မဟာပန်

ဗုဒ္ဓဝင် ဧတဒဂ်ရ ရဟန်း
(အရှင်မဟာပန် မှ ပြန်ညွှန်းထားသည်)

အရှင်မဟာပန်ထေရ် (ပါဠိ: မဟာပန္ထက) သည် မြတ်စွာဘုရားရှင်၏ သာသနာတော်တွင် အရူပါဝစရဈာန်ကို ဝင်စားသည့်အရာတွင် ဧတဒဂ် ရသည်။ အရှင်စူဠပန်၏ အကို တော်စပ်သူလည်း ဖြစ်သည်။[၁]

ငယ်ဘဝ ပြင်ဆင်ရန်

ရာဇဂြိုဟ်ပြည်ရှိ သူဌေးကြီး ဓနသေဋ္ဌိတွင် သမီးတစ်ဦး ရှိ၏။ သမီးဖြစ်သူသည် မိဘများက သဘောမတူနိုင်သည့် အိမ်ရှိ အခိုင်းအစေနှင့် ယူလိုက်သဖြင့် မိဘနှစ်ပါးက ပစ္စည်းများပေးကာ သားသမီးအဖြစ်မှ စွန့်ပယ်၏။ မြေးနှစ်ဦးကိုမူ မိမိ၏ အိမ်တွင် ခေါ်ယူကာ ထား၏။ မြေးနှစ်ဦးသည် အကြီး မဟာပန် နှင့် အငယ် စူဠပန် တို့ ဖြစ်ကြသည်။[၁]

အမည် ပြင်ဆင်ရန်

သူဌေးသမီးသည် ပထမကိုယ်ဝန် ရင့်လာသည့်အခါ အမျိုးသမီးတို့၏ ဓမ္မတာအလျောက် မိဘရပ်ထံတွင် ပြန်လည်ကာ မီးဖွားလို၏။ သို့သော် ခင်ပွန်းဖြစ်သူက မလိုက်ရဲသဖြင့် နေ့ညရက်တို့ဖြင့် အချိန်ရွှေ့ကာ နေလေ၏။ နောက်ဆုံးတွင် သူဌေးသမီးသည် အိမ်နီးချင်းတို့ကို မှာကြားကာ ခင်ပွန်းမရှိခိုက် ရာဇဂြိုဟ်ပြည်ရှိ မိဘများထံသို့ သွားလေသည်။ ခင်ပွန်းဖြစ်သူ သိရှိ၍ နောက်မှ လိုက်လာလေသည်။ သို့သော်လည်း သူဌေးသမီးသည် မိဘရပ်ထံသို့ မရောက်ဘဲ လမ်းခုလပ်၌ပင် ကလေးငယ်ကို ဖွားမြင်ခဲ့သည်။ လမ်းခုလပ်၌ပင် မီးဖွား၍ ပြီးစီးသဖြင့် မိဘထံသို့ မသွားတော့ဘဲ ပြန်လှည့်လာခဲ့သည်။ သားအငယ်ဖြစ်သူ စူဠပန်ကိုလည်း သူ၏အစ်ကိုဖြစ်သူကဲ့သို့ပင် လမ်းခုလပ်၌ ဖွားမြင်ခဲ့သည်။ [၁]

ကလေးငယ်နှစ်ဦး၏ အမည်မှာ မဟာပန် (မဟာပန္ထက) နှင့် စူဠပန် (စူဠပန္ထက) ဟု တွင်သည်။ "ပန္ထက" ဆိုသည်မှာ လမ်းခရီးဟု အဓိပ္ပာယ်ရသည်။ နှစ်ဦးစလုံးသည် လမ်းခရီး၌ ဖွားမြင်ခဲ့ကြသူများ ဖြစ်သည်။[၁]

ရဟန္တာဖြစ်ခြင်း ပြင်ဆင်ရန်

ဓနသေဋ္ဌိ သည် မြတ်စွာဘုရားကို ကိုးကွယ်ယုံကြည်သူ ဖြစ်၏။ ဘုရားရှင်၏ ကျောင်းတော်သို့ သွားသည့်အခါ မြေးအကြီး မဟာပန်ကို ခေါ်သွားလေ့ ရှိသည်။ ထိုအခါ မဟာပန်သည် မြတ်စွာဘုရားရှင်၏ သာသနာတော်သို့ ဝင်ရောက်ချင်စိတ်များ ဖြစ်ပေါ်လာကာ သာမဏေ ပြု၏။ အသက် ၂၀ ပြည့်၍ ရဟန်းဖြစ်၍ တရားအားထုတ်သော် ရဟန္တာ ဖြစ်တော်မူ၏။ အရှင်မဟာပန်ရဟန္တာသည် အရူပါဝစရဈာန် ဝင်စားရာတွင် ဧတဒဂ်ရ ရဟန္တာ ဖြစ်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ဦးရွှေအောင် - မဟာဝိဇ္ဇာ(သက္ကတ)၊ ဝဋံသကာ နှင့် သိရောမဏိ (၁ နိုဝင်ဘာ ၂၀၀၂)။ ဓမ္မပဒ (ယမကဝဂ်၊ စိတ္တဝဂ်၊ အပ္ပမာဒဝဂ်၊ ပုပ္ဖဝဂ် ပေါင်းချုပ်)။ အမှတ် ၃၈၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်။ pp. ၃၁၉။CS1 maint: location (link)