ယခင်က ဆမ်းမားဆတ်ရှိုင်းယား (Somersetshire) ဟု အမည်တွင်သော ဆမ်းမားဆတ် (အင်္ဂလိပ်: Somerset) သည် အင်္ဂလန်အနောက်တောင်ပိုင်းရှိ စီရင်စုတခု ဖြစ်သည်။ [၁] မြောက်ဘက်တွင် ဂလော့စတာရှိုင်းယားနှင့် ဘရစ္စတို၊ အရှေ့ဘက်တွင် ဝေ့ရှိုင်းယား၊ အရှေ့တောင်ဘက်တွင် ဒေါဆတ် နှင့် အနောက်တောင်ဘက်တွင် ဒဗွန် တို့ဖြင့် နယ်နိမိတ် ထိစပ်နေ၏။ မြောက်ဘက်နှင့် အနောက်ဘက်ကို ဆဗန်မြစ်ဝနှင့် ဘရစ္စတိုရေလက်ကြားတို့ ရှိသည်။ ကမ်းရိုးတန်းမှာ ဝေလနယ်၏ အရှေ့တောင်ဘက်ကို မျက်နှာမူ၏။ သမိုင်းကြောင်းအရ ဆမ်းမားဆတ်ရှိုင်းယားနှင့် ဂလော့စတာရှိုင်းယားကို ခွဲခြားသည်မှာ အဗွန်မြစ်နှင့် ဖြစ်သည်။ [၂] စီရင်စု၏ ရုံးစိုက်ရာမြို့မှာ ထန့်တန် ဟူ၏။

အင်္ဂလန်သို့ လူတို့ စတင်နေထိုင်စဉ်က ဆမ်းမားဆတ်တွင် နေကြောင်း အထောက်အထားများ ရှိ၏။ ဆဲလတစ်များသည်၎င်း၊ ရောမသားတို့သည်၎င်း၊ အင်္ဂလိုဆက်ဆွန်တို့သည်၎င်း နိုင်ငံသို့ ဝင်ရောက်စဉ်က ဤနေရာတွင် အခြေချဖူးသည်။ အဲဖရတ်မင်းတရားကြီး အာဏာထူထောင်ရာတွင်လည်း အရေးပါသောကဏ္ဍ ဖြစ်ခဲ့သည်။ နောက် အင်္ဂလိပ်ပြည်တွင်းစစ်၌၎င်း၊ မွန်းမောက်ပုန်ကန်မှု၌၎င်း အချက်အချာနေရာတည်း။ ဂျော့ဘုရင်ခေတ် ဗိသုကာလက်ရာများရှိသည့် ဤစီရင်စုမှ ဘာ့မြို့မှာ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ဝင်သည်။

ကိုးကား ပြင်ဆင်ရန်

  1. "Somerset definition and meaning". www.collinsdictionary.com. Collins English Dictionary. Archived from the original on 28 April 2021.
  2. Rajan, Amal (24 August 2007). "Around a county in 40 facts: A (very) brief history of Somerset". The Independent on Sunday. London, UK. Archived from the original on 14 February 2009.