အလက်ဇန္ဒား ပုပ် (အင်္ဂလိပ်: Alexander Pope) သည် ဩဂတ်စတန်းစာပေခေတ် (Augustan literature)[မှတ်စု ၁] တွင်ပေါ်ထွန်းခဲ့သော ကဗျာဆရာ၊ စာရေးဆရာနှင့် သရော်စာရေးသူတစ်ဦးဖြစ်၍ ယင်းခေတ်၏ ရသမြောက်စွာဖွဲ့နွဲ့မှုကျွမ်းကျင်သော အနုပညာရှင်များထဲက တစ်ဦးလည်းဖြစ်သည်။[၁] ၁၈ ရာစုအစောပိုင်းကာလများမှ ထင်ပေါ်ကျော်ဇောသူ အင်္ဂလိပ်ကဗျာဆရာတစ်ဦးဟူ၍လည်းကောင်း 'အဆုံးကာရန်တူ လုံးရေညီသည့် နှစ်ကြောင်းပါ ကဗျာပုံစံ' (heroic couplet) ၏ ဆရာတစ်ဆူအဖြစ်လည်းကောင်း ယူဆသတ်မှတ်ကြသည်။ ပုပ်သည် The Rape of the Lock ၊ The Dunciad ၊ An Essay on Criticism စသည့် ထေ့ငေါ့ထားသော၊ ဟိုရောက်သည်ရောက်အကြောင်းအရာဖွဲ့ကဗျာများရေးခြင်း၊ ဟိုးမားအကြောင်း ဘာသာပြန်ဆိုခြင်းများအတွက် အကျော်ကြားဆုံးဖြစ်သည်။ "အောက်စဖို့ဒ်ကျမ်းကိုးအဘိဓာန်" တွင် ရှိတ်စပီးယားပြီးနောက် ဒုတိယကိုးကားမှုအခံရဆုံးသောသူလည်းဖြစ်သည်။[၂] ၎င်းရေးသားသော ကဗျာစာသားအချို့သည် ပုံမှန်သုံးစွဲလာကြသော သီးသန့်ဝေါဟာရများဖြစ်လာခဲ့သည်။ (ဥပမာ။ ။ damning with faint praise (ချီးမွမ်းခြေကျောက်ပြောဆိုသည်။ [မှတ်စု ၂]))

အလက်ဇန္ဒား ပုပ်
Alexander Pope
Pope c. 1727
မွေးဖွား(1688-05-21)၂၁ မေ၊ ၁၆၈၈
အင်္ဂလန်, လန်ဒန်မြို့
ကွယ်လွန်၃၀ မေ၊ ၁၇၄၄(1744-05-30) (အသက် ၅၆)
အင်္ဂလန်၊ မစ်ဒဲလ်ဆက်စ် ကောင်တီ၊ တွစ်ကန်ဟမ်း ဆင်ခြေဖုံးမြို့
ထာဝရ အိပ်စက်ရာတွစ်ကန်ဟမ်းမြို့၊ စိန့်မယ်ရီဘုရားကျောင်း။
အလုပ်အကိုင်ကဗျာဆရာ၊ စာရေးဆရာ၊ ဘာသာပြန်ဆရာ။
ထင်ရှားသည့်လက်ရာများThe Dunciad, The Rape of the Lock, An Essay on Criticismဟိုးမား အကြောင်း ဘာသာပြန်လက်ရာ

လက်မှတ်

မှတ်စု ပြင်ဆင်ရန်

  1. ၁၇-၁၈ ရာစုတွင် ဖြစ်ထွန်းသော အင်္ဂလိပ်စာပေပုံစံတစ်ခုဖြစ်ကာ ခန့်ခန့်ညားညားနှင့် ဂန္ထဝင်ဆန်သည်ဟု ယူဆကြသည်။
  2. ချီးမွမ်းဟန်ပြု၍ ကဲ့ရဲ့ပြစ်တင်ခြင်း

ကိုးကား ပြင်ဆင်ရန်

  1. Foundation၊ Poetry (2021-04-29)။ Alexander Pope (in en)။ 2021-04-30 တွင် ပြန်စစ်ပြီး။
  2. The Oxford Dictionary of Quotations (5th ed.)။ Oxford University Press။ 1999။