ဝိုက်ကျွန်း ခေါ် အယ်လော့ဝိုက် (အင်္ဂလိပ်: Isle of Wight) သည် အင်္ဂလန်ရှိ အကြီးဆုံးနှင့် ဒုတိယ လူဦးရေအထူထပ်ဆုံး ကျွန်းစီရင်စု ဖြစ်သည်။ အင်္ဂလိပ်ရေလက်ကြားတွင် ရှိပြီး ဟမ္ပရှိုင်းယားကမ်းစပ်မှ အနီးဆုံးလျှင် ၂ မိုင်၊ အဝေးဆုံးလျှင် ၅ မိုင်အကြာတွင် ရှိသည်။ အယ်လော့ဝိုက်နှင့် ဟမ္ပရှိုင်းယားအကြားရှိ ရေပြင်ကို ဆိုးလန့်ရေလက်ကြား ခေါ်သည်။ ဗစ်တိုးရီးယန်းကာလများကတည်းကပင် ရာသီဥတုသာယာခြင်း၊ ကမ်းခြေမြင်ကွင်းရှိခြင်း၊ မြေမျက်နှာသွင်ပြင် ပြေပြစ်ခြင်းတို့ကြောင့် ကမ်းပေါ်ရှိ ကမ်းခြေအပန်းဖြေစခန်းများသို့ အားလပ်ရက်များတွင် ပြည်သူတို့ သွားရောက်လေ့ ရှိ၏။ ယခင်က ဟမ္ပရှိုင်းယားနယ်တွင် ပါသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. "Isle of Wight". Britannica. Retrieved 2 May 2021.