ပင်မမီနူးကို ဖွင့်ရန်
Wat Chaiwatthanaram

အယုဓယ (ထိုင်းဘာသာ:พระนครศรีอยุธยา, မြန်မာဘာသာ:ဗြးနခေါရ်ၐြီအယုဓယ, aˡjutʰajaː) ထိုင်းနိုင်ငံအယုဓယတိုင်း၏ ရှေးမြို့တော်ဟောင်းဖြစ်၍ ဘန်ကောက်မြို့မှ မြောက်ဘက်သို့ မိုင်၅ဝ ခန့်အကွာ၊ အောက်မဲနမ် (ချောင်ဖယား)မြစ်အတွင်းရှိ ကျွန်းပေါ်တွင် တည်ရှိသည်။အယုဓယ မြို့ဟောင်းကို ခရစ် ၁၃၅ဝ ပြည့်နှစ်၌ ပထမ ရာဇာဓိပတိဘွဲ့ခံ ဗြးအုထုံအမည်ရှိ ယိုးဒယားဘုရင်တစ်ပါးက စတင် တည်ဆောက်ခဲ့ရာမှ ခမ်နားကြီး ကျယ်သောမင်းနေပြည်တော်ကြီး ဖြစ်ခဲ့ဘူးသည်။ တဖြည်းဖြည်းအင်အားကောင်းလာပြီး ရှေးဦးပိုင်းထိုင်းမြို့ပြနိုင်ငံများဖြစ်ကြသည့် သောက္ကတဲ၊ ပိဿလောက်စသည်တို့ကိုသိမ်းယူခဲ့သည်၊ ယင်းသို့ ယိုးဒယားမင်း အဆက်ဆက် စိုးမိုး အုပ်ချုပ်ခဲ့၍ နှစ်ပေါင်း ၄၁၇ နှစ်တိုင်တိုင် မားမားမတ်မတ် တည်တံ့ခဲ့သော အယုဓယ နေပြည်တော်ကြီး သည် မြန်မာသက္ကရာဇ် ၁၁၂၈ ခုနှစ်၌ နောက်ဆုံးဖြစ်ပွားခဲ့ သော ယိုးဒယား-မြန်မာစစ်ပွဲတွင် မြန်မာတို့လက်သို့ ကျ ရောက်၍ ရာဇဝင်တင်လောက်အောင် ဆုံးရှုံး ပျက်စီးခဲ့ရလေ သည်။ ယခုအခါ၌ကား ယခင်ကလောက် စည်ကားခြင်း မရှိတော့ဘဲ ဘုရားပျက် ကျောင်းပျက်များသာ ရှိနေပေသည်။ အယုဓယမြို့သည် ကျွန်းပေါ်တွင် တည်ဆောက်ထားသည် ဖြစ်ရကား မြစ်ကမ်းနားတစ်လျှောက်ရှိ အဆောက်အအုံများမှာ မိုးရာသီ မြစ်လျှံတက်မှုမှ လွတ်ကင်းရန် တိုင်များဖြင့် အမြင့် ဆောက်လုပ်ထားကြသည်။ မြို့တွင်း၌ မဲနမ်မြစ်မှနေ၍ မြို့ကို ဖြတ်သန်းဖောက်လုပ်ထားသော တူးမြောင်း အမြောက်အမြားကို မြို့တွင်းကူးသန်းသွားလာရေးအတွက် အသုံးပြုကြသည်။

