာလှမ်း၍ ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်းဒေသတွင်
ပင်လယ်ပြင်အထက် ပေ ၄,ဝဝဝ ခန့် မြင့်ရာအရပ်၌ တည်ရှိ
သည်။ မြို့၏အရှေ့ဘက်တွင် ပေ ၆,၇၃၃ မြင့်သောကြေးနီ
တောင်၊ အနောက်ဘက်တွင် ပေ ၅,၃၄၅ မြင့်သော ပင့်ကူ
တောင်၊ တောင်ဘက်တွင် ပေ ၅,၆ဝ၆ မြင့်သော ထင်းရှူး
တောင် နှင့် မြောက်ဘက်တွင် ပေ ၇,၅၄၄ မြင့်သော တောင်
မည်းတောင်တို့ တည်ရှိသည်။ ထိုတောင်များ၏အကြားရှိ ချိုင့်
ဝှမ်းတွင် ခပ်ခွက်ခွက်တည်ရှိပေသောကြောင့် မိုးကုတ်မြို့၏
ပုံသဏ္ဌာန်သည် ဒယ်အိုးသဖွယ်ဖြစ်၏။ တောများဖုံးလွှမ်းလျက်
ရှိသော တောင်များဖြင့် ဝန်းရံလျက်ရှိသောကြောင့် မိုးကုတ်မြို့
ပတ်ဝန်းကျင်ရှုခင်းမှာ သာယာပေသည်။ တောင်ကုန်းမြင့်ပေါ်
တွင် တည်ရှိသဖြင့် အခြား မြေပြန့်ဒေသများထက် အေးသော
ဥတုရှိသည်။ ဆောင်းရာသီတွင် ဖာရင်ဟိုက် ၃၇ ဒီဂရီအထိပင်
ကျဆင်းတတ်သည်။ မိုးကုတ်မြို့၏ အနောက်မြောက်ဘက် ၁ဝ
မိုင်ကွာတွင်ရှိသော ဗားနဒ်မြို့မှာ ပို၍ မြင့်သောကြောင့် ပို၍ပင်
အေးသေးသည်။
 
မိုးကုတ်နယ်နှင့် မိုးကုတ်မြို့တို့တွင် နေထိုင်သူတို့သည်
ကျောက်တွင်းများကို အမှီသဟဲပြု၍ နေသူများဖြစ်ရကား
ကျောက်များတူးဖော်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်များဖြင့်
အထည်ပြုလုပ်ခြင်း၊ ကျောက်ရောင်းခြင်း၊ ကျောက်ပွဲစားလုပ်
ခြင်းတို့မှာ အဓိကလုပ်ငန်းဖြစ်၏။ ကျောက်တွင်းပိုင်တို့သည်
ကံကောင်းထောက်မ၍ ကျောက်အောင်ပါက နေ့ချင်း ညချင်း
ဆိုသလိုပင် ငွေကြေးချမ်းသာနိုင်ပေသည်။ ကုန်းမြင့်ဒေသတွင်
ဖြစ်သောကြောင့် တောင်ယာများကိုသာ စိုက်ပျိုးလုပ်ကိုင်သည်။
အစားအသောက်များစွာ မထွက်ဘဲ အခြားနယ်များမှ တင်သွင်း
ရသည်။ မိုးကုတ်တွင် ၅ ရက်တစ်ဈေးရှိသည်။ မြို့ပေါ်ရှိ
လူဦးရေမှာ ၈,၃၃၄(၁၉၅၃) ဖြစ်၍၊ အိမ်ခြေပေါင်း ၁ယ၈ဝဝ ခန့်
ရှိလေသည်။
 
