ရဲတိုက်: တည်းဖြတ်မှု မူကွဲများ

wiktionary
No edit summary
စာကြောင်း ၁၀ -
 
ယမ်းမှုန့်များကို ဥရောပတွင် ၁၄ရာစု ကတည်းက ရောက်ရှိခဲ့သော်လည်း ၁၅ ရာစု အထိ ရဲတိုက်တည်ဆောက်မှု အပေါ်တွင် ဩဇာသက်ရောက်မှု မရှိခဲ့ပေ။ ထိုအချိန်တွင်မူ လက်နက်များသည် ကျောက်သားနံရံများကို ဖြိုခွဲနိုင်သည် အထိ အားပြင်းလာကြပြီ ဖြစ်သည်။ ၁၆ ရာစု အထိ ရဲတိုက်များကို တည်ဆောက်ကြဆဲ ဖြစ်သော်လည်း တိုးတက်လာသော အမြောက်ပစ်ခတ်မှုများကို ကာကွယ်ရန် မစွမ်းနိုင်ကြောင့် ထိုနေရာများသည် နေထိုင်ရန် မသင့်တော်တော့ပေ။ ထို့အတွက်ကြောင့် ရဲတိုက်များ ဆောက်လုပ်မှု ကျဆင်းလာပြီး ခံတပ်များ တည်ဆောက်ခြင်း နှင့် ကာကွယ်ရန် မဖြစ်နိုင်သော ကျေးလက်အိမ်များ ဆောက်လုပ်ခြင်းဖြင့် အစားထိုးလာကြသည်။ ၁၈ ရာစု တွင်မူ ရဲတိုက်များ ဆောက်လုပ်ခြင်းကို ပြန်လည် စိတ်ဝင်စားလာကြပြီး ဂေါသစ် ဗိသုကာ ပညာကို ပြန်လည် အသက်သွင်းသည့် အနေနှင့် စစ်ရေး အတွက် မရည်ရွယ်သော ရဲတိုက်များကို တည်ဆောက်လာကြသည်။
 
ရဲတိုက်များကို မူလဆောက်လုပ်ခါစက အကာအကွယ်
အဖြစ်သာ ဆောက်လုပ်ခဲ့ကြသော်လည်း နောင်အခါတွင် ခမ်း
ခမ်းနားနား နေထိုင်ရန်ဟူ၍လည်း သဘောထားလာကြလေ
သည်။ သို့ဖြစ်ရာ ရဲတိုက်များကို အနုပညာလက်ရာအမျိုးမျိုးဖြင့်
လှပတင့်တယ် နေချင်စဖွယ်ဖြစ်အောင် ပြုပြင်မွမ်းမံလျက် နေ
ထိုင်ကြလေသည်။ ဤသို့ နေနိုင်သူများမှာ များသောအားဖြင့်
မင်းညီမင်းသား လူကုံတံများနှင့် သူဌေးသူကြွယ်များသာ ဖြစ်
ကြသည်။
 
 
 
[[Category:စစ်ရေး]]