အနောက်တောင်တိုင်းစစ်ဌာနချုပ်

ပုသိမ်မြို့အ​ခြေစိုက် တပ်မ​တော်တိုင်းစစ်ဌာနချုပ်

အနောက်တောင်တိုင်းစစ်ဌာနချုပ် (အတိုကောက် နတခ) သည် ပုသိမ်မြို့တွင် အခြေစိုက်သော တိုင်းစစ်ဌာနချုပ် တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ​​ဝေလင်း ဖြစ်သည်။[၁][၂]

အနောက်တောင်တိုင်းစစ်ဌာနချုပ်
နတခ
အနောက်တောင်တိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
အမည်ပြောင်ဒီရေလှိုင်း
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်မှူးချုပ် ​ဝေလင်း
ဒုတိယတိုင်းမှူးဗိုလ်မှူးကြီး ရဲလင်းအောင်
အဆောင်အယောင်များ
အလံတော်

သမိုင်း ပြင်ဆင်ရန်

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်တွင် စစ်ဗျူဟာမှူး(၃)ဦး ဦးစီးသည့် စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။

အမှတ်(၁)စစ်ဗျူဟာအဖွဲ့ ပြင်ဆင်ရန်

အမှတ်(၁)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၁)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၄)ရင်းရှိသည်။

  1. ခလရ / ခမရ - (၄)ရင်း

အမှတ်(၂)စစ်ဗျူဟာအဖွဲ့ ပြင်ဆင်ရန်

အမှတ်(၂)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၂)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။

  1. ခလရ/ ခမရ - (၃)ရင်း

အမှတ်(၃)စစ်ဗျူဟာအဖွဲ့ ပြင်ဆင်ရန်

အမှတ်(၃)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၃)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။

  1. ခလရ/ ခမရ - (၃)ရင်း

အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ ပြင်ဆင်ရန်

  • ဗိုလ်ချုပ် ​ကျော်​ဆွေ
  • ဗိုလ်မှူးချုပ် တင်​မောင်ဝင်း[၃] (ယခု− ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ်)
  • ဗိုလ်ချုပ်တေဇကျော် (ယခု- ဒုတိယဗိုလ်ချုပ်ကြီး၊ အမှတ်−၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး)
  • ဗိုလ်ချုပ်ရဲဝင်းဦး (ယခု- ဒုတိယဗိုလ်ချုပ်ကြီး၊ နစကတွဲဖက်အတွင်းရေးမှူးနှင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်)
  • ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ[၄] (ယခု- ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး)
  • ဗိုလ်ချုပ်အောင်အောင် (နောင် ဒုတိယဗိုလ်ချုပ်ကြီး၊ ယခု - ရှမ်းပြည်နယ်ဝန်ကြီးချုပ်)
  • ဗိုလ်မှူးချုပ်ကြည်ခိုင် (ယခင်− တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး)
  • ဗိုလ်မှူးချုပ် ​ဝေလင်း [၅]

ကိုးကား ပြင်ဆင်ရန်

  1. "နေပြည်တော် စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်"။ 
  2. "၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ခဲတံ၊ ဘောပင်၊ COVID-19 အထောက်အကူပြုပစ္စည်းများ ပေးအပ်ပွဲပြုလုပ်"။ 
  3. မြန်မာ့အလင်းသတင်းစာ (၉.၂.၂၀၁၁)
  4. အနောက်တောင်တိုင်းစစ်ဌာနချုပ်က COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်းDVB (၂၀ ဧပြီ ၂၀၂၀)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြောင်းမြမြို့၌ ကျင်းပသည့် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားတက်ရောက်MOI Myanmar (၂၈ ဩဂုတ် ၂၀၂၃)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။


နောက်ထပ်ကြည့်ရန် ပြင်ဆင်ရန်