ဒေါက်တာညွန့်ဖေသည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းမှုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ခန့်အပ်ထားသော ပညာရေးဝန်ကြီးဖြစ်သည်။ ယခင်က ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ထိုတက္ကသိုလ်တွင် ငွေကြေးအရှုပ်အရှင်းများကြောင့် နိုင်ငံတော်သမ္မတရုံး၏ ဖြေရှင်းချက်တောင်းခြင်း ခံခဲ့ရသူဖြစ်သည်။[၂]


ညွန့်ဖေ
ပညာရေးဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ ​ဖေ​ဖော်ဝါရီ ၂၀၂၁
ယခင်လူ​ဒေါက်တာမျိုးသိမ်းကြီး
ပုသိမ်တက္ကသိုလ် ပါ​မောက္ခချုပ်
တာဝန်သက်တမ်း
၂၁ ဇန်နဝါရီ ၂၀၁၀ – ၂၃ ​အောက်တိုဘာ ၂၀၁၇
လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာ​ရေး) ညွှန်ကြား​ရေးမှူးချုပ်
တာဝန်သက်တမ်း
​၂၀၁၇ – ၂၀၂၁

ငွေကြေးအရှုပ်အရှင်းကိစ္စများ ပြင်ဆင်ရန်

ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်မှ နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ပညာရေးလေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ရန် အမိန့်စာထွက်လာချိန်တွင် ပါမောက္ခချုပ် အခွင့်အာဏာမရှိတော့ပဲ ပုသိမ်တက္ကသိုလ်၏ ဝန်ထမ်းအိမ်ရာအဟောင်းများကို အသစ်တည်ဆောက်ရန် ကုမ္ပဏီတစ်ခုနှင့် အလျှင်အမြန် စာချုပ်ချုပ်ဆိုခဲ့သည်။[၃] ထို့အပြင် ကျောင်းသားများအပေါ် ငွေကြေးကောက်ခံမှုများ၊ ကျောင်းတွင်းငွေကြေးသုံးစွဲမှုများနှင့်လည်း ပြဿနာများ ရှိခဲ့သူဖြစ်သည်။[၄][၅]

ကိုးကား ပြင်ဆင်ရန်

  1. ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂) ရက်ထုတ် အတွဲ (၇၅) ၊ အမှတ် (၁၆) ပြန်တမ်းစာစောင်
  2. ပညာ​ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဒေါက်တာညွန့်ဖေကို ခန့်အပ်[လင့်ခ်သေ]
  3. ပုသိမ်တက္ကသိုလ်ပါချုပ်ကို လုပ်ငန်းများဆက်မလုပ်ရန် တိုင်းအစိုးရညွှန်ကြား။ 5 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 February 2021 တွင် ပြန်စစ်ပြီး။
  4. နိုင်ငံတော်သမ္မတရုံးက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပတ်သက်၍ အဓိကစုံစမ်း စစ်ဆေးစေသည့် အချက်မှာ ကျောင်းသားများထံမှ ငွေကြေးကောက်ခံသည့် ကိစ္စဖြစ်ကြောင်း သိရ
  5. ပုသိမ်တက္ကသိုလ်ပါချုပ်ကို ညွှန်ကြားရေးမှူးချုပ်ရာထူးဖြင့် ဌာနပြောင်းရွှေ့ ခန့်ထား[လင့်ခ်သေ]