ကမ်းနားတစ်လျှောက်နှင့် တူးမြောင်းများထဲတွင် ဆင်းရဲသား များ နေထိုင်ကြသော လှေအိမ်နှင့် ရေပေါ်ဈေးဆိုင် အမြောက် အမြားရှိရာ ဈေးဝယ်ရာ၌ လည်းကောင်း၊ တစ်အိမ်နှင့်တစ်အိမ် ကူးသန်းသွားလာကြသည်။ မြို့အတွင်းဘက်၌ကား လမ်းကြီး လမ်းငယ် အသွယ်သွယ် ဖောက်လုပ်ထားသဖြင့် ကုန်းလမ်းခရီး ဖြင့်လည်း အခြားမြို့များသို့ လွယ်ကူစွာ သွားလာနိုင်သည်။ အယုဓယမြို့သည် ယိုးဒယားနိုင်ငံ၏ ဆန်စပါး အများဆုံး ထွက်ရာ ဗဟိုဌာန ဖြစ်သည်။ ဆန်နှင့် ကျွန်းသစ်များကို အမြောက်အမြား လုပ်ကိုင်ကြ၍ နိုင်ငံခြားသို့ တင်ပို့ ရောင်းချ သည်။ ငါးဖမ်းခြင်း အလုပ်ဖြင့်လည်း အရေးပါသောမြို့ ဖြစ် သည်။ အယုဓယမြို့မှ ဗန်ကောက်နှင့် အခြားရေလမ်းခရီးမြို့ များသို့ မော်တော်သဘေ‡ာများဖြင့် အဆက်မပြတ် ကူးသန်း သွားလျက် ရှိကြသည်။ ထင်ရှားသော ရှေးမြို့ဟောင်းကြီး ဖြစ်သည့်ပြင် ပျက်စီးလျက်ရှိသော ဘုရားပျက်၊ ကျောင်းပျက် နှင့် အဆောက်အအုံပျက်များကို ရှေးကအတိုင်း လက်ရာမပျက် ယခုတိုင် တွေ့နေရသေးသောကြောင့် ကမ္ဘာအရပ်ရပ်မှ ခရီး သည်များနှင့် ရှေးဟောင်းပစ္စည်းနှင့် ကမ္ဗည်းကျောက်စာ လေ့လာလိုက်စားသူ အမြောက်အမြား လာရောက်လည်ပတ် ကြည့်ရှုကြသည်။ အယုဓယမြို့၏ ၁၉၅၇ ခုနှစ် ခန့်မှန်းခြေ လူဦးရေမျာ ၃ဝ၉၄၇ ဖြစ်သည်။

