အလက်ဇေး နာဗာလ်နီ

ရုရှားနိုင်ငံရေးသမားနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားသူ

အလက်‌ဇေး အာနာတိုလီဗစ်ရှ် နာဗာလ်နီ (အင်္ဂလိပ်: Alexei Anatolievich Navalny[မှတ်စု ၂]၊ ရုရှား: Алексей Анатольевич Навальный, IPA: [ɐlʲɪkˈsʲej ɐnɐˈtolʲjɪvʲɪtɕ nɐˈvalʲnɨj]) သည် ရုရှားလူမျိုး အတိုက်အခံခေါင်းဆောင်၊[၃][၄][၅][၆][၇][၈] ရှေ့နေနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသမားတစ်ဦးဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၊ သူ၏အစိုးရနှင့် ရုရှားပြည်တွင်းအဂတိလိုက်စားမှုတို့ကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများပြုလုပ်ရာမှ လူသိများလာခဲ့သည်။ "The Wall Street Journal" မှ "ပူတင်၏ အကြောက်ရဆုံးသော လူသား" (The man Putin fears the most) ဟူ၍ပင် မှတ်တမ်းအတင်ခံရသူဖြစ်သည်။[၉] ပူတင်သည်သူ့အား နာမည်တိုက်ရိုက်မခေါ်ဆိုဘဲ သွယ်ဝိုက်၍သာခေါ်ဆိုလေ့ရှိခဲ့သည်။[၁၀] နာဗာလ်နီသည်ယခင်က ရုရှားအတိုက်အခံပူပေါင်းဆောင်ရွက်မှုကောင်စီ (Russian Opposition Coordination Council) ၏အဖွဲ့ဝင်ဖြစ်ခဲ့သည်။ အနာဂတ်၏ရုရှားပါတီ (Russia of the Future) ၏ ခေါင်းဆောင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖောင်ဒေးရှင်း (Anti-Corruption Foundation (FBK)) ကိုထည်ထောင်ခဲ့သူလည်းဖြစ်သည်။[၁၁]

အလက်ဇေး နာဗာလ်နီ
Alexei Navalny
Алексей Навальный
အလက်ဇေး နာဗာလ်နီ (၂၀၁၁)
အနာဂတ်၏ရုရှားပါတီ[မှတ်စု ၁]၏ခေါင်းဆောင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၇ နိုဝင်ဘာ ၂၀၁၃
ယခင်လူနေရာစတင်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖောင်ဒေရှင်း
တည်ထောင်သူ
တာဝန်သက်တမ်း
၉ စက်တင်ဘာ ၂၀၁၁ – ဇူလိုင် ၂၀၂၀
ကိုယ်ရေး အချက်အလက်များ
မွေးဖွားAlexei Anatolievich Navalny
၄ ဇွန် ၁၉၇၆
Butyn၊ Odintsovsky District၊ Moscow Oblast၊ Russian SFSR၊ ဆိုဗီယက်ပြည်ထောင်စု (ယခု ရုရှားနိုင်ငံ)[၁]
လူမျိုးရုရှား
နိုင်ငံရေးပါတီအနာဂတ်၏ရုရှားပါတီ (၂၀၁၈)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
  • Progress Party (၂၀၁၃–၂၀၁၈)
  • Yabloko (၂၀၀၀–၂၀၀၇)
ကြင်ဖော်(များ)ယူလီယာ နာဗာနာယာ (၂၀၀၀)
သားသမီး၂ ဦး[၂]
နေထိုင်ရာမော်စကိုမြို့
ပညာရေး
  • Peoples' Friendship University of Russia
  • Finance University under the Government of the Russian Federation
  • ယေးတက္ကသိုလ် (ဘွဲ့သင်တန်းမဟုတ်)
အလုပ်အကိုင်ရှေ့နေနိုင်ငံရေးသမား၊ လှုပ်ရှားသူ၊ ဘလော့ဂါ
ကျော်ကြားမှု
  • အနာဂတ်၏ရုရှားပါတီ၏ခေါင်းဆောင်
  • အဂတိလိုက်စားမှုတိုက်ဖျက်သူ
ဆုတံဆိပ်များYale World Fellow (၂၀၁၀)
လက်မှတ်
ဝက်ဘ်ဆိုဒ်Navalny.com
တမ်းပလိတ်:Infobox YouTube personality

