အဘိုရီဂျင်း ဩစတြေးလျ လူမျိုးများ

အဘိုရီးဂျင်းဩစတြေးလျ လူမျိုးများ မှာ ဩစတြေးလျပြည်မနှင့် ၎င်း၏ကျွန်းများ ဖြစ်ကြသည့် တက်စမေးနီးယား၊ ဖရေစာကျွန်း၊ ဟင်ချင်ဘရွတ်ခ်ကျွန်း၊ တီဝီကျွန်း နှင့် ဂရုတီ အိုင်လန်ကျွန်း တို့တွင်နေထိုင်သော ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည်။ သို့သော်လည်း တောရက်စ် ရေလက်ကြားကျွန်းများ မပါဝင်ပေ။

အဘိုရီဂျင်း ဩစတြေးလျ လူမျိုးများ
လူဦးရေ စုစုပေါင်း
၇၅၉,၇၀၅ (၂၀၁၆)[၁]
ဩစတြေးလျ လူဦးရေ၏ ၃.၁%
အများစု နေထိုင်သည့် နေရာ
မြောက်ဩစတြေးလျပြည်နယ်30.3%
တက်စမေးနီးယားပြည်နယ်5.5%
ကွင်းစလန်ပြည်နယ်4.6%
အနောက်ဩစတြေးလျပြည်နယ်3.9%
နယူးဆောက်ဝေးပြည်နယ်3.4%
တောင်ဩစတြေးလျပြည်နယ်2.5%
ဩစတြေးလျမြို့တော်နယ်မြေ1.9%
ဝိတိုရိယ ပြည်နယ်0.9%
ဘာသာစကား
ဩစတြေးလျ အဘိုရီဂျင်း ဘာသာစကား ရာဂဏန်းမျှ ရှိသော်လည်း အများစုမှာ မသုံးစွဲကြတောပါ။ ဩစတြေးလျ အင်္ဂလိပ်၊ ဩစတြေးလျ အဘိုရီဂျင်း အင်္ဂလိပ် နှင့် ခရီရိုးဘာသာစကားကို အသုံးပြုကြသည်။
ကိုးကွယ်မှု
အများစုမှာ ခရစ်ယာန်များဖြစ်ပြီး အဓိကအားဖြင့် အင်ဂလိကန် နှင့် ကက်သလစ် ဘာသာဝင်များ ဖြစ်သည်။[၂] လူနည်းစု အများအပြားမှာ ဘာသာမရှိပေ။[၂] အခြားဘာသာ ကိုးကွယ်သူ အနည်းငယ်ရှိပြီး ဩစတြေးလျ အဘိုရီဂျင်း ဒဏ္ဍာရီများပေါ်တွင် အခြေခံသော ဒေသခံ ဘာသာတရား အမျိုးမျိုး ရှိသည်။
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
တောရက်စ် ရေလက်ကြား ကျွန်းသားများ၊ အဘိုရီဂျင်း တက်စမေးနီးယားကျွန်းသားများ၊ ပါပူဝါလူမျိုးများ
မြောက်ပိုင်းနယ်မြေ ပိုင်နက် ဟာမန်းဘာ့ခ်ရှိ ရှေးဦးနေ လူများနေထိုင်ရာ အိမ်များ ၊ ၁၉၂၃ခုနှစ် ၊ ပုံ - ဟားဘတ်ဘေ့စ်ဒေါင်း

အဘိုရီးဂျင်းဩစတြေးလျတွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀,၀၀၀ ကျော်က ဩစတြေးလျနိုင်ငံ တဝှမ်းလုံးတွင်း ထွန်းကားလာခဲ့ကြသော ကွဲပြားသောလူမျိုးများ ပါဝင်သည်။ ဤလူမျိုးများ၏ မျိုးရိုးဗီဇဆိုင်ရာ သမိုင်းကြောင်း သည် ရှုပ်ထွေးသော်လည်း ကျယ်ပြန့်စွာ မျှဝေထားသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာ အတွင်းမှသာ ၎င်းတို့ဘာသာ အုပ်စုတစ်ခုအဖြစ် ခွဲခြားသတ်မှတ်ခဲ့ကြသည်။ "အဘိုရီဂျင်း"ဟူသော ဝေါဟာရအား အဓိပ္ပာယ်ဖွင့်ဆိုမှု သည် အချိန်နှင့်နေရာ တစ်လျှောက် ပြောင်းလဲနေသည်။ မိသားစု အစဉ်အဆက်များ၊ မိမိကိုယ်ကို ခွဲခြားသတ်မှတ်ခြင်းနှင့် ရပ်ရွာလူထု၏ လက်ခံမှုတို့၏ အရေးပါမှုသည် ကွဲပြားခြားမှု ရှိသည်။

