အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်

ဘုရားရှင်က ၇-နှစ်အရွယ် ရှင်ရာဟုလာအား ကလေးသူငယ်ဘာဝ မုသာဝါဒမှ ရှောင်ကြဉ်ရန်အတွက် ရေခွက်ဥပမာ, စစ်မြေပြင်ဆင်ဥပမာ နှစ်မျိုး, ကြေးမုံ(မှန်) ဥပမာတို့ဖြင့် ဩဝါဒပေးတော်မူပြီး ရှေးခေတ်, ယခုခေတ်, နောက်ခေတ် သမဏ, ဗြာဟ္မဏများ ကာယကံ, ဝစီကံ, မနောကံတို့ကို သုတ်သင်ကြပုံ ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -ဆူးဥပမာဖြင့် ရှင်ရာဟုလာ၏ ထက်မြက်ပုံ, ရှင်ရာဟုလာ ရှင်ပြုပုံ, ရာဟုလောဝါဒသုတ်တော်များ ဟောတော်မူပုံကို ပြဆိုထားပါသည်။ [၁] [၂]

မိမိ, သူတစ်ပါးနှစ်ဦးသား ချမ်းသာရန် ပြင်ဆင်ရန်

ရာဟုလာ . . . ငါ မေးမည့် စကားကို သင် ဘယ်လို သဘောရသနည်း၊ ကြေးမုံမှန်ပြင်သည် အဘယ်အကျိုး ရှိပါသနည်း ရာဟုလာ၊ အပြစ်ကိုဆင်ခြင်ခြင်း အကျိုး ရှိပါသည် ဘုရား၊

ရာဟုလာ . . . ဤနည်းအတိုင်းပင် စဉ်းစားဆင်ခြင်ကာ ကိုယ်ဖြင့် အလုပ်လုပ်ရမည်,

နှုတ်ဖြင့် အလုပ်လုပ်ရမည်,

စိတ်ဖြင့် အလုပ်လုပ်ရမည်၊

ရာဟုလာ . . . ကိုယ်ဖြင့် အလုပ်လုပ်မည်ရှိသောအခါ ငါ၏ ဤကာယကံမှုသည် မိမိအတွက်လည်း ဆင်းရဲပင်ပန်း,

သူတပါးအတွက်လည်း ဆင်းရဲပင်ပန်း,

မိမိ သူတပါး နှစ်ဦးသားအတွက်လည်း ဆင်းရဲပင်ပန်းဖို့ ဖြစ်လေမည်လားဟု ဆင်ခြင်ရမည်၊

ငါ၏ ဤကာယကံမှုသည် ဆင်းရဲကို ဖြစ်စေ၍

ဆင်းရဲသောအကျိုး ရှိသော ကံများဖြစ်လေမလားဟု ဆင်ခြင်ရာ၏၊

ရာဟုလာ . . . အကယ်၍ သင် ဆင်ခြင်သောအခါ မိမိလည်း ဆင်းရဲ၊ သူတပါးလည်း ဆင်းရဲဖို့ ဖြစ်သည်၊ ဒုက္ခကိုဖြစ်စေ၍ ဆင်းရဲသော အကျိုးရှိသည်ဟု သင် ထင်မြင်လျှင် ဤသို့သောကာယကံကို သင် မည်သည့်နည်းနှင့်မျှ မပြုသင့်၊

ရာဟုလာ အကယ်၍ သင် ဆင်ခြင်သောအခါ မိမိလည်း ဆင်းရဲ, သူတပါးလည်း ဆင်းရဲဖို့ မဖြစ်၊ ချမ်းသာခြင်းကို ဖြစ်စေ၍ ချမ်းသာသောအကျိုး ရှိသည်ဟု သင် ထင်မြင်လျှင် ဤသို့သော ကာယကံကို သင် မချွတ်ပြုရမည်။' (ဝစီကံ, မနောကံ အလားတူ)။ [၃] [၄]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၂၊၇၇-၈၃။ မ၊မြန်၊၂၊၈၄-၉၀။ မ၊ဋ္ဌ၊၃၊၈၈-၉၁။ မ၊ဋီ၊၃၊၅၉-၆၁။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၂-ဘိက္ခုဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်)
  4. လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