Eminem သည် အမေရိကန် ရပ် အဆိုတော်နှင့် သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး၊ သူ၏ ဂီတပုံစံကြောင့် နာမည်ကြီးသူတစ်ယောက်ဖြစ်သည်။ Eminem ၏ ဒုတိယမြောက် အယ်လဘမ် Marshall Mathers LP (2000) သည် ထုတ်ဝေသည့် ပထမလမှာပင် ကော်ပီသန်းပေါင်း ၅၀၀ ကျော် ရောင်းချခဲ့ရသည်။[၁] မစ်ဆူရီပြည်နယ် စိန့်ဂျိုးဆက်မြို့တွင် သူ့အား မွေးဖွားခဲ့ပြီး ငယ်နာမည်ရင်းမှာ Marshall Bruce Mathers III ဖြစ်သည်။[၂] Eminem သည် လူငယ်ဘဝတွင် လှောင်ပြောင်ခံရခြင်း နှင့် အခြားသရော်စော်ကားပြုခံရခြင်းများအား ရပ်စာသားများအဖြစ် ထည့်သွင်းသီဆိုခဲ့သည်။

Eminem
Eminem performing in June 2009
မွေးဖွားMarshall Bruce Mathers III
(1972-10-17) အောက်တိုဘာ ၁၇၊ ၁၉၇၂ (အသက် ၅၁)
St. Joseph, Missouri, U.S.
အခြား အမည်များ
  • Double M
  • M&M
  • Marshall Mathers
အလုပ်အကိုင်
  • Rapper
  • record producer
  • songwriter
  • actor
တက်ကြွလှုပ်ရှားနှစ်များ၁၉၈၇–လက်ရှိ
ဇာတိDetroit, Michigan. United States
အိမ်ထောင်ဖက်(များ)Kimberly Anne Scott (m. 1999–2001, 2006; divorced)
သားသမီး
ဂီတခရီးလမ်း
ဂီတဟန်Hip hop
တူရိယာ
တေးသံသွင်း ကုမ္ပဏီ
  • Aftermath Entertainment
  • Shady Records
  • Interscope Records (current)
    Bassmint
  • Mashin' Duck
  • Web Entertainment
  • Game Recordings (former)
ပူးတွဲ ပါဝင်မှု
  • Bad Meets Evil
  • D12
  • Dr. Dre
  • 50 Cent
  • Lloyd Banks
  • G-Unit
  • Snoop Dogg
  • Nate Dogg
  • Lil Wayne
  • Obie Trice
  • Dina Rae
  • Rihanna
  • Royce Da 5'9"
  • Skylar Grey
  • Outsidaz
ဝက်ဘ်ဆိုက်eminem.com

ကိုးတန်းသုံးခါကျပြီးနောက် ၁၉၈၉ တွင် Eminem သည် ကျောင်းမှထွက်ကာ စားသောက်ဆိုင်များတွင် အချက်အပြုတ်လုပ်သူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုကဲ့သို့ ဝင်ရောက်လုပ်ကိုင်ရင်း အားလပ်သော အချိန်များတွင် ရပ်သီချင်းများစွာကို ရေးသားခဲ့သည်။ အောင်မြင်မှုမရခင်က Eminem သည် မီရှီဂန်ပြည်နယ်၊ ဒတ်ထရွိုက်မြို့မှ အသားကင်ဆိုင်တွင် လုပ်အားခ တစ်နာရီ (၅.၅ ဒေါ်လာ) နှုန်းဖြင့် စားဖိုဆောင်တွင် အလုပ်လုပ်ခဲ့ရသူဖြစ်သည်။