နာဗာလ်နီသည် ယူကျုဘ်ပေါ်၌ subscriber ပေါင်း ၆ သန်းကျော်နှင့် တွစ်တာ၌ follower ပေါင်း ၂ သန်းကျော်ရှိသည်။[၁၂][၁၃] ထိုလူမှုကွန်ယက်များ၌သူသည် ရုရှားအစိုးရ၏ အဂတိလိုက်စားမှုများကို ဖော်ပြလျက်ရှိပြီး ထိုအစိုးရအားဆန့်ကျင်သည့် ဆန္ဒပြပွဲများကိုလည်း စီစဉ်လျက်ရှိသည်။ ၂၀၁၁ ခုနှစ် ရေဒီယိုအင်တာဗျူးတစ်ခုတွင်သူသည် ရုရှားအစိုးရ၏ပါတီဖြစ်သော စည်းလုံးသည့်ရုရှားပါတီ (United Russia) ကို "လူမိုက်နှင့်သူခိုးများပါတီ" ဟူ၍ဝေဖန်ခဲ့သည်။[၁၄] နာဗာလ်နီနှင့် FBK အဖွဲ့သည် ရုရှားအုပ်ချုပ်သူများ၏ အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးခဲ့သည်။ ၂၀၁၇ ခုနှစ် မတ်လတွင် နာဗာလ်နီသည် He Is Not Dimon to You ဟူသောမှတ်တမ်းရုပ်ရှင်ကို ထုတ်လုပ်ခဲ့၍ သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) အားအဂတိလိုက်စားမှုဖြင့်စွပ်စွဲခဲ့ရာ နိုင်ငံအနှံ့ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။[၁၅]

၂၀၁၃ ခုနှစ် ဇူလိုင်လတွင်နာဗာလ်နီသည် ငွေလိမ်မှုဖြင့် နိုင်ငံရေးလုပ်ငန်းများပြုလုပ်ခြင်းမှ ရပ်ဆိုင်းခြင်းခံခဲ့ရသည်။[၁၆][၁၇] သို့သော် ၂၀၁၃ ခုနှစ် မော်စကိုမြို့၏မြို့တော်ဝန်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ထိုရွေးကောက်ပွဲတွင် မဲအရေအတွက်၏ ၂၇ ရာခိုင်နှုန်းကိုရရှိခဲ့သည်။[၁၈] ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင်လည်း နောက်ထပ်တစ်ကြိမ် ရပ်ဆိုင်းခြင်းခံခဲ့ရသည်။ ထိုသို့ရပ်ဆိုင်းခြင်းများသည် သူအားနိုင်ငံရေးလောက၌မရှိစေလိုသောကြောင့် ပြုလုပ်ရသည်ဟူ၍ယုံကြည်ကြသည်။[၁၉][၂၀] ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် နာဗာလ်နီသည် ၂၀၁၈ ခုနှစ် သမ္မတရွေး‌ကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်လိုခဲ့သည်။ သို့သော် ဗဟိုရွေးကောက်ပွဲကော်မရှင် (Central Electoral Commission (CEC)) သည် သူ့အားပိတ်ပင်တားမြစ်ခဲ့သည်။[၁၉][၂၁][၂၂] ၂၀၁၇ ခုနှစ်တွင် ထိုကော်မရှင်သည် နာဗာလ်နီအား ၂၀၂၈ ခုနှစ်‌ရောက်မှသာလျှင် ရွေးကောက်ပွဲတွင် ပါဝင်နိုင်မည်ဟုဆိုခဲ့သည်။[၂၃] ၂၀၁၈ ခုနှစ်တွင်သူသည် "Smart Voting" ဟူသောမဲပေးသည့်နည်းစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ထိုစနစ်သည် ရုရှားအစိုးရပါတီကို ဆန့်ကျင်သည့်သူများ၏ မဲများကိုပေါင်းစည်းစေခဲ့သည်။[၂၄][၂၅][၂၆]

၂၀၂၀ ခုနှစ် ဩဂုတ်လတွင် နာဗာလ်နီသည် Novichok ဟူသောအဆိပ်ဖြင့် အဆိပ်ခတ်ခံခဲ့ရကာ ဆေးရုံသို့အ‌ရေးပေါ်တက်ရောက်ခဲ့ရသည်။[၂၇] ထို့နောက်ဘာလင်မြို့ရှိဆေးရုံသို့ ရွှေ့ပြောင်းခဲ့ရပြီး တစ်လကြာမျှကုသမှုခံယူခဲ့ရသည်။[၂၈] နာဗာလ်နီသည်ပူတင်အား မိမိကိုအဆိပ်ခတ်၍ သတ်စေလိုခဲ့သည်ဟု စွပ်စွဲခဲ့သည့်အပြင် လေ့လာစုံစမ်းချက်များအရ Federal Security Service (FSB) မှ သူ့အားအဆိပ်ခတ်ခဲ့သည်ဟူ၍ဆိုခဲ့ကြသည်။[၂၉][၃၀][၃၁] အမေရိကန်၊ အင်္ဂလန်နှင့် ဥရောပနိုင်ငံများသည် ထိုကိစ္စနှင့်ပက်သက်၍ ရုရှားအထက်လူကြီးများအား အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့ကြသည်။[၃၂][၃၃][၃၄][၃၅]