မိုးကုတ်နယ်တွင်း၌ မီးရထားလမ်း မရှိပေ။ မိုးကုတ်
နယ် အပိုင် သပိတ်ကျင်းမြို့မှာမူ ဧရာဝတီမြစ်၏ လက်ဝဲဘက်
ကမ်းပေါ်တွင် တည်ရှိကာ မန္တလေး-ဗန်းမော်သွား သဘေ‡ာများ
ဆိုက်ကပ်ရပ်နား၍ ကုန်တင် ကုန်ချများသော ဆိပ်ကမ်းတစ်ခု
ဖြစ်သည်။ မိုးကုတ်သို့ ရောက်ရှိနိုင်ရန် သပိတ်ကျင်းမှသည်
ကားလမ်းအတိုင်း ၆ဝ မိုင်မျှ သွားရပေသည်။ လမ်းခရီးမှာ
အထူး စိတ်ကြည်နူးဖွယ်ကောင်းသည်။ တောင်တက်လမ်းပင်
ဖြစ်သော်လည်း ကျောက်ခင်းလမ်းဖြစ်သဖြင့် သွားလာရ
သက်သာလွယ်ကူသည်။ ထိုလမ်းတွင် စရပ်ဖြူပေမြင့်စခန်းမှာ
ပေ ၄,၈၁ဝ အမြင့်ရှိ၍ ထိုနေရာတွင် သပိတ်ကျင်းနှင့် မိုးကုတ်
မြို့နယ်တို့၏ နယ်နိမိတ်ကို ကျော်ဖြတ်သည်။ ထိုတောင်ထိပ်မှ
နေ၍ ကြည့်လျှင် ဧရာဝတီမြစ်ကိုမြင်ရပေသည်။ ပေ ၄,၅ဝဝ
အမြင့်တွင်ရှိသော ကျပ်ပြင်မှသည် မိုးကုတ်မြို့ ရောက်သည်
အထိ ပေ ၇ဝဝ မျှ တောက်လျှောက်လျှော၍ ဆင်းသွားရပေ
သည်။ ယခုအခါ မိုးမိတ်လမ်းမှာ ဗန်းမော်သို့ပင် ပေါက်ပြီဖြစ်
၍ ဗန်းမော်မှတစ်ဆင့် မြစ်ကြီးနားသို့တိုင်အောင် မော်တော်ကား
ဖြင့် သွားနိုင်ပေပြီ။ မိုးကုတ်မှ ၇၆ မိုင်ကွာဝေးသော ကျောက်မဲ
မြို့သို့လည်း ကားလမ်းပေါက်သည်။
 
မိုးကုတ်မြို့နယ်တွင် ရှမ်းအမျိုးသားများမှာ အများစု
ဖြစ်၍ ဗုဒ္ဓဝါဒီများ ဖြစ်ကြပေသည်။ တရုတ်နှင့် အိန္ဒိယ
အမျိုးသား အနည်းအကျဉ်းလည်းရှိပေသည်။ မြန်မာ၊ မြေလတ်၊
ဓနု၊ လီရှော၊ ဟူမှိုင်းပလောင်နှင့် ရှမ်းတရုတ်များကိုလည်း
တွေ့နိုင်ပေသည်။
 
မိုးကုတ်မြို့ပေါ်တွင် ရုံးများ၊ အထက်တန်းကျောင်းနှင့်
အခြားစာသင်ကျောင်းများ၊ ထောင်၊ ဈေးနှင့် အိမ်ကြီး အိမ်
ကောင်းများအပြင် ဘုန်းကြီးကျောင်းပေါင်း ၃ဝ ကျော် ရှိ၏။
မြို့ပတ်ဝန်းကျင်နှင့် မြို့နယ်တွင်းရှိ တောင်တန်းများပေါ်၌လည်း
ထယ်ဝါသော ဘုန်းတော်ကြီးကျောင်းများနှင့် စေတီ ဖြူဖြူ
ဖွေးဖွေးများကို တွေ့နိုင်ပေသည်။ မိုးကုတ်မြို့တွင်ရှိသော ဘုရား
များအနက် ထင်ရှားသည်ကား ပုဂံပြည် အလောင်းစည်သူမင်း
တည်ခဲ့သော ဖောင်တော်ဦးဘုရား ရွှေဆင်းတုရုပ်ပွားတော်ကြီး
ဖြစ်ပေသည်။
 