မြန်မာသက္ကရာဇ် ၉၁ဝ ပြည်နှစ် တောင်ငူခေတ် တပင် ရွှေထီးလက်ထက်မှ စ၍ ယိုးဒယားနှင့် မြန်မာတို့သည် မကြာခဏ တိုက်ခိုက်လာခဲ့ကြရာ တစ်ခါတစ်ရံ မြန်မာတို့က အယုဓယမြို့ကို ရောက်ခဲ့ကြ၍ တစ်ခါတစ်ရံ ယိုးဒယားတို့က တနင်္သာရီ၊ထားဝယ်၊ မုတ္တမထိ ရောက်ခဲ့ကြသည်။ တပင် ရွှေင်း လက်ထက်တွင် အယုဓယမြို့ကို တစ်လခန့် လုပ် ကြံသော်လည်း မြို့စီးပြစီး ထူထပ်လှသဖြင့် မအောင်မြင်ချေ။ ဘုရင့်နောင်(ဟံသာဝတီ ဆင်ဖြူများရှင်မင်းတရား) လက်ထက်၊ သက္ကရာဇ် ၉၂၅ ခုနှစ်တွင် တစ်ကြိမ်၊ ၉၃ဝ ပြည့်နှစ်တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် အယုဓယမြို့ကို အလုံးအရင်း ကြီးစွာဖြင့် လုပ်ကြံတိုက်ခိုက်ရာ အောင်မြင်သဖြင့် မြို့နှင့်တကွ ရွှေငွေရတနာ ဘဏ္ဍာများစွာကို သိမ်းယူပြီးလျှင် မင်းညီ မင်းသားများနှင့် မြို့စားမှူးမတ်များ အပါအဝင် သုံ့ပန်း အမြောက်အမြားကို ဟံသာဝတီသို့ ယူဆောင်လာခဲ့သည်။ သို့သော် မြို့ကြီးကား အပျက်အစီးများစွာ မရှိခဲ့ချေ။ အလောင်းမင်းတရားကြီး လက်ထက် သက္ကရာဇ် ၁၁၂၁ ခုနှစ်တွင် အယုဓယမြို့ကို ဝန်းရံလုပ်ကြံသော် လည်း မရလေ။ ဤသို့ လုပ်ကြံစဉ်တွင် ကိုယ်တော် မကျန်းမာသည်နှင့် ပြန်လာ ရာ မုတ္တမကျေး ကင်းရွာသို့ အရောက်တွင် နတ်ရွာစံတော်မူ သည်။ သက္ကရာဇ် ၁၁၂၈ ခုနှစ် အလောင်းမင်းတရားကြီး သားတော်ဆင်ဖြူရှင်မင်းတရား လက်ထက်တွင် တစ်ဖန် အယုဓယမြို့ကြီးကို လုပ်ကြံ တိုက်ခိုက်ပြန်ရာ ဤအကြိမ်သည် အယုဓယမြို့၏ ပျက်စီးခြင်းအကြောင်း နောက်ဆုံးအကြိမ်ပင် တည်း။ အယုဓယမြို့ကြီးကို ဝိုင်းရံ တိုက်ခိုက်ရာ၌ မြန်မာတို့က ယိုဒယားမြို့အောက်သို့ ရောက်အောင် ဥမင်ကြီးများ ဖောက်၍ ထင်း၊ လောင်စာ အပြည့်သွင်း၍ မီးခိုးလျှံပြင်းလှသဖြင့် မြို့ရိုးပြိုသည်နှင့် မြန်မာရဲမက်များ ဝင်နိုင်သည်တွင် အယုဓယမြို့ တစ်မြို့လုံးကိုရ၍ ယိုးဒယားမြို့သား မိန်းမ ယောကျာ်းတို့ကို သုံ့ပန်းအဖြစ် ဖမ်းယူသည်။ အိမ်ရာ ကျောင်း ကန် စရပ်၊ တန်ဆောင်းများကို အနှံ့အစပ် မီးတိုက်ရှို့သည်။ ဤတွင် ယိုးဒယားဘာသာ ရာဇဝင်စာပေ အမြောက်အမြား ပျက်စီး ဆုံးရှုံးသည်ဟု ဆိုသည်။ အယုဓယမြို့မှာ မြို့ပျက်ကြီး အဖြစ်သို့ ရောက်သွား၍ နောက်ထပ်မြို့ကို မထူထောင်တော့ဘဲ ဘန်ကောက်မြို့သို့ ပြောင်း၍ မြို့နန်းထူထောင်လေတော့သည်။ [၁][၂]

မြို့မပြင်ဆင်

 
Ruins of Ayutthaya, Thailand
  • အယုဓယ သမိုင်းဝင်လေ့လာစရာဗဟိုဌာန
  • ချန် ကသေမ် နန်းတော်
  • ချောဝ် သမ် ဗြး အမျိုးသားပြတိုက်
  • စိန့်.ဂျိုးဇက်စ် ဘုရားကျောင်း
  • ဝင် လီုယာင်
  • Wat Chai Watthanaram
  • ဝတ် လောကယ သုဒရမ်
  • Wat Mahathat
  • ဝတ် နဗြးမေန်
  • ဝတ်ဗနန် ချီုင် ျီုင်ခ
  • Wat Phanan Choeng
  • ဝတ် ဗြးရမ်
  • ဝတ် ဗြးသိ သန်ဗေတ်
  • ဝတ် ဗုဒ်ဒါယ်သဝန်
  • ဝတ် ရတ်ချဘုရန
  • ဝတ် သုဝန် ဒြရမ်
  • ဝတ် ဒမ္မိကရတ်
  • ဝိဟန် ဗြး မိုင်ခိုင် ဘိုဖိတ်

The city is located at the junction of the Chao Phraya, Lopburi and Pa Sak rivers, and on the main north-south railway linking Chiang Mai to Bangkok. The old city is on an island formed by a bend of the Chao Phraya on the west and south sides, the Pa Sak on the east side and, on the northern side, the Klong Maung canal.

The Empire was actually brought down in 1767 by the Burmese destruction of Ayudhya.

In popular cultureပြင်ဆင်

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
  2. George Modelski, World Cities: –3000 to 2000, Washington DC: FAROS 2000, 2003. ISBN 2-00309-499-4. See also Evolutionary World Politics Homepage.

ပြင်ပလင့်ပြင်ဆင်