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် ရုရှားနိုင်ငံသို့ပြန်လာခဲ့ရာ သူ့အားရဲတပ်ဖွဲ့မှ ချက်ချင်းဖမ်းဆီး‌ခေါ်ဆောင်သွားခဲ့သည်။[၃၆][၃၇] ထိုသို့အဖမ်းခံရပြီးနောက် ပူတင်၏ အဂတိလိုက်စားမှုများကို ဖော်ကျူးထားသော "ပူတင်၏နန်းတော်" (Putin's palace) ဟူသည့်မှတ်တမ်းရုပ်ရှင်ထွက်ပေါ်လာခဲ့ရာ နိုင်ငံအနှံ့ဆန္ဒပြမှုများဖြစ်ပေါ်လာခဲ့သည်။[၃၈] ဖေဖော်ဝါရီလ ၂ ရက်တွင် သူ့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ခွဲ့ခန့် ချမှတ်ခဲ့သည်။[၃၉][၄၀][၄၁] ဥရောပလူ့အခွင့်အရေးတရားရုံး (European Court of Human Rights (ECHR)) သည်သူ့အားပြန်လည်လွှတ်ပေးရန်တောင်းဆိုခဲ့သည်။[၄၂]

ရှင်းပြချက်မှတ်စုများ ပြင်ဆင်ရန်

  1. ယခင်က People's Alliance (၂၀၁၂–၂၀၁၄) နှင့် Progress Party (၂၀၁၄–၂၀၁၈) ဟူ၍ဖြစ်ကြသည်။
  2. တစ်ခါတစ်ရံ Alexey၊ Aleksei သို့မဟုတ် Aleksey ဟူ၍ရေးတတ်သည်။