ဌာနေဩစတြေးလျ တိုင်းရင်းသားများ ဆိုသောဝေါဟာရသည် အဘိုရီဂျင်း ဩစတြေးလျ များအပြင် တောရက်စ် ရေလက်ကြား ကျွန်းသား များကို ရည်ညွှန်းသည်။ အုပ်စုနှစ်ခုစလုံးသည် ကိုင်တွယ်ဖြေရှင်းသည့် ခေါင်းစဉ်တွင် ပါဝင်ခြင်း သို့မဟုတ် ဌာနေတိုင်းရင်းသားများအဖြစ် မိမိကိုယ်ကိုသတ်မှတ်ခြင်း စသည့် အချိန်များတွင်သာ ထိုအသုံးအနှုန်းကို အသုံးပြုသင့်သည်။ (တောရက်စ် ရေလက်ကြား ကျွန်းသားများသည် အဘိုရီဂျင်းအချို့နှင့် ယဉ်ကျေးမှုအပြန်အလှန် ဖလှယ်မှုများ ရှိသော်လည်း လူမျိုးအားဖြင့် လည်းကောင်း ယဉ်ကျေးမှု အားဖြင့်လည်းကောင်း ကွဲပြားခြားနားမှုရှိသည်။ တောရက်စ် ရေလက်ကြား ကျွန်းများသည်အများအားဖြင့် ကွင်းစလန် ပြည်နယ် ၏အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း သီးခြားအစိုးရအဆင့်အတန်း ရှိသည်။ )

ယခင်က အဘိုရီဂျင်း ဩစတြေးလျတို့သည် ကမ်းလွန်ရေတိမ် ပိုင်း၏ ကြီးမားသော နေရာများတွင် နေထိုင်ခဲ့ကြပြီး လွန်ခဲ့သောနှစ်ပေါင်း ၁၁,၇၀၀ ခန့်က ဟိုလိုဆင်း ရေခဲခေတ်ကြား ကာလ အစတွင် မြေများရေလွှမ်းမိုးမှုကြောင့် ကမ်းလွန်ကျွန်းငယ်များနှင့် တက်စမေးနီးယား ကျွန်းများပေါ်တွင် သီးခြားစီ နေထိုင်ခဲ့ကြသည်။ အဘိုရီးဂျင်းအုပ်စုများ၏ မျိုးရိုးဗီဇဖွဲ့စည်းမှုနှင့် ပတ်သက်သော လေ့လာမှုများမှာ ဆက်လက် လုပ်ဆောင် နေသေးသော်လည်း သက်သေအထောက်အထားများအရ သူတို့သည် ရှေးခေတ်အာရှမှ မျိုးရိုးဗီဇအမွေဆက်ခံထားသော်လည်း ခေတ်သစ်လူမျိုးများ၏ မျိုးရိုးဗီဇ မပါရှိသည်ကိုလည်းကောင်း၊ ပါပူဝါ လူမျိုးများနှင့်တူညီမှုအချို့ရှိသော်လည်း အရှေ့တောင်အာရှမှ အချိန်ကြာမြင့်စွာ ဝေးကွာနေသည်ဟု သက်သေပြနိုင်ခဲ့သည်။ ဥရောပသားတို့၏ ကျယ်ပြန့်စွာ အခြေချနေထိုင်မှု မတိုင်မီတွင် အဘိုရီဂျင်း ဘာသာစကား ၂၅၀ ကျော် ရှိခဲ့သည်။

၂၀၁၆ ဩစတြေးလျ သန်းခေါင်စာရင်း တွင် ဌာနေ ဩစတြေးလျလူမျိုး ၃.၃% ပါဝင်ပြီး ၉၁% မှာ အဘိုရီဂျင်းများ အဖြစ် သတ်မှတ်ထားပြီး၊ ၅% မှာ တောရက်စ်ရေလက်ကြား ကျွန်းသား အဖြစ် သတ်မှာကာ ၄% မှာ နှစ်မျိုး စလုံးတွင် အပါအဝင် ဖြစ်သည်။ သူတို့သည် ဩစတြေးလျ ရှိ လူများတို့ နေရပ်စွန့် နေထိုင်ခြင်းတွင်လည်း ပါဝင်ကြပြီး ကမ္ဘာအနှံ့တွင် နေထိုင်ကြသည် ။

အဘိုရီဂျင်း လူအများစုသည် အင်္ဂလိပ်စကား ပြောကြသည်။ အဘိုရီဂျင်း စကားစုများနှင့် စကားလုံးများကို ဩစတြေးလျ အဘိုရီဂျင်း အင်္ဂလိပ်တွင် ထည့်သွင်းထားသည်။ (ထို့အတွက် အဘို ရီးဂျင်းဘာသာစကား များ၏အသံထွက် နှင့် သဒ္ဒါဖွဲ့စည်းပုံ တွင်သိသာထင်ရှားသောလွှမ်းမိုးမှုရှိသည်) ။

အဘိုရီဂျင်း ဩစတြေးလျလူမျိုးများနှင့် တောရက်စ်ရေလက်ကြားကျွန်းသားများသည် ဩစတြေးလျ နိုင်ငံသားများနှင့် နှိုင်းယှဉ်လျှင် ကျန်းမာရေး နှင့် စီးပွားရေး ချို့တဲ့မှု များစွာရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. Estimates of Aboriginal and Torres Strait Islander AustraliansAustralian Bureau of Statistics (June 2016)။ 8 November 2018 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ 4713.0 – Population Characteristics, Aboriginal and Torres Strait Islander Australians။ Australian Bureau of Statistics (4 May 2010)။