မိုးကုတ်မြို့ကို သက္ကရာဇ် ၅၇၉ ခုနှစ်တွင် တည်သည်
ဟုဆို၏။ ထိုစဉ်က မိုးမိတ်စော်ဘွားများ၏ လက်အောက်ခံ
ဖြစ်ခဲ့သည်။ ထိုနောက်တွင်ကား မြန်မာဘုရင်များက ပိုင်သည့်
အခါပိုင်ခဲ့၍၊ မိုးမိတ်စော်ဘွားများ၏ လက်တွင် တည်မြဲသည့်
အခါ တည်မြဲခဲ့လေသည်။ သာလွန်မင်းလက်ထက်တွင် ရှမ်းတို့
မိုးကုတ်နယ်မြေကို လက်လွှတ်ရပြန်သည်။ မင်းတုန်းမင်း လက်
ထက်တွင် မိုးကုတ်မှပတ္တမြားတို့ကို တူးဖော်ပြီးလျှင် အနောက်
နိုင်ငံသားများနှင့် အရောင်းအဝယ် ပြုသည်။ သီပေါမင်း
လက်ထက်တွင် ပြင်သစ်တို့သည် မိုးကုတ်၌ ပတ္တမြားတူးဖော်
လုပ်ကိုင်ခွင့် တောင်းဆိုရာ သဘောတူခွင့်ပြုချက်ရသည်တွင်
အင်္ဂလိပ်တို့သည် ပြင်သစ်တို့ ခြယ်လှယ်မည်ကို အလွန်စိုးရိမ်
ခဲ့သည်။ ထိုခွင့်ပြုချက်သည် မြန်မာနိုင်ငံအား အင်္ဂလိပ်တို့
အမြန်သိမ်းအောင် ဖန်တီးသော အကြောင်းတစ်ရပ်လည်း ဖြစ်
ပေမည်။ ခရစ် ၁၈၈၆ ခုနှစ်တွင် အင်္ဂလိပ်တပ်များ မိုးကုတ်မြို့
သို့ ချီတက်လာစဉ် မိုးကုတ်မြို့သား ဗိုလ်သာစီနှင့် ဗိုလ်ရွတ်
တို့ဦးဆောင်ကာ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက် ကြသေး၏။
 
အဂ‡လိပ်တို့ မြန်မာနိုင်ငံကို သိမ်းပြီးသည့် နောက်တွင်
ပတ္တမြားတွင်းခရိုင်ဟု ဖွဲ့စည်းခဲ့၍ မိုးကုတ်သည် ခရိုင်ရုံးစိုက်မြို့
ဖြစ်ခဲ့၏။ ၁၉၂ဝ ပြည့်နှစ်တွင် မိုးကုတ် ပတ္တမြားတွင်းခရိုင်ကို
ဖျက်လိုက်၍ ကသာခရိုင်နှင့် ပေါင်းလိုက်သောအခါ နယ်မျှသာ
ဖြစ်လာလျက် မိုးကုတ်မြို့သည် နယ်ပိုင်ရုံးစိုက်မြို့ဖြစ်လာသည်။
စစ်ပြီးခေတ်ဖြစ်သော ၁၉၄၇ ခုနှစ်တွင် မိုးကုတ်နယ်ကို
ရှမ်းပြည်နယ် တောင်တန်းဒေသနှင့်ပူးပေါင်းရန် ကြံစည်သေး
သည်။ မအောင်မြင်ပေ။ ၁၉၄၇ ခုနှစ်မှစ၍ ရွှေဘိုခရိုင်တွင်
နယ်တစ်ခုအဖြစ်ပါဝင်သွားလေသည်။
 
မိုးကုတ်ဟူသော အမည်သည် မြို့အေးဟု အဓိပ္ပာယ်ရ
သော ရှမ်းစကား မိုင်းကတ်မှ ရွေ့လျောလာသည်ဟူ၍ လည်း
ကောင်း၊ မြို့ခမောက်၊ မြို့ဒယ်အိုးဟု အဓိပ္ပာယ်ရသော ရှမ်း
စကား မိုင်းကွတ်မှ ရွေ့လျောလာသည်ဟူ၍လည်းကောင်း ယူဆ
ကြသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
 
= သမိုင်း =
Line ၁၄၉ ⟶ ၂၇၄:
<references/>
* မြန်မာပြည်ဖွား ဂေၚရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ခုနစ်ထုတ်
 
{{DEFAULTSORT:မ|မိုးကုတ်မြို့}}