ကိုးကားချက်များ ပြင်ဆင်ရန်

  1. Aden၊ Mareike (5 September 2013)။ Alexej Nawalny: Der dunkle Star (in de)။ 26 October 2020 တွင် ပြန်စစ်ပြီး။
  2. биография – Алексей Навальный: Кто такой Алексей Навальный (in ru)။ 20 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 May 2021 တွင် ပြန်စစ်ပြီး။
  3. Roth၊ Andrew။ "Alexei Navalny says health has sharply deteriorated in jail"၊ The Guardian၊ 2021-03-24။ 
  4. Isachenkov၊ Vladimir (2021-03-15)။ Russia opposition leader Navalny describes prison conditions။ 2021-03-25 တွင် ပြန်စစ်ပြီး။
  5. Troianovski၊ Anton။ "Russian Activist Navalny Sentenced to More Than 2 Years in Prison"၊ The New York Times၊ 2021-02-02။ 
  6. "Alexei Navalny: Russia's vociferous Putin critic"၊ BBC News၊ 2021-03-01။ 
  7. Gel'man, Vladimir (2015-02-07). "Political Opposition in Russia: A Troubled Transformation". Europe-Asia Studies 67 (2): 184. Routledge. doi:10.1080/09668136.2014.1001577. ISSN 0966-8136. 
  8. Myagkov, Mikhail (2018-10-02). "Activity of non-parliamentary opposition communities in social networks in the context of the Russian 2016 parliamentary election". East European Politics 34 (4): 483–502. doi:10.1080/21599165.2018.1532411. ISSN 2159-9165. 
  9. Kaminski၊ Matthew။ "The Man Vladimir Putin Fears Most"၊ 3 March 2012။ 
  10. Walker၊ Shaun။ "'This gentleman': Alexei Navalny, the name Putin dares not speak"၊ 2020-09-03။ 
  11. Englund၊ Will။ "Russian blogger Alexei Navalny in spotlight after arrest"၊ 6 December 2011။ 
  12. Kim၊ Lucian။ "Banned From Election, Putin Foe Navalny Pursues Politics By Other Means"၊ NPR၊ 8 February 2018။ 
  13. Sebastian၊ Clare။ "Alexey Navalny and Russia's YouTube insurgency"၊ CNN၊ 12 June 2017။ 
  14. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named G105
  15. Navalny's Anti-Corruption Fund Accuses Medvedev of Secret Massive Estate။ Foreign Policy (2 March 2017)။ 27 March 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2017 တွင် ပြန်စစ်ပြီး။
  16. "Outspoken Putin critic Alexei Navalny hit with prison sentence"၊ CNN၊ 19 July 2013။ 
  17. "Kremlin critic Alexei Navalny given suspended sentence and brother jailed"၊ The Guardian၊ 2014-12-30။ 
  18. Englund၊ Will။ "Kremlin critic Alexei Navalny has strong showing in Moscow mayoral race, despite loss"၊ The Washington Post၊ 9 September 2013။ 
  19. ၁၉.၀ ၁၉.၁ Russia။ Freedom House (29 January 2019)။ 16 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 May 2021 တွင် ပြန်စစ်ပြီး။ “His most potent rival, Aleksey Navalny, had been disqualified before the campaign began because of his prior criminal conviction, seen as politically motivated. The presidential election was described by the Organization for Security and Co-operation in Europe (OSCE) has having "a lack of genuine competition".”
  20. "Aleksei Navalny, Viable Putin Rival, Is Barred From a Presidential Run"၊ The New York Times၊ 8 February 2017။ 
  21. Russian Supreme Court Rejects Navalny Appeal On Presidential Election Ban။ RadioFreeEurope/RadioLiberty။ 8 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2018 တွင် ပြန်စစ်ပြီး။
  22. "Kremlin queries legality of boycott call"၊ BBC News၊ 26 December 2017။ 
  23. "Kremlin foe Navalny can run for president 'after 2028'"၊ France24၊ 17 October 2017။ 
  24. "Russia's regional elections pose serious test for pro-Kremlin party"၊ CNN 
  25. "With 'Smart Voting,' Russian Opposition Takes Aim At Putin's Party" (in en)၊ RadioFreeEurope/RadioLiberty 
  26. Навальный запустил проект "Умное голосование". Он должен объединить оппозицию, чтобы победить "Единую Россию" в регионах။ 8 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 May 2021 တွင် ပြန်စစ်ပြီး။
  27. "Russian opposition leader Alexei Navalny 'poisoned'"၊ BBC News၊ 20 August 2020။ 
  28. "Navalny Taken Off Ventilator as Novichok Recovery Continues – German Hospital"၊ 14 September 2020။ 
  29. Alexei Navalny: Report names 'Russian agents' in poisoning case (2020-12-14)။ 14 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 December 2020 တွင် ပြန်စစ်ပြီး။
  30. "Navalny Says Russian Agent Confessed to Plot to Poison Him"၊ The New York Times၊ 21 December 2020။ "The call Mr. Navalny released Monday added to the trove of evidence suggesting that the agency had organized — and botched — an assassination attempt against [him]" 
  31. Alexei Navalny blames Vladimir Putin for poisoning him (1 October 2020)။ 3 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 October 2020 တွင် ပြန်စစ်ပြီး။
  32. Chappell၊ Bill (2020-10-15)။ EU Sanctions Russian Officials Over Navalny Poisoning, Citing Chemical Weapons Use။ 2020-10-20 တွင် ပြန်စစ်ပြီး။
  33. "Navalny Novichok poisoning: EU sanctions hit top Russians"၊ BBC News၊ 2020-10-15။ 
  34. "EU, Britain sanction Russian officials over Navalny poisoning"၊ Reuters၊ 2020-10-15။ 
  35. U.S., EU Sanction Russia Over Navalny Poisoning (2 March 2021)။
  36. Russia Navalny: Poisoned opposition leader held after flying home (in en)။ BBC News (2021-01-17)။ 2021-01-17 တွင် ပြန်စစ်ပြီး။
  37. Alexei Navalny ordered to be detained on return to Russia, say officials (14 January 2021)။
  38. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named tmt-putin's-palace
  39. In Responding to Navalny's Prison Sentence, the West Has Limited Options (2021-02-02)။ 2021-02-11 တွင် ပြန်စစ်ပြီး။
  40. Palasciano၊ Andrea (2021-02-02)။ As It's Happening: Navalny Sentenced to 2.5 Years in Penal Colony။ 2021-02-02 တွင် ပြန်စစ်ပြီး။
  41. "Putin critic Navalny jailed in Russia despite protests" (in en-GB)၊ BBC News၊ 2021-02-02။ 
  42. "'Release' Alexei Navalny, European Court of Human Rights tells Russia" (in en)၊ Deutsche Welle၊ 2021-02-17။ 

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်