အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၃၆

အထွေထွေ ရွေးကောက်ပွဲကို ၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အတွင်း ကျင်းပသည်။[]

၁၉၃၆ မြန်မာအထွေထွေရွေးကောက်ပွဲ

← ၁၉၃၂ ၂၆ နိုဝင်ဘာ ၁၉၃၆ ၁၉၄၇ →

ဥပဒေပြုလွှတ်တော် ၁၃၂ နေရာ
ပြိုင်ဖက်ကို အနိုင်ရရန် ၆၇ နေရာ လိုအပ်
  ပထမပါတီ ဒုတိယပါတီ တတိယပါတီ
 
ဦးဆောင်သူ ဘဘေ ဘမော် ချစ်လှိုင်
ပါတီ United GCBA ဆင်းရဲသား ဝံသာနု အဖွဲ့ Hlaing-Myat-Paw GCBA
အနိုင်ရ နေရာ ၄၆ ၁၆ ၁၂

ရွေးကောက်ပွဲ မတိုင်မီ အိန္ဒိယဘုရင်ခံ

ဗစ်တာ ဟုပ်

ဝန်ကြီးချုပ်

ဘမော်
ဆင်းရဲသား ဝံသာနု အဖွဲ့

ငါးပွင့်ဆိုင်အဖွဲ့ (ဦးဘဘေ ဂျီစီဘီအေ) က ၄၆၊ ဆင်းရဲသားဝံသာနုအဖွဲ့ (ဒေါက်တာဘေမာ်) က ၁၆၊ လှိုင်-မြတ်-ေမာ်အဖွဲ့ (ဦးချစ်လှိုင် ဂျီစီဘီအေ) က ၁၂၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့ (ဒို့ဗမာအစည်းအရုံး) က ၃၊ ဆင်းရဲသားအကျိုးဆောင်/ဖေဘီယန်အဖွဲ့ (ဒီးဒုတ်ဦးဘချို) က ၁၊ ရွှေတောင်ကြားအဖွဲ့ (ဆာ ဂျေအေမောင်ကြီး) က ၂၊ မြန်မာ့လွတ်လပ်ရေးတပ်ပေါင်းချုပ် (သက်ပန်းဆရာတော်) က ၁ အသီးသီး မဲရကြသည်။ ဒေါက်တာဘမော်က ငါးပွင့်ဆိုင်နှင့် ညွန့်ပေါင်းဖွဲ့သည်။

၁၉၃၇ ခု၊ မတ်လ ၂၂ ရက်တွင် ဘုရင်ခံက အတည်ပြုပေးပြီးနောက် ဧပြီလ ၁ ရက်မှ စ၍ တာဝန်ယူကြရသည်။ အစိုးရအဖွဲ့မှာ -

  • ဒေါက်တာဘမော် (နန်းရင်းဝန်၊ ဘဏ္ဍာရေးဝန်ကြီးချုပ်)
  • ရွှေကျင်ဦးပု (သစ်တောရေးဝန်ကြီးချုပ်)
  • ဆာပေါ်ထွန်း (ပြည်ထဲရေးဝန်ကြီးချုပ်)
  • သာယာဝတီဦးမောင်မောင် (ပညာရေးဝန်ကြီးချုပ်)
  • ဦးထွန်းအောင်ကျော် (ကူးသန်းရောင်းဝယ်ရေးဝန်ကြီးချုပ်)
  • စောဖေသာ (မြေတိုင်းနှင့်အခွန်ဝန်ကြီးချုပ်)

နန်းရင်းဝန်လစာမှာ ၃၀၀၀ ကျပ်၊ ဝန်ကြီးချုပ်များ လစာမှာ ၂၅၀၀ ကျပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် အမတ်တို့မှာ ၇၅၀ ကျပ်နှင့် ၂၅၀ ကျပ် နေ့တွက်ခ အသီးသီးရသည်။

  1. "Burma On Her Own First Year Of Separation, State In The Making", The Times, 14 April 1938, p13, Issue 47969