R ဇာနည် သည် မြန်မာအမျိုးသား အဆိုတော်တစ်ဦး ဖြစ်သည်။ ၁၉၇၈-ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် ရန်ကုန်၌ မွေးဖွားသည်။ အမည်ရင်းမှာ ဇာနည်မျိုးညွန့် ဖြစ်သည်။ ပညာအရည်အချင်းမှာ ဆယ်တန်းဖြစ်သည်။

R ဇာနည်
အမည်ရင်းဇာနည်မျိုးညွန့်
မွေးဖွား (1978-02-06) ၆ ဖေဖော်ဝါရီ၊ ၁၉၇၈ (အသက် ၄၆)
ရန်ကုန်မြို့မြန်မာနိုင်ငံ
အလုပ်အကိုင်အဆိုတော်
တူရိယာဂစ်တာ
တက်ကြွသည့်နှစ်များ၂၀၀၀ – present

လေဆိပ်တွင် အလုပ်လုပ်ဖူးသည်။ နောက် သင်္ဘောလိုက်ရန် လုပ်ရင်းနှင့် အဆိုတော်ဖြစ်သွားသည်။ လက်ဦးဆရာမှာ ဂီတမှူး ကိုသန်းဌေး(တာမွေ) ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဟစ်ဟော့ဂီတကို စပြီးမိတ်ဆက်ပေးခဲ့သောအဖွဲ့မှာ ACID အဖွဲ့ဖြစ်ပြီး စတင်ခြင်း အယ်လဘမ် ဖြစ်သည်။ Rဇာနည်၊ အနဂ္ဂ၊ ဟိန်းဇော်(ကွယ်လွန်)၊ ရန်⁠ရန်ချမ်းဇေယျာသော်တို့ ပါဝင်သည့် အက်စစ်တေးဂီတအဖွဲ့ သည် မြန်မာနိုင်ငံ၌ အနုပညာ၊ စီးပွားရေးအရပါ ပထမဆုံး အောင်မြင်ကျော်ကြားခဲ့သည့် ဟစ်ဟော့ပ်ဂီတအဖွဲ့ဖြစ်သည်။ နောက်ပိုင်းတွင် R ဇာနည်သည် ACID အဖွဲ့မှ ခွဲထွက်ကာ တစ်ကိုယ်တော် အဆိုတော်အဖြစ်ရပ်တည်ခဲ့၏။

R ဇာနည်သည် အဆိုတော်အဖြစ် နာမည်မရခင်ကတည်းက အိမ်ထောင်ရှိသည်။ ဇနီးသည်အမည်မှာ ဝမ်း ဖြစ်သည်။

သီဆိုခဲ့သော တေးစီးရီး ပြင်ဆင်ရန်

  1. ငါ့ကိုချစ်တဲ့သူ
  2. စည်းတစ်ဖက်ခြား
  3. အဆိပ်တက် အိပ်မက်
  4. လမင်းသို့ (Rဇာနည် + မီးမီးခဲ)
  5. အချစ်ရဲ့ဆု (Rဇာနည် + တင်ဇာမော်)

ကိုးကား ပြင်ဆင်ရန်