အန္တရာယ်များသည့် ပတ်ဝန်းကျင်တွင် ခက်ခဲစွာရှင်သန်ခဲ့ရသော Eminem သည် သူ၏ ရပ်ပါ နာမည်အား Slim Shady ဟုနာမည်ပေးကာ သူ၏ ဒေါသများအား သရော်သောပုံစံဆန်သည့် ရပ်စာသားများအဖြစ်ပြောင်းခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် လော့အန်ဂျလိမြို့တွင်ပြုလုပ်ခဲ့သည့် ရပ်အိုလံပစ်ပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရာ ဒုတိယဆုရရှိခဲ့ပြီး တေးထုတ်လုပ်သူများက Eminem ကိုဂရုပြုမိလာကြသည်။ NWA ဝိုင်းတော်သားဟောင်း လူမည်း rapper နှင့် rap တေးထုတ်လုပ်သူ Dr.Dre မှ Eminem ကို သဘောကျသွားပြီး ၁၉၉၉ ခုနှစ်တွင် ပထမဆုံး အယ်လဘမ် Slim Shady LP (1999) အားထုတ်ဝေပေးခဲ့သည်။ ထိုအယ်လဘမ်မှ သီချင်းစာသားများသည် ကာရံများဆန်းသစ်ခြင်း၊ ကြမ်းတမ်းသော စကားလုံးများ အသုံးပြုခြင်း၊ကိုးရိုးကားယား ပုံရိပ်များနှင့် မိမိကိုယ်ကို သရော်သော ပုံစံများကြောင့် ဟစ်ဟော့ ဂီတ ပုံစံသစ်တစ်မျိုးအဖြစ် ကိုယ်ပိုင်ဟန်တစ်ခုကို Eminem သည်ဖန်တီးနိုင်ခဲ့သည်။ ထိုအယ်လ်ဘမ်သည် ချပ်ရေသုံးသန်းကျော် ရောင်းချခဲ့ရပြီး အကောင်းဆုံး rap album ဆုနှင့် အကောင်းဆုံး rap solo performance အဖြစ် My Name IS သီချင်းဖြင့် ဂရမ်မီဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

Eminem သည် ဒုတိယ အယ်လဘမ် Marshall Mathers LP တွင် ပိုမိုအောင်မြင်လာသော်လည်း ထိုအယ်လဘမ်အတွင်းရှိ သီချင်းစာသားများသည် အမျိုးသမီးများနှင့် မိန်းမလျာ များအား ပုတ်ခတ်သည့် ပုံစံပေါက်နေသောကြောင့် အမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်သူများနှင့် မိန်းမလျာ အခွင့်အရေး တိုက်ပွဲဝင်သူများ၏ ပြင်းထန်စွာ ဆန္ဒပြမှုများနှင့် ကြုံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ Eminem သည် ၂၀၀၁ ခုနှစ် ဂရမ်မီဆုပေးပွဲတွင် မိန်းမလျာတစ်ဦးဟု သူ့ကိုယ်သူ ဝန်ခံထားသော ပေါ့အဆိုတော် Elton John နှင့်အတူတူ Stan သီချင်းအား သီဆိုဖျော်ဖြေခဲ့သည်။ ထိုဂရမ်မီဆုပေးပွဲတွင် Eminem သည် ဂရမ်မီဆု သုံးဆု ဆွတ်ခူးနိုင်ခဲ့သည်။

အောင်မြင်မှုများ ပြင်ဆင်ရန်

Eminem ရဲ့ Billboard Hot 100 - Top Ten list

  • Love The Way You Lie
  • Not Afraid
  • Lose Yourself
  • Without Me
  • Berzerk
  • Cleanin' Out My Closet
  • The Real Slim Shady
  • Shake That
  • Just Lose It
  • Rap God
  • When I'm Gone
  • We Made You

[၃]

ရရှိခဲ့သောဆုများ ပြင်ဆင်ရန်

  • American Music Awards - 8 win (23 Nomi;)
  • Billboard Music Awards - 17 win (31 Nomi;)
  • Brit Awards - 4 win (7 Nomi;)
  • Grammy Awards - 15 win (43 Nomi;)
  • MTV Europe Music Awards - 15 win (29 Nomi;)
  • MTV Video Music Awards - 12 win (51 Nomi;)
  • People's Choice Awards - 7 win (10 Nomi;)
  • World Music Awards - 10 win (24 Nomi;)
  • Academy Awards (Oscars) - 1 win (1 Nomi;)
  • Guinness - 5 win

[၄]

Eminem ရဲ့ အဲလ်ဘမ်ရှစ်ခုအနက် Diamond Single နှစ်ခု, RIAA Diamond Album နှစ်ခု စုစုပေါင်း Diamond လေးဆုရထားပါတယ်။

