ဘုရင့်မြေရာများကိုခေါ်သည်။
(က) နန်းစဉ်အရာတော်မြေ = မိုဃ်းဦးကျ နယုန်လမှာ လယ်ထွန်မင်္ဂလာပြုမြဲဖြစ်သော ဘုရင်ပိုင် လယ်တော်၊
(ခ) စုံသေ အမွေပြတ် အရာတော်မြေ = အမွေစား အမွေခံမရှိ၍ သိမ်းပိုက်ထားသောမြေ၊
(ဂ) သိမ်းစု အရာတော်မြေ = ရာဇဝတ်မှုကျုးလွန်သူတို့ထံမှ သိမ်းယူထားသောမြေ၊
(ဃ) ယွန်းပေါင်းပါမြေ = ယွန်းပေါင်း ပုရပိုက်တွင် ရေးမှတ်တင်ထားသည့် မိဖုရားခေါင်ကြီးပိုင်မြေဟု အရာတော်လေးမျိုးရှိ၏။