အနဂ္ဂ
အနဂ္ဂသည် ဟစ်ဟော့ ဂီတ ပုံစံသစ်ခေတ်တစ်ခေတ်ကို မိတ်ဆက်ပေးနိုင်ခဲ့သည့် ဟစ်ဟော့ အဆိုတော်တစ်ဦး ဖြစ်သည်။ အဆိုတော်မင်းမင်းလတ်နှင့် ဒေါ်ယမင်းကြိုင် တို့မှမွေးဖွားခဲ့သည်။ အဓိက၊ အလင်္ကာ၊ အနဂ္ဂ၊ အမရာ မွေးချင်း လေးဦးရှိပြီး တတိယမြောက် သားဖြစ်သည်။ ငယ်နာမည် ကိုတွိ ဖြစ်သည်။
အနဂ္ဂ | |
---|---|
မွေးဖွား | ရန်ကုန် |
အလုပ်အကိုင် | အဆိုတော် |
မြန်မာနိုင်ငံတွင် ဟစ်ဟော့ဂီတကို စပြီးမိတ်ဆက်ပေးခဲ့သောအဖွဲ့မှာ ACID အဖွဲ့ဖြစ်ပြီး စတင်ခြင်း အယ်လဘမ် ဖြစ်သည်။ အနဂ္ဂ၊ ဟိန်းဇော်(ကွယ်လွန်)၊ ရန်ရန်ချမ်း၊ Rဇာနည် ၊ ဇေယျာသော်တို့ ပါဝင်သည့် အက်စစ်တေးဂီတအဖွဲ့ သည် မြန်မာနိုင်ငံ၌ အနုပညာ၊ စီးပွားရေးအရပါ ပထမဆုံး အောင်မြင်ကျော်ကြားခဲ့သည့် ဟစ်ဟော့ပ်ဂီတအဖွဲ့ဖြစ်သည်။
ထက်ထက်မိုးဦးနှင့် အိမ်ထောင်ကျခဲ့ပြီး ဂီတလောကမှ ခေတ္တပျောက်သွားခဲ့သည်။ ထက်ထက်မိုးဦးနှင့် ကွာရှင်းပြီးမှ ဂီတလောကတွင် ပြန်ပြီးလှုပ်ရှားလာခဲ့သည်။
ဘာဘူနှင့် တွဲဖက်၍ အနဂ္ဂရဲ့ လုပ်တာ မဟုတ်နှင့် ဘာဘူရဲ့ မဟုတ်တာလုပ် စီးရီးသစ် နှစ်ခွေကို ချိုကြည်သာတေးသံသွင်းမှ (၁၇၊၁၊၂ဝဝ၉)ရက်တွင် ထွက်ရှိခဲ့သည်။[၁]
၂၀၀၉-ခုနှစ်၊ မတ်လ ၁၄ ရက်တွင် အနဂ္ဂ နှင့် ကုမ္ပဏီ လုပ်ငန်းရှင် ၄ ဦးတို့ စစ်ဒေသ(၁) တွင် ခေတ္တ ထိန်းသိမ်းခံရသည်။ နောက်နေ့တွင် ပြန်လည်လွတ်ပေးခဲ့သည်။ [၂]
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့တွင် နွဲ့ယဉ်ဝင်း၏ သမီး ဖြစ်သူ အဆိုတော် သံသာဝင်း နှင့် လက်ထပ် သည်။မင်္ဂလာပွဲကို စိန့်သြဂတ်စတင်း ဘုရားရှိခိုးကျောင်းတွင် ကျင်းပသည်။[၃]
၂၀၁၇ခုနှစ် နိုဝင်ဘာ ၂၇ရက်တွင် သမီးတစ်ဦး ထွန်းကားသည်။[၄]
သီဆိုခဲ့သော တေးစီးရီး
ပြင်ဆင်ရန်- မိတော့မိတယ်
- သုံးယောက်ပေါင်းလောင်းကျော်
- မောင်တို့ချယ်ရီမြေ
- ပြိုင်ဘက်
- အနမ်းများစွာအတွက်
- နားညီးတော့---အခုမချစ်
- ပြန်ပြောပြဘို့တော်တော်ခက်လိမ့်မယ်
- ဆယ့်နှစ်ရာသီအချစ်
- လုပ်တာမဟုတ် ၊ မဟုတ်တာလုပ် (ပြိုင်ဘက်-၂)
MRTV-4 မှ ထုတ်လွှင့်သည့် We Can Talk အစီအစဉ်တွင် ရသနှင့်အတူ စီစဉ်သူအဖြစ် ပါဝင်လုပ်ကိုင်ခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Bi weeklyEleven journal
- ↑ http://74.125.153.132/search?q=cache:lCjZNvzfGcQJ:myochitmyanmar.org/news/2008-07-25-07-37-31/2031-2009-03-14-20-10-00+%E1%80%A1%E1%80%94%E1%80%82%E1%81%A2&cd=62&hl=en&ct=clnk[လင့်ခ်သေ]
- ↑ ၁၂၊ ၁၂၊ ၁၂ မှာ အနဂ္ဂနဲ့ သံသာဝင်းတို့လည်း မင်္ဂလာပွဲ ဆင်နွှဲ။ ဧရာဝတီသတင်းဌာန (၁၂ ဒီဇင်ဘာ ၂၀၁၂)။ ၆ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အဆိုတော်အနဂ္ဂနှင့်သံသာဝင်းတို့ရဲ့ရင်သွေးငယ်လေးအောင်မြင်စွာမွေးဖွားပြီ။ Myanmarload (၂၈ နိုဝင်ဘာ ၂၀၁၇)။ ၆ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။