အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး

အမှတ်(၃) စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ -၃) သည် လက်ရှိတွင် ရခိုင်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီး နယ်မြေဒေသများအတွင်း စစ်ဆင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို တာဝန်ယူကွပ်ကဲသည်။ အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူးမှာ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ဖြစ်ပါသည်။ ကွပ်ကဲမှုနယ်မြေအတွင်းတွင် တိုင်းစစ်ဌာနချုပ် (၂)ခု (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်)၊ ရေတပ်စခန်းဌာနချုပ် (၂)ခု၊ လေတပ်စခန်းဌာနချုပ် (၂)ခု၊ ခြေမြန်တပ်မဌာနချုပ် (၂)ခု၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၃)ခု၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (၁)ခု၊ အမြောက်တပ်မဌာနချုပ် (၂)ခု၊ သံချပ်ကာတပ်မဌာနချုပ် (၁)ခုတို့ တည်ရှိသည်။