အမန်ဒါ မာရီ နော့ဇ် (အင်္ဂလိပ်: Amanda Marie Knox; ၁၉၈၇ ဇူလိုင် ၉ တွင် မွေးဖွား) သည် အခန်းဖော် ပညာတော်သင်ကျောင်းသူ မဲရဒစ်သ်ကာချာအား ၂၀၀၇ ၌ လူသတ်မှုဖြင့် စီရင်ချက်ချခံရပြီး အီတလီနိုင်ငံအကျဉ်းထောင်၌ ၄ နှစ်ခန့် အကျဉ်းကျခံခဲ့ရသော အမေရိကန်အမျိုးသမီး ဖြစ်သည်။ ၂၀၁၅ ၌ နော့ဇ်အား အီတလီနိုင်ငံ Court of Cassation (အထက်တရားရုံးချုပ်) က တရားသေ လွှတ်လိုက်သည်။

အမန်ဒါနော့ဇ်
၂၀၁၆ ဇူလိုင်က နော့ဇ်
မွေးဖွားအမန်ဒါ မာရီ နော့ဇ်
(၁၉၈၇-0၇-0၉) ဇူလိုင် ၉၊ ၁၉၈၇ (အသက် ၃၆)
ဆီယက်တဲလ်ဝါရှင်တန်U.S.
ပညာရေးဝါရှင်တန်တက္ကသိုလ် (ဘီအေ)
အလုပ်အကိုင်စာရေးသူ ၊ ဂျာနယ်လစ်
ကျော်ကြားမှုအရင်းခံမဲရဒစ်သ်ကာချာ အား သတ်မှု ဖြင့် စွဲချက်တင်စီရင်ခံရပြီး ၂၀၁၅ တွင် ထောင်မှလွတ်သည်။
ဝက်ဘ်ဆိုဒ်AmandaKnox.com

လူသတ်မှုဖြစ်ချိန်က အသက် ၂၀ သာ ရှိသေးသော နော့ဇ်မှာ ရည်းစားဖြစ်သူ ရာဖိုင်အဲလ်ဆိုလက်စီတိုနှင့် တစ်ညတာ အတူကုန်ဆုံးခဲ့ပြီး သူမနှင့် ကာချာတို့အတူနေထိုင်ရာ တိုက်ခန်းသို့ပြန်လာချိန်၌ ကာချာ၏ အိပ်ခန်းမှာ သော့ပိတ်ထားပြီး ရေချိုးခန်းအတွင်း၌ သွေးများတွေ့ရသဖြင့် ရဲတပ်ဖွဲ့အား အကြောင်းကြားခေါ်ယူခဲ့သည်။ အငြင်းပွားဖွယ်ရာ လုပ်နည်း လုပ်ဟန်များဖြင့် စစ်ဆေးမေးမြန်းမှုအတွင်း နော့ဇ်က သူမကိုယ်တိုင် နှင့် သူမ၏ အလုပ်ရှင် ပက်ထရစ်လမန်ဘာတို့အား အမှုပတ်စေခဲ့သည်။ နော့ဇ်နှင့်ဆိုလက်စီတိုမှာ လမန်ဘာနှင့် ဇာတ်တိုက်ပြီး ကာချာအား သတ်ခဲ့သည်ဟု အစပိုင်းက စွပ်စွဲခံရသော်လည်း လမန်ဘာအား မကြာမီ လွှတ်လိုက်သည်။ ကာချာ၏ ပစ္စည်းများပေါ်မှ ၎င်း၏ သွေးစွန်းနေသော လက်ဗွေရာကို တွေ့ရှိရသဖြင့် ဖောက်ထွင်းသူ Rudy Guede အဖမ်းခံရသည်။