Eminem သည် သူ့ဘဝဇာတ်ကြောင်းအား အခြေခံကာ 8mile ဆိုသော ရုပ်ရှင်ကားထဲတွင်လည်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားမှ ဇာတ်ဝင်သီချင်း Lose Yourself မှာ တေးဂီတဆုများ ဆွတ်ခူးနိုင်ခဲ့သည်။[၅] ၁၈-၁၂-၂၀၀၀ နေ့ထုတ် Time မဂ္ဂဇင်းတွင်လည်း ၂၀၀၀ ပြည့်နှစ်၏ အထူးခြားဆုံးပုဂ္ဂိုလ် (၁၀)ဦး စာရင်းတွင် Eminem အား နံပါတ်(၁) အဖြစ်ရွေးချယ်ဖော်ပြခဲ့သည်။[၆]

Eminem ၏အယ်လဘမ်များ ပြင်ဆင်ရန်

  • Infinite (1996)
  • The Slim Shady LP (1999)
  • The Marshall Mathers LP (2000)
  • The Eminem Show (2002)
  • Encore (2004)
  • Relapse (2009)
  • Recovery (2010)
  • The Marshall Mathers LP2 (2013)
  • Revival
  • Kamikaze (2018)
  • Music To Be Murdered By (2020)

အဲလ်ဘမ်သုံးသပ်ချက် ပြင်ဆင်ရန်

ဆိုးဝါးသောပတ်ဝန်းကျင်တွင် ခက်ခဲစွာရှင်သန်ခဲ့ရသော Eminem သည် သူ၏နာမည်အား Slim Shady ဟုနာမည်ပေးကာ သူ၏ဒေါသများအား သရော်သောပုံစံဆန်သည့် 'ရပ်' စာသားများအဖြစ်ပြောင်းခဲ့သည်။  ၎င်း၏ ပထမဆုံးအဲလ်ဘမ် Infinite ကို ၁၉၉၆ နိုဝင်ဘာလမှာဖြန့်ချိခဲ့သော်လည်း အောင်မြင်မှုများစွာမရခဲ့ပေ။

NWA ဝိုင်းတော်သားဟောင်း လူမည်း rapper နှင့် rap တေးထုတ်လုပ်သူ Dr.Dre မှ Eminem ကို ၁၉၉၉ ခုနှစ်တွင် ဒုတိယမြောက် အယ်လဘမ် Slim Shady LP (1999) အားထုတ်ပေးခဲ့သည်။ ထိုအယ်လ်ဘမ်မှ သီချင်းစာသားများမှာ ကာရံများဆန်းသစ်ခြင်း၊ ကြမ်းတမ်းသော စကားလုံးများ အသုံးပြုခြင်း၊ ကိုးရိုးကားယား ပုံရိပ်များနှင့် မိမိကိုယ်ကို သရော်သော ပုံစံများကြောင့် Hip Hop ဂီတပုံစံသစ်တစ်မျိုးအဖြစ် ကိုယ်ပိုင်ဟန်တစ်ခုကို Eminem သည်ဖန်တီးနိုင်ခဲ့သည်။ ထိုအယ်လ်ဘမ်သည် ချပ်ရေသုံးသန်းကျော် ရောင်းချခဲ့ရပြီး အကောင်းဆုံး rap album ဆုနှင့် အကောင်းဆုံး rap solo performance အဖြစ် My Name IS သီချင်းဖြင့် ဂရမ်မီဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

Eminem ၏ တတိယမြောက် အယ်လဘမ် Marshall Mathers LP (2000) သည် ထုတ်ဝေသည့် ပထမသုံးရက်၌ပင် ၂.၄ သန်း ကျော် ရောင်းချခဲ့ရသည်။ ထိုအဲလ်ဘမ်သည် အမေရိကန်ဘီလ်ဘော့ဒ် (၂၀၀)တွင် အဆင့်(၁)ဖြင့်ရပ်တည်နိုင်ခဲ့၏။ "The Real Slim Shady", "Stan" တို့ကဲ့သို့သော သီချင်းများကိုလည်း လူကြိုက်များ၏။ Marshall Mathers LP တွင်ပိုမိုအောင်မြင်လာခဲ့သော်လည်း ဤအယ်လ်ဘမ်ထဲက သီချင်းစာသားများသည် အမျိုးသမီးများနှင့် လိင်တူများ ပုတ်ခတ်သည့် ပုံစံပေါက်နေသောကြောင့် Eminemအမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်သူများနှင့် လိင်တူအခွင့်ရေး တိုက်ပွဲဝင်သူများ၏ ပြင်းထန်စွာ ဆန္ဒပြမူ့များနှင့် ကြုံခဲ့ရသည်။ သို့ရာတွင် Eminem သည် ၂၀၀၁ ခုနှစ် ဂရမ်မီဆုပေးပွဲ၌ လိင်တူဟု ဝန်ခံထားသော အဆိုတော် အယ်လ်တန် ဂျွန်(Elton John)နှင့်အတူတူ Stan သီချင်းအား သီဆိုဖျော်ဖြေခဲ့သည်။ ထိုဂရမ်မီဆုပေးပွဲတွင် Eminem သည် ဂရမ်မီဆု သုံးဆု ဆွတ်ခူးနိုင်ခဲ့သည်။ 

