အနန္တပစ္စည်း (၁၂၄၀ ခန့် – ၁ ဇူလိုင် ၁၂၈၇) သည် ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် ဝန်ကြီးချုပ်အဖြစ် အမှုထမ်းခဲ့သူ ဖြစ်သည်။ မြန်မာဘုရင့်တပ်မတော်၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၂၇၇ မှ ၁၂၈၅ အထိ ဖြစ်ပွားခဲ့သော ပထမ မွန်ဂိုကျူးကျော်စစ်ပွဲတွင် ညီအစ်ကိုနှစ်ဦး တိုက်ခိုက်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။[၁] မွန်ဂိုတို့နှင့် ဦးစွာ အပစ်အခတ် ရပ်စဲရေးကို ဦးဆောင်ခဲ့သူဖြစ်သည်။ ၁၂၈၇ တွင် ပြည်စား သီဟသူ၏ လက်ချက်ဖြင့် နရသီဟပတေ့နှင့်အတူ လုပ်ကြံခံခဲ့ရသည်ဟု ဆိုကြသည်။

အနန္တတပစ္စည်း
ဝန်ကြီးဗိုလ်ချုပ်
တာဝန်သက်တမ်း
၁၂၇၁အတွင်း သို့ ထို့ထက်စော၍ – ၁၂၈၇
ဧကရာဇ်နရသီဟပတေ့
ကိုယ်ရေး အချက်အလက်များ
မွေးဖွားအုတ်လှ
c. ၁၂၄၀
ပုဂံ
ကွယ်လွန်၁ ဇူလိုင် ၁၂၈၇
ပြည်မြို့
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံပုဂံခေတ်
တပ်/တပ်ဖွဲ့ခွဲမြန်မာဘုရင့်တပ်မတော်
အမှုထမ်းကာလ၁၂၅၉–၈၇
ရာထူးCommander-in-chief
တိုက်ပွဲ/စစ်ပွဲများMissagiri (၁၂၅၉–၆၀)
မွန်ဂိုကျူးကျော်စစ်များ (၁၂၇၇၊ ၁၂၈၃–၈၅)

အနန္တပစ္စည်းကို မြန်မာတို့က မိရိုးဖလာနတ်တစ်ပါးအဖြစ် ကိုးကွယ်ကြသည်။ [၂]

သမိုင်း ပြင်ဆင်ရန်

အနန္တပစ္စည်းနှင့် ရန္တပစ္စည်းသည် တရုတ်ပြေးမင်းလက်ထက်တွင် ထင်ရှားသည့် အမတ်ကြီးရာဇသင်္ကြန်၏ သားများဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် ဖခင်ဖြစ်သူ၏ အမည်ကို လုကြရာ ဘုရင်ဖြစ်သူသည် မည်သူ့ကိုမျှ မပေးဘဲ သားအကြီးဖြစ်သူကို "အနန္တပစ္စည်း" ဟူ၍လည်းကောင်း၊ သားအငယ်ဖြစ်သူကို "ရန္တပစ္စည်း" ဟူ၍လည်းကောင်း ဘွဲ့များပေးခဲ့သည်။ အမည်ရင်းများမှာ ပုံဂံအုတ်လှကြီးနှင့် ညောင်ဦးအုတ်လှငယ် ဖြစ်ကြသည်။ [၂]

နတ်ဖြစ်ခြင်း ပြင်ဆင်ရန်

သက္ကရာဇ် ၆၄၆ ခုနှစ်တွင် တရုတ်နှင့် မြန်မာတို့ ငဆောင်ချမ်းတိုက်ပွဲတွင် စစ်ဖြစ်ကြ၏။ ထိုစစ်ပွဲတွင် အနန္တပစ္စည်းနှင့် ရန္တပစ္စည်းတို့သည် စစ်ဗိုလ်အဖြစ် ပါဝင်တိုက်ခိုက်ကြသည်။ ပြဒါးသေကို ငုံကာ ၁၅ - ၁၆ တောင်အထိ မြင့်အောင်ခုန်၍ တိုက်ခိုက်ကြသည်။ သို့သော် ပြဒါးသေသည် လွတ်ကျသဖြင့် မြားထိမှန်ကာ သေဆုံးကြခဲ့ရသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. Than Tun 1964: 136
  2. ၂.၀ ၂.၁ ၂.၂ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၂၃။