တရားရုံးတင်မစစ်ဆေးမီ အီတာလျံမီဒီယာများ၌ (ကမ္ဘာတဝှမ်းမှ အခြားမီဒီယာများက ထပ်ဆင့်လွှင့်) နော့ဇ်အား အဆိုးမြင်စေရန် ပုံဖော်ခဲ့ကြရာ ရုံးတင်စစ်ဆေးမှု၌ နာမည်သေသွားစေရန် လုပ်ကြံသည့် နည်းလမ်းများကို အသုံးပြုသည် ဟု စောဒကတက်ခဲ့သည်အထိ ဖြစ်လာခဲ့သည်။ အခင်းဖြစ်ပွားရာနေရာမှ သက်သေအထောက်အထားများမှာ သူမ ပါဝင် ပတ်သက်နေကြောင်း ကိုက်ညီမှုမရှိဟု အမေရိကန်မှုခင်း ဆေးပညာရှင်များက ယူဆကြရာ နော့ဇ်အား ကနဦးရုံးတင် စစ်ဆေးမှုမှ ပြစ်မှုထင်ရှားကြောင်း စီရင်ချက် နှင့် ထောင်ဒဏ် ၂၆ နှစ်မှာ နိုင်ငံတကာ၌ အငြင်းပွားမှုများဖြစ်စေခဲ့သည်။ ပြစ်မှုကင်းရှင်းကြောင်း လျောက်ထားမှု အောင်မြင်ခဲ့သည့် ဒုတိယအဆင့် ရုံးတင်စစ်ဆေးမှုအပါအဝင် ရှည်လျားသော တရားစွဲဆိုမှုများမှာ ၂၀၁၁ ခုနှစ် နော့ဇ် လွတ်မြောက်ပြီးသည်အထိ ဆက်လက်ဖြစ်ပွားခဲ့သည်။ အပြစ်မှ တရားသေ ကင်းလွတ်စေခဲ့သည်။ အီတလီနိုင်ငံ၏ အမြင့်ဆုံးတရားရုံးက ၂၀၁၅ မတ် ၂၇ ၌ နော့ဇ်နှင့် ဆိုလက်စီတိုအား တရားသေ လွှတ်လိုက်သည်။ သို့သော် လမန်ဘာအား အသရေဖျက် (နာမည်ဖျက်ခြင်း) သည့်အတွက် နော့ဇ်အား စွဲချက်တင်မှုမှာ တရားရုံးအားလုံးတွင် ဆက်လက်တည်မြဲနေဆဲဖြစ်သည်။ စစ်ဆေးမေးမြန်းမှုအတွင်း ရဲမေ၏ ရိုက်နှက်ခံရသည်ဟု နော့ဇ်က ထွက်ဆိုသဖြင့် ၂၀၁၆ ဇန်နဝါရီ ၁၄ ၌ ယင်းစွဲချက်မှ လွတ်စေခဲ့သည်။[၁]

နော့ဇ်သည် စာရေးသူ၊ တက်ကြွလှုပ်ရှားသူ နှင့် ဂျာနယ်လစ် တစ်ဦးဖြစ်လာသည်။[၂][၃]သူမ၏ မှတ်တမ်း Waiting to Be Heard က အရောင်းဆုံးစာအုပ် ၁ အုပ်ဖြစ်ခဲ့သည်။[၄] Vice Media က ထုတ်လုပ်သော The Scarlet Letter Reports ရှိုးပွဲကို နော့ဇ်က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း Facebook Watch က ၂၀၁၇ ဒီဇင်ဘာတွင် ကြေညာသည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. Amanda Knox assolta dall'accusa di calunnia: aveva detto di essere stata maltrattata dai poliziotti
  2. Tanenhaus၊ Sam (2013-05-26)။ ‘Waiting to Be Heard: A Memoir,’ by Amanda Knox။ 2018-07-09 တွင် ပြန်စစ်ပြီး။
  3. Amanda Knox mourns Meredith Kercher a decade after murder (2017-11-02)။ 2018-07-09 တွင် ပြန်စစ်ပြီး။
  4. Patterson၊ James (2013-05-19)။ Best Sellers။ 2018-07-09 တွင် ပြန်စစ်ပြီး။
  5. Spangler၊ Todd (2017-12-13)။ Facebook Orders Three Vice Shows, Including Amanda Knox-Hosted Series About Women ‘Demonized’ by Media။ 2018-07-09 တွင် ပြန်စစ်ပြီး။