၂၀၀၂ ခုနှစ် မေလ ၂၁ ရက်နေ့တွင် လေးခုမြောက် The Eminem Show အဲလ်ဘမ်ကိုဖြန့်ချိခဲ့ပြီး ထိုနှစ်၌ပင် (၇.၆) သန်းရောင်းရခဲ့ပါတယ်။ ဤအဲလ်ဘမ်ထဲက တတိယမြောက်အဲလ်ဘမ်ထွက်ရှိခဲ့ပြီးWithout Me, Superman, Sing for the Moment စသောသီချင်းများသည် လူကြိုက်များ ကျော်ကြားခဲ့၏။ အမေရိကန်ဘီလ်ဘော့ဒ် (၂၀၀)တွင် အဆင့်(၁) ရခဲ့သည်။

ငါးခုမြောက် Encore အဲလ်ဘမ်ကိုတော့ ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့၌ ထွက်ရှိခဲ့ပြီး Just Lose It, Like Toy Soldiers, Ass Like That စတဲ့သီချင်းမျာူ နာမည်ကြီးခဲ့သည်။ ပထမရက်သတ္တပတ် (၂)ခုအတွင်း အမေရိကန်ပြည်ထောင်စုတွင် (၁.၅) သန်းရောင်းရခဲ့ပါတယ်။ အမေရိကန်ဘီလ်ဘော့ဒ် (၂၀၀) အဆင့်(၁) ရခဲ့သည်။

၂၀၁၀ ဇွန်လ ၁၈ ရက်နေ့တွင် ခုနှစ်ခုမြောက် အယ်လ်ဘမ်ဖြစ်သော Recovery ထွက်ရှိခဲ့ပါတယ်။ ဒီအဲလ်ဘမ်ထဲက Not Afraid, Love the Way You Lie, No Love, Space Bound သီချင်းများသည် ပြည်ပတွင်သာမက ပြည်တွင်း၌လည်း နာမည်ကြီးခဲ့သည်။ အမေရိကန်ဘီလ်ဘော့ဒ် (၂၀၀) အဆင့်(၁) ထပ်မံရခဲ့၏။

၂၀၀၀ ခုနှစ်ကထွက်ခဲ့သော The Marshall Mathers LP ပြီးနောက် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့၌ The Marshall Mathers LP 2 ဆိုပြီး Eminem ရဲ့ ရှစ်ခုမြောက်အဲလ်ဘမ်ကို ဖြန့်ချိခဲ့ပါတယ်။ ဒီအဲလ်ဘမ်ထဲတွင် နာမည်ကြီသီချင်းတွေဖြစ်သော Berzerk, Survival, Rap God, The Monster စသောသီချင်းများ ပါဝင်သည်။ ဒီအဲလ်ဘမ်က အမေရိကန်ဘီလ်ဘော့ဒ် (၂၀၀) အဆင့်(၁) ရခဲ့ပြန်သည်။[၇]

အကိုးအကား ပြင်ဆင်ရန်

  1. "Eminem's criminal record", BBC News, April 11, 2001. Retrieved July 8, 2008.
  2. Ankeny၊ Jason (2006)။ Eminem – Biography။ Allmusic။ January 30, 2008 တွင် ပြန်စစ်ပြီး။
  3. "[၁] Archived 2 February 2016 at the Wayback Machine.", Billboard
  4. "[၂]", Wikipedia
  5. Roberts၊ David (2006)။ British Hit Singles & Albums (19th ed.)။ London: Guinness World Records Limited။ p. 137။ ISBN 1-904994-10-5
  6. Encarta online encyclopedia မှ။ 28 August 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 August 2009 တွင် ပြန်စစ်ပြီး။
  7. "[၃]", Wikipedia